ဖုတ်စက်မလိုတဲ့ ထောပတ်သီးကိတ်လုပ်နည်း

12/11/2021 11:00 AM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

    ထောပတ်သီးပေါ်ချိန်မှာ အသီးအတိုင်းမဟုတ်ဘဲ စားချင်တယ်၊ တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်ရောင်းချချင်တယ်ဆိုရင်တော့ ထောပတ်သီးကိတ်မုန့်လေးက အမြင်လှသလို လူကြိုက်များမယ့် မုန့်လေးတစ်ခုပါ။

    ထောပတ်သီးကို ပုံမှန်အတိုင်းမကြိုက်ကြဘူးဆိုတဲ့သူတွေလည်း ဒီလိုနည်းလေးစမ်းကြည့်လို့ရပါတယ်ရှင့်။ ပြီးတော့ oven မလိုတဲ့နည်းလေးမို့ လွယ်လွယ်ကူကူပဲ ပြုလုပ်ကြည့်နိုင်ပါတယ်။ 

လိုအပ်သော ပစ္စည်းများ

cream cheese 300 g

whipping cream 200 ml (ထောပတ်သီးနှင့်ရောရန်) 

နောက်ထပ် whipping cream 150 ml

အလတ်ဆိုဒ် ထောပတ်သီးတစ်လုံးကို အတုံးကြီးကြီးလေးတွေတုံးထားပါ

သံပုရာသီး ၂ လုံး (အခွံခြစ်ယူရန်)

သကြား ၁ ခွက် (၁၂၀ ဂရမ်)

cracker အကြေ ၁ခွက် (၁၂၀ ဂရမ်)

Gelatin Powder ၂ ဇွန်းခွဲ (ပျစ်အောင်လုပ်တဲ့အမှုန့်တစ်မျိုး၊ ဂျယ်လီလုပ်တဲ့နေရာမှာ အသုံးပြု)

ထောပတ် ၁၀၀ ဂရမ်

သံပုရာသီး ၁ လုံး( အလှဆင်ရန်)

ပြုလုပ်နည်း

၁။ သံပုရာသီး ၂ လုံးကို အခွံလေးတွေကို ခြစ်ယူထားပြီးခါမှ အရည်ညှစ်ယူပါ။ အခွံသက်သက် ၊ အရည်သက်သက် အရင်ဆုံးပြင်ဆင်လိုက်ပါ။

၂။ cracker တွေကို ချိုးဖဲ့ပြီး ကြိတ်စက်ထဲကိုထည့်ပါ။ ကြေမွသွားတဲ့အထိ ပြုလုပ်ပါ။ ပြီးရင်တော့ ထောပတ်ထည့်ပြီး အမြှုပ်တွေတက်လာတဲ့အထိ ကြိတ်ချေပါ။

ဒါဆိုရင်တော့ ကိတ်မုန့်ရဲ့ အောက်ခြေလေးကို ပြုလုပ်လို့ရပါပြီ

၃။ ၁၀ လက်မ အချင်းရှိတဲ့ ကွင်းတစ်ခုခုထဲကို အစောနကကြိတ်ချေထားတဲ့ cracker နဲ့ ထောပတ်အရောအနှောတွေကိုဖိထည့်ပါ။ freezer ထဲမှာ ၁၀ မိနစ်လောက်ထားလိုက်ပါ။

ဒီလိုထားနေတုန်းမှာ ပုံထဲမှာပြထားတဲ့ အစိမ်းရောင်ရှိတဲ့ အပေါ်ပိုင်းလေးကိုပြင်ဆင်ပါ့မယ်

၁။ whipping cream ၁၅၀ ဂရမ်နဲ့ ပျစ်စေတဲ့အမှုန့် Gelatin Powderတို့ကို ရောလိုက်ပါ။အားလုံး သမသွားတဲ့အထိ ၂ မိနစ်လောက်မွှေပေးပါ။ မီးအသင့်အတင့်လေးနဲ့ အနည်းငယ်ဆူပွက်အောင်လုပ်လိုက်ပါ။

Gelatin Powder တွေအရည်ပျော်သည်အထိ ဆက်မွှေပြီးရင်တော့ အရောင်ထည့်ဖို့အတွက် သံပုရာခွံခြစ်ပြီးသားလေးတွေထည့်မွှေပြီး ချထားလိုက်ပါ။

၂။ ထောပတ်သီး၊ cream cheese ၊ သကြား၊ whipping cream 200 ml၊ သံပုရာရည်တို့ကို ကြိတ်စက်ထဲမှာ ပျစ်လာတဲ့အထိ မွှေပေးရပါမယ်။

၃။ အအေးခံထားတဲ့ Gelatin Cream တွေကိုလည်း ကြိတ်စက်ထဲကို ထပ်ထည့်လိုက်ပါ။ အားလုံး ကြေသွားပြီ ချောချောမွတ်မွတ်လေးဖြစ်တဲ့အထိ ကြိတ်စက်နဲ့ကြိတ်ပေးရမှာဖြစ်ပါတယ်။

၄။ အစောနက freezer ထဲမှာထည့်ထားတဲ့ ကိတ်မုန့်ရဲ့ အောက်ခံပေါ်ကို ဒီ cream လေးတွေသုတ်ပြီး ပုံဖော်နိုင်ပါပြီ။

    ပြီးရင်တော့ freezer ထဲမှာ ၂ နာရီထားထားပေးရပါမယ်နော်။ ၂ နာရီပြည့်ပြီဆိုရင်တော့ Freezer ထဲကနေထုတ် ပုံစံခွက်လေးကိုဖယ်လိုက်မယ်ဆိုရင်တော့ ထောပတ်သီးချိစ်ကိတ်လေးကိုရပါပြီ။

    သံပုရာခွံလေးတွေကိုခြစ်ပြီး အလှဆင်လိုက်ရင်တော့ အချိုပွဲလှလှလေးတစ်ပွဲရရှိမှာဖြစ်ပါတယ်။

    ဖော်ပြခဲ့တဲ့ နှုန်းတားတွေက ၈ လက်မ ၄ လက်မ ကိတ်မုန့်တစ်လုံးစာပါတဲ့ရှင်။

    ဒါဆိုရင်တော့ ထောပတ်သီးကိတ်လေးရပါပြီ။ စားကောင်းတယ်ဆိုရင်တော့ လုပ်ရောင်းပြီး အပိုဝင်ငွေလေးတွေအဖြစ် အထောက်အကူပြုနိုင်ကြပါစေရှင်။

ref:https://chefsheilla.com/.../no-bake-avocado-lime-cheesecake/


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်