စိုက်ပျိုးရေး ဓာတုဆေးဝါးများ၊ ဓာတ်မြေသြဇာနှင့် စက်ပစ္စည်းများဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲနှင့် ဟောပြောပွဲ အခမ်းအနား

01/11/2019 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေး ဓာတုဆေးဝါးများ၊ ဓာတ်မြေသြဇာနှင့် စက်ပစ္စည်းများဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲနှင့် ဟောပြောပွဲ အခမ်းအနား

နေ့ရက် -  ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၊ ၆ ရက် ~ ၇ ရက်နေ့အထိ (ဝင်ကြေးအခမဲ့)

နေရာ  -  ရို့စ်ဂါးဒင်းဟိုတယ်၊ အထက်ပန်းဆိုးတန်းလမ်း၊ ရန်ကုန်၊ မြန်မာ။

    Agro & AgroChemEx Myanmar 2019 ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၊ ၆ ရက် မှ ၇ ရက်နေ့အထိ ရန်ကုန်မြို့၊ ရို့စ်ဂါးဒင်းဟိုတယ်တွင် ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ၊ စိုက်ပျိုးရေးဓာတုဆေးနှင့် စိုက်ပျိုးရေးသုံး စက်ပစ္စည်းကိရိယာ ထိပ်တန်းကုမ္ပဏီ (၅၀) နှင့်အတူ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

    Agro & AgroChemEx Myanmar 2019 သည် ဆဌမအကြိမ်မြောက် နိုင်ငံတကာမှ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုထုတ်ကုန် ကုန်စည်ပြပွဲနှင့် ဟောပြောပွဲအခမ်းအနားနှင့် ဆယ့်နှစ်ကြိမ်မြောက် နိုင်ငံတကာမှ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုထုတ်ကုန် ကုန်စည်ပြပွဲ နှင့် အာရှကောက်ပဲသီးနှံ ကာကွယ်စောင့်ရှောက်ရေးဖိုရမ်ဖြစ်ပြီး အဆိုပါပြပွဲကို တရုတ်ကောက်ပဲသီးနှံ ကာကွယ်စောင့်ရှောက်ရေး စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (CCPIA)၊ တရုတ်စိုက်ပျိုးရေးဆိုင်ရာ စက်ပစ္စည်းဖြန့်ဖြူးရေးအသင်း (CAMDA)၊ တရုတ်အမျိုးသား ဓာတုသတင်းအချက်အလက် စင်တာ (CNCIC) နှင့် Minh Vi Exhibition & Advertisement Services Co., Ltd (VEAS) တို့မှ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။

   ပြပွဲတွင် နိုင်ငံတကာမှ ကုမ္ပဏီပေါင်း (၅၀) နှင့် ကမ္ဘာအနှံ့မှ ဧည့်သည်ပေါင်း (၁,၃၀၀) ကျော် တက်ရောက်ဖို့ရန်လည်း ဖိတ်ကြားထားပါသည်။ ပြပွဲအတွင်း ဓာတုပိုးသတ်ဆေး နှင့် အလယ်အလတ်များ၊ စိုက်ပျိုးရေးဓာတု ပစ္စည်း ထုတ်လုပ်ခြင်း နှင့် ပြုပြင်ခြင်းနည်းပညာများ၊ ဓာတုဓာတ်မြေသြဇာများ၊ အထူး ဓာတ်မြေသြဇာများ၊ သီးနှံကာကွယ်ခြင်းနှင့် ဇီဝနည်းပညာများ၊ အပင်ကြီးထွားမှု နည်းပညာများ၊ အာဟာရ၊ ဓာတ်မြေသြဇာ၊ စိုက်ပျိုးရေး စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းများ၊ စပါးရိတ်သိမ်းစက်များ၊ ထုပ်ပိုးစက်များ စသည့် စိုက်ပျိုးရေးနယ်ပယ်အားလုံးနှင့် သက်ဆိုင်သော အရည်အသွေးမြင့် ထုတ်ကုန်များ နှင့် နောက်ဆုံးပေါ် နည်းပညာဆိုင်ရာ ဖြေရှင်းနည်းများကို စူးစမ်းလေ့လာရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။

     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ထိပ်တန်းပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံ၏ ဒေသဆိုင်ရာ စက်မှုဈေးကွက်နှင့်ပတ်သက်၍ နောက်ဆုံးသတင်းများကို တင်ပြသွားမည်ဖြစ်ပြီး ထူးခြားသည့် ခေါင်းစဉ်များမှာ “ ပိုးသတ်ဆေးထုတ်ကုန်များ မှတ်ပုံတင်ခြင်းဆိုင်ရာ လက်ရှိအခြေအနေ”၊  “မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးစက်ပစ္စည်း ဈေးကွက်” ၊ “ မြေအသုံးချဌာနခွဲ (ဓာတ်ခွဲ) ၏ လှုပ်ရှားမှုများ” ပါဝင်ပါသည်။

     Agro & AgroChemEx Myanmar 2019 ၏ နှစ်ရက်တာ ကျင်းပမည့်ပြပွဲတွင် ပြသသူများနှင့် တင်သွင်းသူများ၊ ဖြန့်ဖြူးသူများ၊ ကုန်သည်များအကြား စီးပွားရေးဆွေးနွေးဖလှယ်နိုင်ရန်၊ မျှော်မှန်းထားသော ဖောက်သည်များနှင့် စီးပွားရေးမိတ်ဖက်များကို တွေ့ဆုံစေနိုင်ရန် (B2B) စီးပွားရေးဆွေးနွေးဖလှယ်မှု အစီအစဉ်ကိုလည်း ပြပွဲစီစဉ်သူမှ စီစဉ်ပေးထားတာဖြစ်လို့ စိတ်ပါဝင်စားသူ မည်သူမဆို ဝင်ရောက်လေ့လာနိုင်ပါကြောင်း ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

           


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်