ငါး၊ ပုစွန်တွေ ကျန်းမာသန်စွမ်း ထွက်နှုန်းတိုးစေဖို့ ကူညီမယ့် Red Barn

29/06/2023 15:00 PM တွင် ဗွေဆော်ဦး (Bwe Saw Oo) ဗွေဆော်ဦး (Bwe Saw Oo) မှ ရေးသား

(ကြောငြာဆောင်းပါး)

Red Barn ရဲ့ Aqua ထုတ်ကုန်တွေဆိုတာ..

ကောင်းမွန်စွာပျော်ဝင်ပြီး အကျိုးသက်ရောက်မှုရှိတဲ့ မော်လီကျူးတွေကိုအသုံးပြုထားတယ်။ 

ပြီးတော့ ငါး၊ ပုစွန်တွေ ကျန်းမာသန်စွမ်းပြီး ထွက်နှုန်းတိုးစေတာ သေချာစေဖို့ စမ်းသပ်မှုပေါင်း များစွာလုပ်ပြီးမှ ရွေးချယ်ထည့်သွင်းထားတဲ့ အော်ဂဲနစ်အက်စစ်တွေ အဓိက ပါဝင်ပါတယ်။

ပျော်ဝင်လွယ်ပြီးအကျိုးသက်ရောက်မှုရှိခြင်း (bioavailability) ဆိုတာ ဘာလဲ??

ပျော်ဝင်လွယ်ပြီး လိုအပ်တဲ့နေရာမှာ အပြည့်အဝပြိုကွဲနိုင်တဲ့ Bioavailable မော်လီကျူးတွေက ငါး၊ ပုစွန်တွေကို ကျန်းမာသန်စွမ်း ကြီးထွားစေဖို့ အဓိကစွမ်းဆောင်ပေးတာပါ။ 

Red Barn ရဲ့ ထုတ်ကုန်တွေဟာ ငါး၊ ပုစွန်တွေအနေနဲ့ သန့်စင်တဲ့ Bioavailable ဓာတ်ဆားတွေကို ၁၀၀ ရာခိုင်နှုန်း စုပ်ယူနိုင်ပြီး ကြီးထွားလာအောင် တီထွင်ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ 

ထွက်နှုန်းတိုးစေမယ့် အော်ဂဲနစ်အက်စစ်ကရော?? 

Bioavailable ဓာတ်ဆားတွေတင်မဟုတ်ပါဘူး။ ထွက်နှုန်းတွေအဆများစွာတိုးပွားအောင် ဖန်တီး ပေးနိုင်မယ့် အော်ဂဲနစ်အက်စစ်တွေကိုပါ ထည့်သွင်းပေးထားတာပါ။ ဆိုတော့ အမြတ်ပိုစေမှာတော့ မလွဲဧကန်ပါပဲနော်။ 

ဒါတွေတင်ပဲလားဆိုတော့..

မဟုတ်ပါဘူး။ အောက်ပါအားသာချက်တွေလည်း ကျန်ပါသေးတယ်။

(၁) ပျော်ဝင်လွယ်မှုနဲ့ ကန်အတွင်းမျှခြေရှိဖို့လုပ်ပေးတယ်..။

ဘယ်လိုလဲဆိုတော့ Red Barn ထုတ်ကုန်ရဲ့ ဖော်မြူလာထဲမှာပါတဲ့ ပါဝင်ပစ္စည်းတိုင်းဟာ ငါး၊ ပုစွန် တွေရဲ့ အာဟာရနဲ့ကျန်းမာရေးအတွက်သာမက ကန်ထဲမှာလည်း သူတို့နေသာစေမယ့် ဝန်းကျင်ကောင်း လေးတစ်ခုဖြစ်အောင် ဖန်တီးပေးနိုင်ပါသေးတယ်။

(၂) ရောဂါခုခံအားနဲ့ ကိုယ်တွင်းမျှခြေမြင့်လာစေတယ်..။

 ဒီထုတ်ကုန်တွေဟာ ငါး၊ ပုစွန်တွေရဲ့ ရောဂါခုခံနိုင်အားကိုလည်း တိုးမြှင့်ပေးနိုင်ပါသေးတယ်။ ပြီးတော့ ဒြပ်ဖိုဒြပ်မ ညီမျှတဲ့ မျှခြေတစ်ခုကိုလည်း ဖန်တီးပေးလို့ ငါး၊ ပုစွန်တွေရဲ့ ကိုယ်တွင်း ရေနဲ့ဓာတ်ဆား ညီမျှမှုကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

(၃) သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေရှိမှုရှိတဲ့ နည်းပညာကို သုံးထားတယ်..။

Red Barn ထုတ်ကုန်တွေဟာ သဘာဝပတ်ဝန်းကျင်ကို အကျိုးသက်ရောက်မှုရှိစေတဲ့ စံချိန်စံနှုန်း တွေကို လိုက်နာထုတ်လုပ်ထားတာပါ။ အန္တရာယ်ရှိတဲ့အကြွင်းအကျန်တွေကို ထုတ်လုပ်နေရင်းဖြစ်စေ ထုတ်လုပ်ပြီးဖြစ်စေ မကျန်ရှိခဲ့အောင် ဖန်တီးထားပါတယ်။ ထုတ်ကုန်တွေရဲ့ ဖော်မြူလာတွေကလည်း သေချာစမ်းသပ်ရွေးချယ်ထားတဲ့ ကုန်ကြမ်းတွေကို အထူးသီးသန့် ပြောင်းလဲစေတဲ့ အဆင့်မြင့် နည်းပညာနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Red Barn Group အကြောင်း

 Red Barn Group သည် စီးပွားရေးတွက်ချေကိုက်အထွက်တိုးရေးနှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အဓိကထားသည့် ရေလုပ်ငန်းဆိုင်ရာထုတ်ကုန်များ ဆန်းသစ်တီထွင် ဖန်တီးထုတ်လုပ်သည့် လုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

Red Barn Group ၏ ရေလုပ်ငန်းဆိုင်ရာထုတ်ကုန်များကို အမေရိကန်နိုင်ငံတွင် တီထွင်စမ်းသပ် ဖန်တီးပြီး ထုတ်လုပ်မှုကိုတော့ ထိုင်းနိုင်ငံတွင်လုပ်ပြီးနောက် အာရှနိုင်ငံများသို့ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးခြင်းဖြစ်ပါသည်။

ထုတ်ကုန်များအားလုံးအတွက် အရည်အသွေးကောင်း ကုန်ကြမ်းများကိုသာ အသုံးပြုကာ အမေရိကန် နိုင်ငံ၏ အရည်အသွေးအမြင့်မားဆုံး စံချိန်စံညွှန်းများနှင့်အညီ အဆင့်မြင့် နည်းပညာများဖြင့် ဖန်တီး ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

Red Barn Group ၏ အဆင့်မြင့်စံချိန်မီထုတ်ကုန်များ

  • Aqua Calcium : ၃၅% ကယ်လ်ဆီယမ် + ဗီတာမင်စီ + ဩဂဲနစ် အက်ဆစ်များ
  • Aqua MIX : (၂၁% ကယ်လ်ဆီယမ်၊ ၁၀% မဂ္ဂနီဆီယမ်၊ ၇% ပိုတက်ဆီယမ် + ဗီတာမင်စီ + ဩဂဲနစ် အက်ဆစ်များ

Red Barn ရဲ့ Aqua Product များကို ဝယ်ယူလိုပါက 09775053570 သို့ ရုံးချိန်အတွင်းဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်