မိုက်ခရိုဂရင်းများကို မြေကြီးအစားထိုး မြေမဲ့မီဒီယာတွင်စိုက်ပျိုးသင့်သည့် အကြောင်းအရင်း

15/02/2024 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

 

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်း စေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၉ဝ)

စားမှို စိုက်ပြီးပွါးစာ ဆွေးများကို မိုက်ခရိုဂရင်း ရွက်မှန်စုံ ပျိုးပင်ပေါက်ခင်း များတွင် သုံးစွဲခြင်း (၉)

အပူပိုင်းစိုက်မျိူးစိတ် မိုက်ခရိုဂရင်းများကို မြေကြီးအစားထိုး မြေမဲ့မီဒီယာတွင်စိုက်ခြင်း  

မြေမဲ့မီဒီယာဆိုတာဘာလဲ? ဘာကြောင် မြေမဲ့မီဒီယာတွင်စိုက်တာလဲ?

မိုက်ခရိုဂရင်းများကို မြေကြီးမပါဘဲ စိုက်ပျိုးနိုင်သော ပိုးသန့်ထားသော မီဒီယာကို မြေမဲ့မီဒီယာဟုခေါ်သည်။ အော်ဂဲနစ် အင်အော်ဂဲနစ် ပစ္စည်းများနှင့် ပြုလုပ်ထားသည်။ အော်ဂနစ် မြေမဲ့မီဒီယာ သုံးလိုပါက အာဟာရဓာတ်အတွက် အော်ဂဲနစ်မြေသြဇာသုံးသည်။ မိုက်ခရိုဂရင်းများကို အာဟာရဖျော်ရည်တွင် စိုက်ပျိုးခြင်းနှင့် ကြီးထွားမီဒီယာခဲမြေပွ၊ အုန်းခွံမျှင်ဖတ်၊ ဂုံလှော်စ/ဂုံနီအိတ်စတို့တွင်စိုက်ပျိုးခြင်းဖြစ်သည်။ မြေမဲ့မီဒီယာကို အဆင်သင့်ဝယ်ယူ သုံးစွဲနိုင်သည်။ အချို့သည် စျေးကြီးသည်။ အချို့သည် စျေးသက်သာသဖြင့် ကုန်ကျစရိတ်နည်းသည်။ အိမ်ထဲတွင် စိုက်ပျိုးရာတွင် သန့်ရှင်းသည်။ ရိတ်သိမ်းရ လွယ်ကူသည်။ အာဟာရဖျော်ရည်တွင် မိုက်ခရိုဂရင်းများ စိုက်ပျိုးရာတွင် အာဟာရဖျော်ရည်အခင်းများအဖြစ် သဘာဝအမျှင် ပစ္စည်းများဖြစ်သော အုန်းခွံမျှင်ဖတ်၊ ဂုံလှော်စ/ဂုံနီအိတ်စ၊ ဆေးခြောက်ပင်ကြိတ်ဖတ်အခင်း၊ ဝါးကြိတ်ဖတ်အခင်း၊ ဖော့စများကိုသုံးသည်။ သုံးစွဲရာတွင်သန့်ရှင်းသည်။

မိုက်ခရိုဂရင်းများကို အိမ်တွင်း/ ဝင်းခြံ များတွင် စိုက်ရာတွင် မြေကြီးနှင့် မြေမဲ့မီဒီယာအုန်းခွံမျှင်ဖတ် သုံးခြင်းသည် မိုက်ခရိုဂရင်း အပင်ရှင်သန်ကြီးထွားမှု အကောင်းဆုံးဖြစ်သည်။ ကုန်ကျစရိတ်ကို ၁ဝ လက်မ ၂ဝ လက်မ ဘန်းတချပ်ခြင်း အခြေခံတွက်ချက်ရာတွင် စျေးအသက်သာဆုံး ဖြစ်သည်။ အခန်းများတွင် နေရာအခက် အခဲရှိပါက မြေကြီးသည် ညစ်ညမ်းသဖြင့် စိုက်ရန်အဆင်မပြေပါ။ အိမ်ဝင်းခြံများတွင်  မြေကြီးနှင့် စိုက်ရန် အဆင်ပြေသည်။ မိုက်ခရိုဂရင်းများကို မြေမဲ့စိုက်ပျိုး ရာတွင် အကျိုးကျေးဇူးများမှာ (၁) နေရာကျဥ်းကျဥ်းတွင် စိုက်ပျိုးနိုင်သည်။ (၂) အာဟာရပိုရသည်။ (၃) အပင်ရှင်သန်ကြီးထွားမြန်သည်။ (၄) ရိတ်သိမ်းရလွယ်ကူသည်။ မှိုပြဿနာနည်းစေသည်။ သို့ဖြစ်၍ အိမ်ဝန်းခြံများတွင်  တပိုင်တနိုင်စိုက်သူများ၊ ဝါသနာရှင်များ ၊ ကျောင်းနေ ကလေးများအတွက်သင်ကြားရေး အထောက်အကူပြု သင်တန်းဆရာဆရာမများ၊ စီးပွားဖြစ်စိုက်သူများက စိတ်ဝင်စားသည်။ ပိုမိုလွယ်ကူပြီး ကုန်ကျစရိတ်သက်သာသော မီဒီယာများသာသုံးစွဲကြသည်။

မြေမဲ့မီဒီယာ အမျိုးမျိုး

(၁) ခဲမြေပွ Peat Moss 

(၂) အုန်းခွံမျှင်ဖတ် Coconut Coir 

၃။ ပါလိုက် 

၄။ ရေမြုပ်  Sponge

အိမ်တွင်း/ ဝင်းခြံ များတွင် စိုက်ရာတွင် မိုက်ခရိုဂရင်းများ ကို မြေကြီးနှင့် မြေမဲ့မီဒီယာ ဆေးခြောက်ပင်ကြိတ်ဖတ်အခင်း၊ ဝါးကြိတ်ဖတ် အခင်း၊ အုန်းခွံအမှင်ဖတ်၊ အုန်းခွံခဲမြေ သုံးပြီး အပင်ရှင်သန်ကြီးထွားမှု လေ့လာခြင်း ရေ ကန်စွန်း မိုက်ခရိုဂရင်း ၂ ရက်သား


နေကြာ မိုက်ခရိုဂရင်း ၆ ရက်သား

 

ပဲ မိုက်ခရိုဂရင်း ၆ ရက်သား

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်