မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ နိုင်ငံတကာကုန်စည်ပြပွဲ ကျင်းပသွားမည်
(၆)ကြိမ်မြောက်မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ နိုင်ငံတကာကုန်စည်ပြပွဲကို စက်တင်ဘာလ (၂၆) ရက်နေ့မှ (၂၈)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ စိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့ ပြည်ပနိုင်ငံများနဲ့ ချိတ်ဆက်စေနိုင်ဖို့အတွက် ကျင်းပတာဖြစ်တယ်လို့ ပွဲစီစဉ်သူ ဦးဘုန်းမြတ်ကပြောပါတယ်။
“ စိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့ ပြည်တွင်းကလုပ်ငန်းရှင်များနဲ့ ပြည်ပကလုပ်ငန်းရှင်များချိတ်ဆက် စေနိုင်ဖို့အတွက် (၆)ကြိမ်မြောက်ကျင်းပပြုလုပ်ရတာဖြစ်ပါတယ်။ အီတလီ ၊ဂျပန် ၊ တူရကီ ၊ ကိုရီးယား ၊ မလေးရှားတရုတ်စတဲ့ နိုင်ငံတွေကလည်း ပြသသွားမှာပါ” အဆိုပါကုန်စည်ပြပွဲကို ရို့စ်ဂါးဒင်းဟိုတယ်မှာ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ ပြုလုပ်ကျင်းပသွား မှာဖြစ်ကြောင်း သိရပါတယ်။
(၆)ကြိမ်မြောက်မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ နိုင်ငံတကာကုန်စည်ပြပွဲမှာ စိုက်ပျိုးရေးပညာရှင်များနဲ့ စက်မှုလုပ်ငန်းကျွမ်းကျင်သူများမှ မြန်မာ့စိုက်ပျိုးရေးနဲ့ပတ်သတ်တဲ့ စက်မှုလုပ်ငန်းများနဲ့နည်း ပညာများအကြောင်းကို တိုက်ရိုက်ဆွေးနွေးပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။
ယမင်းအေး(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more