မီးဖိုချောင်စွန့်ပစ်ပစ္စည်းများ၏ အပင်နှင့် မြေဆီလွှာအပေါ် အကျိုးသက်ရောက်မှုများ
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၅၉)
အင်အော်ဂဲနစ်ဓာတ်မြေသြဇာ သုံးစွဲနှုန်း လျှော့ချပြီး ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွ တီမြေဆွေး၊ မြေဆွေးများ အစားထိုး (သို့မဟုတ်) ဖြည့်စွက် အသုံးပြုခြင်း (အပိုင်း ၁၁)
အင်အော်ဂဲနစ်ဓာတ်မြေသြဇာသုံးစွဲနှုန်း လျှော့ချရန် ဟင်းသီးဟင်းရွက်ခင်းများတွင် ကုန်ကျစရိတ် သက်သာသည့် စားကြွင်းစားကျန် အခြောက်များကို မြေဆွေးပြုလုပ်သုံးစွဲပါ
မီးဖိုချောင်စွန့်ပစ်ပစ္စည်း အလေအလွင့်များ တန်ဖိုးမြင့်ရန် ပြုပြင်သုံးစွဲခြင်း (မြမြ ၂ဝ၂ဝ)
မီးဖိုချောင်စွန့်ပစ်ပစ္စည်း ထမင်းရည် (မြမြ ၂ဝ၂ဝ)

အစားအသောက်အကြွင်းအကျန်များ (ထမင်းကျန်၊ ဟင်းကျန်) အခြောက်များကို မြေဆွေးအဖြစ်သုံးခြင်း (O'Connor et al., 2022)

စားကြွင်းစားကျန်အခြောက်များ၏ အားသာချက်/အားနည်းချက်များ
ပီအိပ်ချ် = ၄.၇ - ၅.၁၊ အီးစီ = ၄.၈၃ - ၇.၆၄ (mS cm−1) (မြင့်မားသည်)
ကာဗိုဟိုက်ဒရိတ်၊ ပိုလီစက်ခရိုက်၊ အယ်ကိုဟော၊ ဖီနော၊ ကာဗိုဇိုင်းလစ်အက်ဆစ်၊လစ်ပစ်နှင့် အဆီ၊ အာဟာရဓာတ်များ မြင့်မားစွာ ပါဝင်သည်။ နိုက်ထရိုဂျင်ပါဝင်မှုမြင့်သည်။ အနည်းလို အာဟာရဓာတ်များပါသဖြင့် မြေထဲတွင်အာဟာရဓာတ်ကြွယ်ဝကာ အပင်၏ဇီဝကမ္မဆိုင်ရာလုပ်ငန်းများဖြစ်သော ဟော်မုန်းနှင့် အန်တီအောက်ဆီးဒန့် တိုးသည်။ ပတ်ဝန်းကျင် ပြင်းထန်သောဒဏ်ကိုခံနိုင်သည်။
စားကြွင်းစားကျန် အခြောက်များသည် အီးစီ (mS cm−1)(၄.၈၃ - ၇.၆၄) မြင့်မားသည်။ ဆက်တိုက်သုံးစွဲပါက မြေကြီးဆားပေါက်နိုင်သည်။ နှုန်းထားမြင့်မြင့် မသုံးသင့်ပါ။ ဘာကြောင့်လဲဆိုရင် ဖိုက်တိုတော့ဆင်များ၊ ပူးတွဲသွားခြင်း၊ မြေကြီးဆားပေါက်ခြင်း၊ ဟင်းကြွင်းဟင်းကျန် အခြောက်များ၏ ရေကို တွန်းလှန်သော သဘာဝရှိသောကြောင့်ဖြစ်သည်။ နှုန်းထားနိမ့်ဖြင့်သုံးပါက ပြောင်း၊ ဂျုံ တွင် အာဟာရဓာတ်များစုပ်ယူမှုတိုးပြီး ဒြပ်ခြောက် အလေးချိန်တိုးသည်။ သို့ဖြစ်၍ စားကြွင်းစားကျန် အခြောက်များကိုလည်း ပြည့်စုံသော မြေဆွေးပြုလုပ်ပြီးမှ မြေထဲသို့ ကြိုတင်ထည့်ပြီး သုံးစွဲသင့်သည်။ ဖိုက်တိုတော့ဆင်များ ပူးတွဲသွားခြင်း၊ မြေကြီးဆားပေါက်ခြင်း၊ ဟင်းကြွင်းဟင်းကျန်အခြောက်များ၏ ရေကိုတွန်းလှန်သော သဘာဝများကို ကျော်လွှားနိုင်မည်ဖြစ်သည် (O'Connor et al., 2022)။
အော်ဂဲနစ်အစားအစာ အကြွင်းအကျန်များ၏အကျိုးပြု (Youssef 2022)
၁။ နိုက်ထရိုဂျင်ကြွယ်ဝသော အော်ဂဲနစ်အစားအစာ အကြွင်းအကျန် များဖြစ်သော ပဲပုပ်ခွံ ပဲစိမ်းခွံ၊ ငှက်ပျောခွံ၊ အာလူးခွံနှင့် ကြက်ဥခွံများမှ အော်ဂဲနစ်နိုက်ထရိုဂျင်ရသဖြင့် စတီးဗီးယားပင်ကြီးထွားမှု၊ အထွက်နှင့် အရည်အသွေးကို တိုးစေသည်။
၂။ မြေထဲတွင် အာဟာရဓာတ်ကြွယ်ဝသဖြင့် အပင်၏ဇီဝကမ္မဆိုင်ရာလုပ်ငန်းများဖြစ်သော ဟော်မုန်းနှင့် အန်တီ အောက်ဆီးဒန့် တိုးသည်။ ပတ်ဝန်းကျင်ပြင်းထန်သောဒဏ်ကိုခံနိုင်သည်။
၃။ စတီးဗီးယားပင်သာမက အခြားဥယျာဥ်ခြံသီးနှံပင်များပါ အသုံးပြုသင့်သော စားကြွင်းစားကျန် ထဲရှိ အဓိကသိသင့်သော နိုက်ထရိုဂျင်ကြွယ်ဝမှု၊ ကာဗွန်နှင့် နိုက်ထရိုဂျင် အချိုး ( < ၂၀)နှင့် ပီအိပ်ချ် ကိုဖော်ပြထားသည် (Youssef MA. 2020)။
စားကြွင်းစားကျန်ထဲရှိ အာဟာရတန်ဖိုး

