ထူးခြားသော ဆေးဖက်ဝင်အာနိသင် ဆီးဖြူသီးပင်

23/01/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆီးဖြူသီးမှာ ဗီတာမင်စီဓာတ်၊ သံဓာတ်၊ ထုံးဓာတ်၊ ဖော့စဖောရပ်ဓာတ်နှင့် ပက်တင်ဓာတ်များ ကြွယ်ဝစွာပါဝင် ကာ ပန်းသီးထက်ပရိုတိန်းဓာတ်ပါဝင်မှု သုံးဆနှင့် အက်စ်ကောဘစ်အက်ဆစ်(ဗီတာမင်စီ ဓာတ်) ပါဝင်မှုတွင် ပန်းသီးထက် အဆ ၁၆၀ ပါဝင်သည်ဟု ဖော်ပြကြပါတယ်။ တခြားသတ္ထုဓာတ်များနှင့် အမိုင်နိုအက် ဆစ်ဓာတ်များ ပါဝင်မှုမှာလည်း ပန်းသီးထက်များသည်ဟု ဆိုကြပါတယ်။ အသီးအလေးချိန် ၁၀၀ ဂရမ်တွင် ပါဝင်သည့် အာဟာရ ဓာတ်များမှာ ရေ ၈၁.၂ ရာခိုင်နှုန်း၊ ပရိုတိန်းဓာတ် ၀.၅ ရာခိုင်နှုန်း၊ အဆီ ၀.၁ ရာခိုင်နှုန်း၊ ကာဘိုဟိုက်ဒရိတ် ၁၄ ရာခိုင်နှုန်း၊ ထုံးဓာတ် ၀.၀၅ ရာခိုင် နှုန်း၊ ဖော့စပဖောရပ်ဓာတ် ၀.၀၂ ရာခိုင်နှုန်း၊ သံဓာတ် ၁.၂ ရာခိုင်နှုန်း၊ ဗီတာမင်ဘီ ၁၃၀ မီလီဂရမ်၊ ဗီတာမင် စီ ၆၀၀ မှ ၈၀၀ မီလီဂရမ်၊ နီကိုတင်းနစ် အက်ဆစ် ၀.၃ မီလီဂရမ်၊ ကယ်လိုရီ ၅၉ တို့ ပါဝင်သောကြောင့် ဆီးဖြူသီး၏ အသီး၊ အစေ့၊ အခေါက်၊ အပွင့်နှင့် အမြစ်အားလုံးကို တိုင်းရင်းဆေးဝါးများတွင် အသုံးပြုနိုင်ကြသည်။

အသီးမှာ ချဉ်၊ ဖန်ဓာတ်ရှိပြီး ဆီးရွှင်ဆေး၊ ဝမ်းနှုတ်ဆေးအဖြစ် အသုံးပြုကြသကဲ့သို့ သွေးသန့်ဆေးအဖြစ်လည်း သုံးကြပါသည်။ အသည်းကြီးရောဂါ၊ အသည်းနှင့် ဆိုင်သည့်ရော ဂါများကို ကုသရာတွင် အသုံးဝင်သကဲ့သို့ ခေါင်းကိုက်ရောဂါနှင့် ဝမ်းချုပ်ရောဂါများကိုလည်း ကုသနိုင် ပါသည်။ ဆီးဖြူသီးစားသုံးပေးခြင်းဖြင့် အမောခံနိုင်ပြီး အသားအရေကိုလည်း ကြည်လင်စေပါသည်။ ဆီးဖြူသီး သည်  ဆံပင်ကောင်းစေကာ ဦးရေကိုအေးမြစေပြီး ဆံပင်ပါးခြင်း၊ ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်သကဲ့သို့ သန်းနှင့် ဘောက်များကိုလည်း ပျောက်ကင်းစေနိုင်သောကြောင့် အသီးကိုခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီများ ဖော်စပ်ရာတွင် အသုံးပြုကြသည်။

ဆံပင်ပါးခြင်း၊  ကျွတ်ခြင်း၊ ဖြူခြင်းတို့ကို ကာကွယ်နိုင်သည်။ ဒါ့အပြင် ဆီးဖြူရွက်ကိုရှူပါက ခေါင်းမူးသက်သာ စေနိုင်သကဲ့သို့ အခေါက်သည် သွေးအားကောင်းစေနိုင်ပါသည်။ ဆီးချိုရောဂါအတွက်ကောင်းပြီး မျိုးအောင်ရန် အတွက်လည်း အထောက်အကူပြုပါသည်။ ဓာတ်တိုးဆန့်ကျင်သတ္တိ ရှိသောကြောင့် အသည်းရောဂါများ ကာကွယ် ကုသရာတွင်လည်း အသုံးပြုနိုင်ကြောင်းသိရပါသည်။ တြိဖလခေါ်သော ဆီးဖြူသီး၊ ဖန်ခါးသီးနဲ့ ကြစုသီးသုံးမျိုးကို ရောဖော်ထားသော မြန်မာတိုင်းရင်းဆေးမှာလည်း နာမည်ကြီးဆေးဖြစ်ပါသည်။

အရွယ်ကို နုပျိုစေနိုင်၍ အူရောင်မှု၊ ဝမ်းသွားမှု၊ ဝမ်းချုပ်မှုများကို ကာကွယ် နိုင်ပါသည်။ အသီးကို အစေ့ထုတ်ကာ အခြောက်လှမ်း၍ ဈေးကွက်သို့ တင်ပို့ရောင်းချကြကြောင်း တွေ့ရသည်။ အမြစ်နှင့် အရွက်ကို သွားကိုက်ပျောက် ဆေးအဖြစ် သုံးနိုင်ပါသည်။ အခေါက်ကိုဆိုးဆေး အဖြစ်လည်း သုံးနိုင်ပါကြောင်းတွေ့ရပါသည်။

ဆောင်းနှင်းဖြူ (ဒို့ကျေးရွာဂျာနယ်မှ ကောက်နှုတ်ဖော်ပြပါသည်။)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်