ကောက်ရိုးမြေဆွေးအကျိုးပြုပုံအား ရွက်ချိုမှုန့်ပင်တွင် စမ်းသပ်ချက်

14/02/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ(သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း (၃၉)

ရွက်ချိုမှုန့်ပင်တွင် အချိုဓာတ်အရသာဖြစ်စေသော စတီးဗီရောဂလိုက်ကိုဆိုဒ်နှင့် အာဟာရဓာတ်ပါဝင်မှု တိုးစေသော အော်ဂဲနစ်ဓာတ်မြေသြဇာ သုံးစွဲနှုန်းလျှော့ချပြီး ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွတီမြေဆွေး၊ မြေဆွေးများအစားထိုး (သို့မဟုတ်) ဖြည့်စွက်အသုံးပြုခြင်း (အပိုင်း ၆)

အင်အော်ဂဲနစ်ဓာတ်မြေသြဇာ (၅ဝ%) သုံးစွဲမှုလျှော့ချနိုင်သည့် ဟူးမစ်အက်ဆစ် ၆.၅ဝ% ပါပြီး နိုက်ထရိုဂျင်ကြွယ်ဝသောမြေဆွေး (ကောက်ရိုးမြေဆွေး)ဖြင့် အစားထိုး (သို့မဟုတ်) ဖြည့်စွက်သုံးခြင်းသည် မြေဆီသြဇာကောင်းသည်။ စတီးဗီယားပင်ကြီးထွားမှု၊ အထွက်နှင့်အရည်အသွေးကိုတိုး စေသည်။

ကောက်ရိုးမြေဆွေး၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်

ကောက်ရိုးမြေဆွေးပြုလုပ်ခြင်း

ကောက်ရိုးမြေဆွေးတွင်ပါဝင်သော ပစ္စည်းများ

အကျိုးပြုမှု

ဖော့စပရပ်

စတီဗီရိုဆိုက်အထွက်

သုံးသပ်ချက်

စတီးဗီယားပင်သာမက အခြားဥယျာဉ်ခြံသီးနှံပင်များပါ အသုံးပြုသင့်သော ကောက်ရိုးမြေဆွေးထဲတွင် ပါဝင်သည့် အဓိကသိသင့်သော အကျိုးပြုဟူးမစ်အက်ဆစ်၊ ကာဗွန်နှင့် နိုက်ထရိုဂျင်အချိုး ( မြ ၂၀၂၀) နှင့် ပီအိပ်ချ်ကို ဖော်ပြထားသည်။

အော်ဂဲနစ်ဓာတ်မြေသြဇာသုံးစွဲမှု (၅ဝ%) လျှော့ချပြီး အပင်အတွက်လိုအပ်သော သတ်မှတ်နိုက်ထရိုဂျင်နှုန်းထားအတိုင်း ပြန်လည်ရရှိရန်အတွက်ဖြစ်သည်။ နိုက်ထရိုဂျင်ကြွယ်ဝသော မြေဆွေး (ကောက်ရိုးမြေဆွေး)ဖြင့် အစားထိုး (သို့မဟုတ်) ဖြည့်စွက်သုံးခြင်း၏အကျိုးပြုမှုကိုသာ ဖော်ပြပါသည်။ ဒေသအလိုက် မြေဆွေးနှုန်း ကွဲပြားနိုင်ပါသည်။

ကိုးကား

Basma RA.  et al.,  Effect of Mineral Nitrogen Fertilization and Compost on Stevia Yield and its   Profitability. J.Soil Sci. and Agric. Eng., Mansoura Univ., Vol. 8 (6): 215 - 222 , 2017.

Hirich EH. et al., 2022 How Does Compost Amendment Affect Stevia Yield and Soil Fertility . Forum on Biosaline Agriculture, 14–16 June 2022

Umesha K.et al., Organic manures and bio-fertilizers effectively improve yield and quality of stevia (Stevia rebaudiana). Journal of Applied Horticulture, 13(2): 157-162, 2011

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်