တောင်သူကြီးများပွဲတော် စိုက်ပျိုးမွေးမြူရေး စက်မှုပြပွဲ

05/12/2019 14:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အထက်မြန်မာပြည် စစ်ကိုင်းဒေသရှိ  တောင်သူဦးကြီးများ စက်မှုလယ်ယာဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်၍ "Monywa Farms Fantastic Expo တောင်သူကြီးများပွဲတော် စိုက်ပျိုးမွေးမြူရေး စက်မှုပြပွဲ ၂၀၁၉" ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ  စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါပြပွဲကို Fokus Marketing Group(FMG) မှ ကြီးမှူးကျင်းပ၍ မုံရွာမြို့စက်မှုလယ်ယာ တိုင်းဒေသကြီး ဦးစီးမှူး၊ မုံရွာလယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးရေးဘဏ် ဥက္ကဌ၊ မုံရွာ ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ များမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါမည် ဖြစ်ပါသည်။

ပြပွဲတွင် လယ်ယာသုံးစက်ကိရိယာမျိုးစုံနှင့် လယ်ယာသုံး ဆက်စပ်ပစ္စည်းများကို အရစ်ကျစနစ်ဖြင့် ဘဏ်နှင့်ချိတ်ဆက်ကာ ဝယ်ယူနိုင်သလို ပြပွဲရက်အတွင်း အထူးလျော့ဈေးနှုန်းများဖြင့်  ရောင်းချပေးသွားပါမည် ဖြစ်ပါသည်။

ပြပွဲတွင် လယ်ယာသုံးစက်ကိရိယာမျိုးစုံနှင့် လယ်ယာသုံး ဆက်စပ်ပစ္စည်းများစွာကို ခင်းကျင်းပြသပေးသွားမည် ဖြစ်သည့်အတွက် စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်လေ့လာကြည့်ရှု့နိုင်ပါကြောင်း လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်လိုက်ရပါသည်။





Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်