၄။ အစားအသောက် အကြွင်းအကျန်များဖြစ်သော ပဲပုပ်ခွံ၊ ပဲစိမ်းခွံ၊ ငှက်ပျောခွံ၊ အာလူးခွံနှင့် ကြက်ဥခွံအရောမှ အော်ဂဲနစ်နိုက်ထရိုဂျင်ရသဖြင့် စတီးဗီးယားပင်ကြီးထွားမှုတိုးစေသည်။
၅။ အင်အော်ဂဲနစ် ဓာတ်မြေသြဇာသတ်မှတ်နှုန်း လျှော့ချမှု ထိရောက်ရန် အစားထိုး/ဖြည့်စွက်အသုံးပြုသော စားကြွင်းစာကျန် မြေဆွေး၏ နိုက်ထရိုဂျင် ကြွယ်ဝမှုနှင့်အတူ၊ ဟော်မုန်းထုတ်မှု နှင့် ပါဝင်အခြားပစ္စည်းများကို ကြိုတင် သိရန်လိုသည်။ ကြိုတင်ထည့်သင့်သည်။
ဆလပ်တွင် အန်တီအောက်ဆီးဒန့် အက်ဘ်စီဆစ်အက်ဆစ် ပါဝင်မှုတိုးခြင်း (Kang et al., 2022)

အက်ဘ်စဆစ်အက်ဆစ် ပါဝင်မှု တိုးခြင်းတွေ့ရှိချက်
ဆလပ်ပင်တွင် စားကြွင်းစားကျန်မြေဆွေးများ ပုံမှန်နှုန်းသုံးပါက ကျန်းမာရေးဖြည်စွက်အာနိသင်ရှိသည့် အန်တီအောက်ဆီးဒန့် တစ်မျိုးဖြစ်သော အက်ဘ်စဆစ်အက်ဆစ် ပါဝင်မှု (၄၂%)တက်လာသည်။ ပုံမှန်နှုန်း ထက် ၂ ဆမြင့် သုံးပါက ၆၆% ပိုတက်လာသည်။ စားကြွင်းစားကျန်မြေဆွေးများသည် အော်ဂဲနစ် မြေသြဇာသုံးဖြင်းထက် အန်တီအောက်ဆီးဒန့် ပိုတိုးသည်။
ဆလပ်တွင် အန်တီအောက်ဆီးဒန့်(စုစုပေါင်း ဖလေဗိုနွိုက်)တိုးခြင်း

