ကလေးငယ်များကျန်းမာကြံ့ခိုင်စေရန် အကြံပြုချက် (၅) ချက်

19/10/2023 17:00 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

ကလေးငယ်များကို နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်စေပါ။ ကစားခြင်းသည် ကလေးများအတွက် သင်ယူချိန်ဖြစ်ပြီး ၎င်းတို့အား သန်မာသော ခန္ဓာကိုယ်ရရှိစေရန်နှင့် အရိုးများဖွံ့ဖြိုးစေရန် သာမက ပျော်ရွှင်ပြီး စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များတည်ဆောင်ရန် ကူညီပေးသည်။ တစ်နေ့ကို အနည်းဆုံး ၃ နာရီ လှုပ်လှုပ်ရှားရှားကစားပါစေ။ ကစားခြင်းသည် ကလေးများအား ပြဿနာဖြေရှင်းသည့် နည်းလမ်းများကို သင်ယူစေပြီး ကြွက်သားများ သန်မာလာကာ ပိုမိုကောင်းမွန်သော ခန္ဓာကိုယ်ကို တည်ဆောက်ရန် ကူညီပေးသည်။

ကလေးများအတွက် အကြံပြုချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

  • ကိုယ်လက်လှုပ်ရှားမှုကို များများလုပ်စေပါ။ ထိုင်ချိန်လျှော့ပါ။ ဖုန်းကြည့်ခြင်း Screen time ကို လျှော့ပါ။ (တစ်နေ့ကို ၁ နာရီအောက်အဖြစ် ကန့်သတ်ထားပါ။)
  • သန့်ရှင်းပြီး အန္တရာယ်ကင်းသော ရေကိုများများသောက်စေပါ။ အချိုဓာတ်ပါသော အချိုရည်တွေကို ကန့်သတ်ပါ။ ဆိုဒါများ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ချောကလက်အချိုရည်များ သို့မဟုတ် အားဖြည့်အချိုရည်များကို မတိုက်သင့်ပါ။
  • သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားသော အစားအစာများကို စားစေပါ။ အပြင်စာများ စားခြင်းကို ကန့်သတ်ပါ။ 
  • လုံလောက်စွာအိပ်စက်စေပါ။ (တစ်နေ့လျှင် အနည်းဆုံး ၁၀ - ၁၃ နာရီခန့်) လုံလောက်သော အိပ်စက်ခြင်းများသည် ကလေးများ၏ ကြီးထွားမှုကို အထောက်အကူပြုစေသည်။
  • သကြား၊ ဆားနှင့် အဆီများသော အစားအစာများကို ကန့်သတ်ပါ။ ဤအစားအစာများသည်  ကယ်လိုရီများသော်လည်း အခြားအာဟာရဓာတ်ပါဝင်မှုနှင့် အမျှင်ဓာတ်ပါဝင်မှု နည်းပါးပြီး ကြာရှည်ခံပစ္စည်းများနှင့် ဓာတုပစ္စည်းများစွာ ပါဝင်ပါသည်။ အဆင့်သင့်လုပ်ထားသော သရေစာများနှင့် သကြားလုံးများကို ကန့်သတ်ပါ။ သစ်သီးများသည် ကလေးများ၏ အာဟာရအတွက် ချိုမြန်သော အရသာပေးစွမ်းနိုင်သည့် အကောင်းဆုံး အစားအစာဖြစ်သည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်