အစိမ်းရောင်လမ်း
အပင်ပန်းပွင့်ရုံဖြင့် တစ်နှစ်စာ အသီးကြိုရောင်းနိုင်သည့် ဂွေးချိုပင် စိတ်ပါဝင်စားသူများပြား

အပင်ပန်းပွင့်ရုံဖြင့် တစ်နှစ်စာ အသီးကြိုရောင်းနိုင်သည့် ဂွေးချိုပင် စိတ်ပါဝင်စားသူများပြား

    အပင်ပေါ်၌ ပန်းပွင့်ရုံမျှဖြင့် တစ်နှစ်စာအတွက် ထွက်ရှိလာမည့်အသီးများကို ကြိုတင်ရောင်းချထားနိုင်သည့် ဂွေးချိုပင်စိုက်ပျိုးရေးကို စိတ်ပါဝင်စားသူ များပြားလာကြောင်း တောင်သူများထံမှ သိရသည်။

ဈေးကွက်အနေနဲ့က ပြည်တွင်းမှာ မလုံလောက်ဘူး။ ဈေးကွက်လိုလားမှုများပြားတော့ အပင်မှာပန်းပွင့်တာနဲ့ တစ်နှစ်စာအသီးကိုပါ ကြိုရောင်းထားလို့ ရပါတယ်ခင်ဗျ။ ဝယ်လက်တွေက အသီးကို သူတို့ဘာသာ ကိုယ်တိုင်လာခူးဆွတ်ပြီး သူတို့ဘာသာပဲ သယ်ယူသွားတာပါ။ ကိုယ်က ဘာမှလုပ်ပေးစရာကိုမလိုဘူး။

ဟု ဂွေးချိုပင် စီးပွားဖြစ်စိုက်ပျိုးနေသူ ဦးမောင်မောင်ဦး က ပြောသည်။

    ဂွေးချိုပင်သည် အနှစ်(၃၀)ဝန်းကျင်အထိ သက်တမ်းရှည်သည့် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး၊ အပင်သက် (၃)နှစ်တွင် အသီးစတင်၍ အပင်သက်တမ်း (၅)နှစ်သားတွင် နေ့စဉ်ဝင်ငွေ (၅၀,၀၀၀)ကျပ်မှ (၁၀၀,၀၀၀)ကျပ် အတွင်းအထိ ရရှိနိုင်ကြောင်း သိရသည်။

ကျွန်တော်က ပထမ (၂) နှစ်ကို ငှက်ပျောပင်နဲ့ တွဲစိုက်တယ်။ (၂)နှစ်ပြည့်တဲ့အခါမှာ ငှက်ပျောကို ခုတ်လိုက်တယ်။ (၃) နှစ်မှာတော့ အသီးစသီးတဲ့နှစ်ဆိုတော့ သက်တမ်းတိုပြီး အပင်ပုတဲ့မျိုးတွေကို ကြားညှပ်စိုက်ပါတယ်။ စောင်းလျားပင် ကြားညှပ်စိုက်တယ်။ ရဲယိုပင်တွေ ကြားညှပ်စိုက်တယ်။ သံပုရာပင်လည်း ကြားညှပ်စိုက်လို့ရတယ်။ ဂွေးချိုမျိုးက အပင်ကြီးမျိုးဖြစ်တဲ့အတွက် အပင်နိမ့်ပြီးတော့ ကြားညှပ်စိုက်လို့ရတဲ့ အပင်တွေကို ပင်ကြားတန်းကြား (၂၅) ပေပတ်လည် ကြားထဲမှာ စိုက်သွားလို့ရပါတယ်။

ဟု ၎င်းက ဆက်ပြောသည်။

    လက်ရှိဈေးကွက်တွင်း ဂွေးချိုသီး နှစ်တင်းခွဲဝင်တစ်အိတ်လျှင် ပေါက်ဈေး (၁၃,၀၀၀)ကျပ်မှ (၂၀,၀၀၀) ကျပ်အတွင်း ပေါက်ဈေးရှိနေသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

မြေပဲရက်၄၀သါးမှာ ဂျစ်ပဆန် မြေသြဇာမှုန့်ပက်ချင်လို့ ပက်တဲ့အခါရွက်ပေါ်တင်ရင် လောင်နိုင်လားခင်ဗျ တဧက ဘယ်နှစ်kgသုံးပေးရမလဲ။

Messi • ဖြေကြားချက် 1 ခု

မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး

မောပ်တိုးတတ် • ဖြေကြားချက် 1 ခု

ကျနော်မြေဩဇာပစ္စည်း အပင်စိုက်ပျိုးရေးအတွက်လိုအပ်တဲ့ပစ္စည်းတေရောင်ူပါတယ်။ နွားချေးမြေဩဇာကို ပုံမှန် အခြောက် ရောင်းပါတယ်။ အသုံးပြုသူ customers တွေ ပိုပြိးထိထိရောက်ရောက်တစ်ခါတည်းအသုံးပြုလို့ရအောင်နွားချေးမြေဩဇာကို အဆွေးခံပြီး စီးပွားရေးဖြစ်ရောင်းလိုသောကြောင့် ဘယ်လိုပုံစံမျိုး အဆွေးခံပြီး ရောင်းချပါက အသုံးပြုသူတွေအတွက်အဆင်ပြေမည်းနည်း။ ‌နွားချေးဆွေးကိုဘယ်လို ကြာရှည်ခံအောင်ပြုလုပ်ရမည်နည်း။ကျေးဇူးပြု၍အသေးစိတ်လေးဖြေကြားပေးပါဗျ။ ကျေးဇူးတသ်ပါတယ် ခဗျ။

จูเนียร์ ร์ร์ • ဖြေကြားချက် 2 ခု

ဆရာမဂ်လာပါ🙏🙏🙏 ကျနော်ကန်စွန်းပင်လေးတွေ အစိမ်းလိုက်ညိုးနေလို့ပါဆရာ အပင်နုတ်ကြည့်တော့လည်း အမြစ်တွေကောင်းတယ်ဆရာ ဘာကြောင့်ညိုးရပါသလဲဆရာ ဘက်တီးရီးယားကြောင့်ညိုးတာလား မြေဆောင်မိူကြောင့်လားဆရာ ပိုးသက်ဆေးနဲ့အားဆေးတော့တွဲဖျန်းထားပါတယ် ၅ရက်မြောက်ရှိပါပြီ ရေ.၂၀လီတာကို Acetamiprid..5% (20)Cc Aminoacid..40%(20)Cc 15-15-30.......... 4ဇွန်းတွဲဖျန်းထားပါတယ် ဖျန်းပီ၅ရက်မြောက်မှာ ခုလိုပင်ညိုးလေးတွေတွေ့နေရလို့ပါဆရာ ဖြေကြားပေးပါအုံးနော်🙏🙏🙏

WaneBo • ဖြေကြားချက် 2 ခု

နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ

အုန်းကျော် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....