အန်တီအောက်ဆီးဒန့်(စုစုပေါင်း ဖလေဗိုနွိုက်)တိုးခြင်းတွေ့ရှိချက်
ဆလပ်ပင်တွင် စားကြွင်းစားကျန်မြေဆွေးသည် အင်အော်ဂဲနစ်မြေသြဇာသုံးဖြင်းထက် အန်တီအောက်ဆီးဒန့် (ဖလေဗိုနွိုက်) ၂၅% ပိုတိုးသည်။ အစားအသောက် အကြွင်းအကျန်မြေဆွေးကိုပုံမှန်နှုန်းသုံးပါက ကျန်းမာရေးဖြည်စွက် အာနိသင်ရှိသည့် အန်တီအောက်ဆီးဒန့် တက်လာသည်။ ပုံမှန်နှုန်းထက် ၂ ဆမြင့်သုံးပါက ဖလေဗိုနွိုက်သည် ၂၈% ပိုတက်လာသည်။ မြေမှ အာဟာရဓာတ်ကြွယ်ဝသဖြင့် အပင်၏ ဇီဝကမ္မဆိုင်ရာလုပ်ငန်း များဖြစ်သော ဟော်မုန်းနှင့် အန်တီအောက်ဆီးဒန့် တိုးသည်။ ပတ်ဝန်းကျင်ပြင်းထန်သော ဒဏ်ကိုခံနိုင်သည်။ စား ကြွင်းစားကျန်မြေဆွေးများ ပုံမှန်နှုန်းထက် ၂ ဆမြင့်သုံးပါက အန်တီအောက်ဆီးဒန့် အမျိုးမျိုးတိုးသည်။
ဇီဝမြေသြဇာများ၏အကျိုးပြု ဇီဝကမ္မဖြစ်စဥ်မှတဆင့် အပင်အတွက်လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်
အော်ဂဲနစ်မြေသြဇာများ၏ အပင်အတွက် အရည်အသွေးကောင်းခြင်းကို တစ်ခုစီ ခွဲခြားအသုံးချခြင်းထက် ထုထည်ပွားပစ္စည်းအဖြစ် လွှစာနှင့် အရွက်၊ အပင်အခေါက် အကြွင်းအကျန်များဖြင့် ပြည့်စုံသော မြေဆွေးပြုလုပ် ပြီးမှ မြေထဲသို့ အပင်မစိုက်မီ ကြိုတင်ထည့်ပြီး သုံးစွဲသင့်သည်။
အော်ဂဲနစ်ဓာတ်မြေသြဇာ သုံးစွဲနှုန်းလျှော့ချပြီး ကုန်ကျစရိတ်သက်သာသည့် စားကြွင်းစားကျန် မြေဆွေးများ ဖြည့်စွက် အသုံးပြုနိုင်သည်။ ထုထည်ပွားပစ္စည်းထည့်ထားသော စားကြွင်းစားကျန် မြေဆွေးများကို ကြိုတင် ဖြည့်စွက်ထားခြင်းဖြင့် အစားထိုးသုံးမည်ဆိုပါလျှင်လည်း ပုံမှန်နှုန်းထက် ၂ ဆမြင့်သုံးပါ။ စားကြွင်းစားကျန် မြေဆွေး ပုံမှန်နှင့် ၂ ဆမြင့် နှုန်းသည် ထုထည်ပွားပစ္စည်းလည်း ထည့်ထားသဖြင့် မြေကိုဆားမပေါက်စေပါ။ စားကြွင်းစားကျန်များကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ကျစေသော ပတ်ဝန်းကျင် ဟေစနစ်ကို မိတ်ဖက်ဖြစ်စေသဖြင့် ဆက်လက်သုံးရန် ထောက်ခံထားသည့် တွေ့ရှိချက်များစွာရှိပါသည်။
ကိုးကား
မြမြ ဒေါ် (၂ဝ၂ဝ) အိမ်နှင့်ကျောင်းဥယျာဥ်ခြံ တည်ထောင်ခြင်း နည်းပညာ လက်စွဲ
Kang SM.et al., Comparison of Effects of Chemical and Food Waste-Derived Fertilizers on the Growth and Nutrient Content of Lettuce (Lactuca sativa L.). Resources 2022, 11(2), 21; https://doi.org/10.3390/resources11020021
O'Connor J. et al., Value of dehydrated food waste fertiliser products in increasing soil health and crop productivity. Environmental Research. Volume 204, Part A, March 2022, 111927
Youssef MA. Role of Organic Food Wastes on Soil Fertility, Growth and Yield of Stevia Crop.In: Mohamed A. 1Egypt. J. Soil. Sci. Vol. 60, No. 3, pp. 335- 347 (2020)
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ရွှေဘိုဘေးကျားလေးက သက်တမ်းဘယ်လောက်ရှိ့လဲဗျ ပြီးတော့ ဘယ်နရက်သားဆိုဖုံးလဲဗျ အခုက ၇၈ ရှိ့ပါပြီဗျ ပြီးတော့ အပင်လိုလှုပ်ကြည့်လိုက်လျှင်ဖြုတ်ပိုး၆ကောင်၇ကောင်လောက်တွေ့ရတယ်ဗျ ဆိုးရိမ်ရလာဗျ ဖြေပေးပါအုံးခဗျာ
KYAW SHANE • ဖြေကြားချက် 7 ခု
စပါးပင်တွေကဖီလဲနေလို့ အနှံမထွက်နိုင်မှာမို့ ရိတ်လို့ရတယ်မလား 75ရက်သားပါ ပိုတက်ကိုဘယ်ချိန်နောက်ဆုံးထားကျွေးသင့်လဲ
Theint Theint Nway • ဖြေကြားချက် 2 ခု
နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 3 ခု
နွားသေးကိုစပါးပဲးကိုဖြန်လို့ရလား
ကိုနိုင်လင်း • ဖြေကြားချက် 3 ခု
ဘာရောဂါကြတာလဲဗျ
သန်းထိုက်အောင် • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024