ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့

13/09/2019 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   အစိမ်းရောင်ရွှေလို့ တင်စားခေါ်ဝေါ်နေကြတဲ့ ဝါးရဲ့ နှစ်စဉ်ကျင်းပနေကြ အထိမ်းအမှတ်ပွဲကတော့ ရောက်လာပါပြီ။ ပွဲမှာတော့ နှစ်စဉ်နှစ်တိုင်းလိုပဲ ဝါးစိုက်ပျိုးသူတောင်သူတွေ၊ ဝါးလက်မှုပစ္စည်းထုတ်လုပ်ရောင်းချသူတွေ၊ ဝါးလက်မှုလေးတွေကိုချစ်မြတ်နိုးလို့ လာရောက်လေ့လာကြမယ့်သူတွေနဲ့ စည်ကားနေဦးမှာပါ။ 

   ဝါးအထိမ်းအမှတ်ပွဲကို စက်တင်ဘာလ (၁၈) ရက်နေ့မှာ ဝါးပညာရှင်များ၏ ဆွေးနွေးပွဲများ၊ ဝါးလက်မှုပစ္စည်းပြခန်းများနှင့်အတူ ပြုလုပ်ကျင်းပသွားမျာဖြစ်လို့ ဝါးအကြောင်းစိတ်ဝင်စားသူ၊ ဝါးကိုချစ်မြတ်နိုးကြသူများအနေနဲ့ လာရောက်လေ့လာနိုင်ကြဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်။

    • ရက်စွဲ: စက်တင်ဘာ (၁၈) ရက်၊ ဗုဒ္ဓဟူးနေ့

    • အချိန်: နံနက် (၈:၃၀) နာရီမှ ညနေ (၅) နာရီထိ

    • နေရာ: ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ

   အဲ့ပွဲလေးမှတေ့ာ အစိမ်းရောင်လမ်းလည်း ရှိနေမှာပါ။ မေးခွန်းလေးတွေဖြေရင်း လက်ဆောင်လေးတွေယူရအောင်လို့ လာရောက်ကြဖို့ ထပ်မံဖိတ်ခေါ်လိုက်တယ်နော်။