ကျွဲ နွား ကူးစက်ရောဂါကာကွယ်ဆေးများ ပုံမှန်ထိုးနှံရေး နှိုးဆော်ချက်
၁။ ကျွဲနွားများ၌ ခွာနာလျှာနာရောဂါ၊ လည်ချောင်းကွဲ ရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါနှင့် ထောင့်သန်းရောဂါများ အများဆုံး ဖြစ်ပွားလေ့ရှိသဖြင့် ကျွဲနွားများရောဂါကင်းစေရန် ကာကွယ်ဆေးများကို ပုံမှန်ထိုးနှံ ဆောင်ရွက်ရန် လိုအပ် ပါသည်။
၂။ ခွာနာလျှာနာရောဂါကာကွယ်ဆေးများကို ကျွဲ နွား အသက်နှစ်လမှ စတင်ထိုးပေးနိုင်ပြီး ခြောက်လတစ်ကြိမ် ပုံမှန် ထိုးပေးရမည်။
၃။ လည်းချောင်းကွဲရောဂါ ကာကွယ်ဆေးကို ကျွဲ နွား အသက်ခြောက်လမှ စတင်ထိုးပေးနိုင်ပြီး ခြောက်လတစ်ကြိမ် ပုံမှန် ထိုးပေးရမည်။
၄။ ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးကို ကျွဲ နွား အသက်ခြောက်လမှ စတင်ထိုးပေးနိုင်ပြီး ခြောက်လတစ်ကြိမ် ပုံမှန်ထိုးပေးရမည်။
၅။ ထောင့်သန်းရောဂါကာကွယ်ဆေးကို ကျွဲ နွား အသက်ခြောက်လမှ စတင်ထိုးပေးနိုင်ပြီး တစ်နှစ်တစ်ကြိမ် ပုံမှန် ထိုးပေးရမည်။
၆။ ကျွဲ နွားကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံရန် သက်ဆိုင်ရာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ဆက်သွယ်နိုင်ပါသည်။
၇။ ကျွဲ နွားများတွင် အဖြစ်များသော ခွာနာလျှာနာရောဂါ၊ လည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါနှင့် ထောင့်သန်းရောဂါ ကာကွယ်ဆေးများ ပုံမှန်ထိုးပေးခြင်းဖြင့် ကူးစက်ရောဂါကြောင့် သေဆုံးမှုလျော့ကျနိုင်ပြီး ရောဂါ ကင်းစင်၍ ကျန်းမာသန်စွမ်းကာ လယ်ယာလုပ်ငန်းခွင်တွင် ပိုမိုဆောင်ရွက်နိုင်ခြင်း၊ ရောဂါကင်းစင် ကျန်းမာသော ကျွဲနွားများကို တန်ဖိုးမြှင့် ရောင်းဝယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရှိပါသဖြင့် ပုံမှန်ဆောင်ရွက်သွားကြရန် နှိုးဆော်အပ်ပါသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Kyaw Min Htet
လွန်ခဲ့သော ၃ နှစ် ကဆေးအမည်လေးသိချင်ပါတယ်ဆရာ
Aong li
လွန်ခဲ့သော ၃ နှစ် ကဆေးအမည်
မောင်မရစ်နော်အောင်
လွန်ခဲ့သော ၄ နှစ် ကပေါင်ပုပ်လက်ပုပ်ရောဂါသမိုင်းကြေင်းကိုသိချင်ပါတယ်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 1 ခု
မတ်ပဲနဲ့ပဲကီးခင်းထဲတွင် ရွေးချယ်ပေါင်းသတ်ဆေး ဘာဖျန်းရမလဲ သိရင် ပြောပေးပါ ဦးဗျ
Thura Htun • ဖြေကြားချက် 2 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026