အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ

ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်း စေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၉၂)

စားမှို စိုက်ပြီးပွားစာဆွေးများကို မိုက်ခရိုဂရင်း ပျိုးပင်ပေါက်ခင်းများတွင် သုံးစွဲခြင်း (၁၃)

ခဲမြေအစားထိုး ကြီးထွားမီဒီယာအဖြစ် ကုန်ကျစရိတ်သက်သာသော ဒေသထွက် အော်ဂဲနစ်ပစ္စည်းများကို  သုံးနိုင်သည်။

မိုက်ခရိုဂရင်းအထွက်ကောင်းစေရန် လွှမ်းမိုးနေသော အချက်များစွာရှိသည်။ ဘေဘီဂရင်းသည် ရက်၃ဝသားသာရှိသဖြင့် ပြန်လည်အသုံးချနိုင်သော ပလပ်စတစ်ဘူးများ၊ဖော့ဘူးများဖြင် တပိုင်တနိုင် စိုက်ပျိုးကြသည်။ အသုံးပြုသော ကြီးထွားမီဒီယာ ရွေးချယ်မှုမှန်ရန် အရေးကြီးသည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်စေရ၊ ကုန်ကျစရိတ်သက်သာရမည်။ စျေးကွက်တွင် လုံလုံလောက်လောက်   ဝယ်ယူနိုင်ရမည်၊ ခဲမြေ ကြီးထွားမီဒီယာသည် အာဟာရပိုင်းဆိုင်ရာ အရည် အသွေး ကောင်းသဖြင့် အသုံးပြုများသည်။ ခဲမြေများသည် ရုပ်ပိုင်း ဓာတုပိုင်းဆိုင်ရာအရည် အသွေးကောင်းသည်။ ပေါပေါများများ ရသည်။ မိုက်ခရိုဂရင်းကြီးထွားရန်အတွက် လိုအပ်သော အာဟာရကို လုံလုံလောက်လောက်ပေးစွမ်းသည်။ ခဲမြေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းသည် မိုက်ခရိုဂရင်း စိုက်ပျိုးရေးအတွက် ရေရှည်တည်တံ့သော ပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး မေးခွန်းများထွက်ပေါ်လာသည်။ အကြောင်းရင်းကတော့ ခဲမြေသည် ပြန်လည်အသုံးပြု မရပါ။ ခဲမြေတူးဖော်သော နေရာသည် ကာဗွန်ထုတ်မှုများသည်။ ကြီးထွားမီဒီယာအဖြစ် ခဲမြေအစားထိုးခြင်းသည် ကုန်ကျစရိတ် သက်သာသော ဒေသထွက် အော်ဂဲနစ်ပစ္စည်းများကို  အစားထိုး သို့မဟုတ် ဖြည်စွက်သုံးပါက ခဲမြေထုတ်သည့် နေရာအတွက်  ကာဗွန်ထုတ်မှုများကို လျှော့ချသည်။ နိုင်ငံအလိုက် ကာဗွန်ထုတ်လုပ်မှုများကို လျှော့ချရန် ဥပဒေများ ထုတ်လာသည့်အတွက် ခဲမြေထုတ်သည့် နေရာသည် သတ်မှတ်ချက်များလာကာ စျေးသည်လည်း အစစမြင့်တက်လာသည်။ 

