အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငှက်ပျောယို

ငှက်ပျောယို

     အစိမ်းရောင်လမ်းရဲ့ တန်ဖိုးမြှင့်ထုတ်ကုန်ဆိုတဲ့ ကဏ္ဍမှာလည်း သစ်သီးတွေကနေ ယိုလုပ်နည်းများစွာကို တင်ထားပြီးပါပြီ။ အိမ်မှာပဲအလွယ်တကူလုပ်နိုင်တဲ့ နည်းလမ်းလေးတွေကို လေ့လာရတော့ ဘယ်လောက်ကောင်းလဲနော်။ ဒါကြောင့် ငှက်ပျောယို လုပ်နည်းကိုလည်း မျှဝေချင်ပါတယ်။ 

     ငှက်ပျောသီးတွေ ဝယ်ထားပြီး ပြဲသွားလို့ မစားဖြစ်တဲ့အခါမျိုးတွေ၊ သပ်သပ်ပဲ ငှက်ပျောယိုလုပ်စားချင်တဲ့အခါတွေမှာ လွယ်ကူလျင်မြန်တဲ့ ငှက်ပျောယိုလုပ်နည်းကိုမျှဝေသွားပါမယ်။

ပါဝင်ပစ္စည်းများ

ငှက်ပျောသီး ၈ လုံး

သကြားဖြူ ၃ ကျပ်သား

သကြားညို ဟင်းစားဇွန်း ၂ ဇွန်း

သံပုရာသီး ၂ လုံး

ပျားရည် ဟင်းစားဇွန်း ၁ ဇွန်း

ငှက်ပျောဆီ ဟင်းစားဇွန်း ၁ ဇွန်း

ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ သောက်ရေခွက်တစ်ဝက်

ပထမဆုံး

      ငှက်ပျောသီးအမှည့်ပြဲ ဆိုရင် ခက်ရင်းနဲ့ ချေထားပါ။ ငှက်ပျောသီးအမာဆိုရင်တော့ ပါးပါးလေးလှီးထားပါ။ 

     လှီးထားသော ငှက်ပျောသီးထဲကို သံပုရာရည်ထည့် နှံ့အောင်မွှေပြီး ၁၀ မိနစ်လောက်နှပ်ထားပါ။

ဒုတိယအဆင့်အနေနဲ့

     ကျိုမယ့်အိုးထဲကို ရေ၊ သကြား အဖြူ/ အညို၊ ဆား ထည့်ပြီးမွှေပါ။ နှံ့သွားပြီဆိုရင် နှပ်ထားတဲ့ ငှက်ပျောသီးတွေကို ထည့်မွှေပါ။

     ငှက်ပျောသီးတွေကြေပြီး ပွက်သည်နှင့် ပျားရည်ထည့် အနည်းငယ်မွှေပေးပြီး မီးပိတ်လိုက်ပါ။ ဒီနေရာမှာ ကိုယ်လိုချင်တဲ့ အပျစ် အနေအထားအလိုက် မီးအသင့်အတင့် နဲ့ပဲရအောင်တည်ပေးဖို့တော့လိုပါမယ်။ နောက် မီးပိတ်ပြီး ငှက်ပျောဆီ ထည့်မွှေပြီး အအေးခံပါ။ (ငှက်ပျောဆီက မထည့်ချင်လည်းရပါတယ်)

     အအေးခံပြီးသည်နှင့် ကိုယ်ကြိုက်နှစ်သက်ရာ ဗူးတစ်ခုထဲထည့်ပြီး အသင့်စားသုံးနိုင်ပါပြီ။

     လွယ်ကူတဲ့နည်းလမ်းလေးတွေနဲ့ ယိုထိုးနည်းများကို အိမ်မှာနေရင်းမပျင်းရလေပဲ ပညာတစ်ခုလည်းတိုးအောင် လုပ်နိုင်ပြီး စိတ်ချမ်းသာစွာနဲ့ ကျန်းကျန်းမာမာနေနိုင်ဖို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။

Ref; https://www.youtube.com/watch?v=VlLfDlGpJD8

ကျော့နန္ဒာစိုး

ယခု ငှက်ပျောယိုဆောင်းပါးကို KMSS အဖွဲ့မှ ကူညီပံ့ပိုးထားပါသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 

 

Hninthuzar moe

Hninthuzar moe

လွန်ခဲ့သော ၄ လ က

ပြန်ရောင်းလို့ရလားရှင်ြ

ဦညီညီ

ဦညီညီ

လွန်ခဲ့သော ၂ နှစ် က

လုပ်ကြည်မယ်

Julia

Julia

လွန်ခဲ့သော ၂ နှစ် က

ငှက်ပျော်ခြောက်လုပ်နည်း သိချင်ပါတယ်

မြတ်နန္ဒာအောင်

မြတ်နန္ဒာအောင်

လွန်ခဲ့သော ၅ နှစ် က

ကျုံပျော်ဒေသ‌ကတောင်သူတွေကသိပ်ကျေးဇူးတင်မိပါတယ်တဲ့

​အောင်တင်ဝင်း

​အောင်တင်ဝင်း

လွန်ခဲ့သော ၆ နှစ် က

Thanks

You

ဆက်စပ်မေးခွန်းများ

မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်

wai wai oo • ဖြေကြားချက် 2 ခု

ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ

ပုတူး • ဖြေကြားချက် 1 ခု

မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်

Bonaparte Kyawhtay • ဖြေကြားချက် 1 ခု

အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ

မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။