ရေရှည်တည်တံ့သော ပတ်ဝန်းကျင်ဖြစ်စေသည့် ကြီးထွားမီဒီယာများ လိုအပ်လာသည်။ ပြန်လည်အသုံးချနိုင်သော သဘာဝ အော်ဂဲနစ်ပစ္စည်းများသည် ကုန်ကျစရိတ်သက်သာစွာဖြင့် စျေးကွက်တွင် လုံလုံလောက်လောက်ရသည်။ ခဲမြေကြီး အစားထိုးအဖြစ် စျေးကွက်တွင် ရနိုင်သော ပစ္စည်းတစ်မျိုးမှာ မြေမဲ့မီဒီယာအုန်းခွံမျှင်ဖတ်ဖြစ်သည်။ ၁ဝဝ% အော်ဂဲနစ် ပစ္စည်းဖြစ်သည့်အတွက် အုန်းခွံမျှင်သည်ပေါ့သည်။ လေဝင်လေထွက် ကောင်းသည်။ ရေထိန်းသည်။ အုန်းခွံမျှင်ဖတ်သည် ခဲမြေပွနှင့် တွဲသုံးလျှင် ပိုကောင်းသည်။ မြေကြီးနှင့် မြေမဲ့မီဒီယာအုန်းခွံမျှင်ဖတ် သုံးခြင်းသည် မိုက်ခရိုဂရင်း အပင်ရှင်သန်ကြီးထွားမှု အကောင်းဆုံးဖြစ်သည်။ သို့ဖြစ်၍ မြေ (ခဲမြေ) နှင် အအော်ဂဲနစ် ပစ္စည်းအရောသည် အာဟာရဓာတ် ထိန်းသိမ်းနိုင်ပြီး ကုန်ကျစရိတ်ကို လျှော့ချနိုင်သည်။ အိမ်ဝန်းခြံများတွင်  တပိုင်တနိုင်စိုက်သူများ၊ ဝါသနာရှင်များ၊ ကျောင်းနေကလေးများအတွက် သင်ကြားရေး အထောက်အကူပြု သင်တန်းဆရာဆရာမများ၊ စီးပွားဖြစ်စိုက်သူများက စိတ်ဝင်စားလာသည့်အတွက် ပိုမိုလွယ်ကူပြီး ကုန်ကျစရိတ် သက်သာသော မီဒီယာများသာသုံးစွဲကြသည်။

ခဲမြေနှင် အုန်းခွံမျှင်ဖတ် အခြေခံထားသော အုန်းခွံခဲမြေ

အာရူဂူလာ (မုန်ညင်း)

ပတ်ချွိုင်

မုံလာထုတ်

ပဲ နှင့် မုံလာဥ

နေကြာ

ခဲမြေနှင့် ပြန်လည်အသုံးချနိုင်သော အော်ဂဲနစ်ပစ္စည်းများ

ကြီးထွားမီဒီယာ (မြေအခြေခံ) သည် မိုက်ခရို ဂရင်း အထွက်၊ အာဟာရပိုင်းဆိုင်ရာ အရည်အသွေး ကောင်းသဖြင့် အသုံးပြုများသည်။ စက်ရုံ ထုတ်ကုန်ကြမ်း၊ ထွက်ဘေးထွက်ပစ္စည်းများမှ ပြန်လည်အသုံးချနိုင်သော သဘာဝ အော်ဂဲနစ်ပစ္စည်းများသည် ကုန်ကျစရိတ်သက်သာစွာနှင့် စျေးကွက်တွင် လုံလုံလောက်လောက်  ရသည်။  ကြီးထွားမီဒီယာ အမျိုးမျိုးသည်  မိုက်ခရိုဂရင်းများအတွက် အဏုဇီဝ သက်ရှိ ညစ်ညမ်းမှု အရင်းအမြစ်ဖြစ်သည်။ ကြီးထွားမီဒီယာ ရွေးချယ်မှုသည် အရေးကြီးသည်။ သို့ဖြစ်၍ အိမ်ဝင်းခြံများတွင်  တပိုင်တနိုင်စိုက်သူများ၊ ဝါသနာရှင်များ ၊ ကျောင်းနေကလေးများအတွက်သင်ကြားရေး အထောက်အကူပြု သင်တန်းဆရာဆရာမများ၊ စီးပွားဖြစ်စိုက်သူများက စိတ်ဝင်စားသည်။ ပိုမိုလွယ်ကူပြီး ကုန်ကျစရိတ်သက်သာသော မီဒီယာများသာသုံးစွဲကြရန် ကြံပြုပါသည်၊

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

Zar Li Chan

Zar Li Chan

လွန်ခဲ့သော ၂ နှစ် က

ဒီဆောင်းပါးမှာသုံးထားတဲ့ "ခဲမြေ" ဆိုတာ ဘာကိုဆိုလိုလဲသိချင်ပါတယ်ခင်ဗျ။

You

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့ မလောင်ရင် အကုန်အသုံးပြုချင်လို့ပါ

Khing Hein • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။