ဘဲဥက ကြက်ဥထက် စျေးကောင်းပါတယ်နော်..

28/01/2020 11:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စျေးကွက်ကောင်းမွန်နေတဲ့ ဘဲမွေးမြူရေးကို တစ်နိုင်တပိုင်ဖြစ်စေ၊ စီးပွားဖြစ် ဖြစ်စေ မွေးမြူကြည့်ချင်တယ် ဆိုသူတွေအတွက် ဘဲမွေးမြူတဲ့အခါ လိုအပ်တဲ့ သိသင့်သိထိုက်တာလေးတွေကို မေးမြန်းစူစမ်း တင်ပြလိုက်ပါတယ်။

ဘဲမွေးမြူရေးလုပ်ကိုင်တာဟာ စျေးကွက်လည်းကောင်းသလောက် နားမလည် ပါးမလည်နဲ့ မွေးရင် ရင်းသလောက် ရှုံးနိုင်တာမို့၊ ကိုယ့်ထက်အရင် ကျွမ်းကျင်စွာမွေးမြူနေသူတွေကို လေ့လာစုံစမ်းဖို့လည်း လိုပါတယ်။

ဘဲစမွေးတဲ့ လူတိုင်း ခဏခဏမေးကြတဲ့ မေးခွန်းလေးကတော့ "ဘဲသားပေါက်ကို ဘယ်အရွယ်လောက်ကနေ စမွေးသင့်တာလဲ?" ဆိုတာလေးပါ။ ဒီအဖြေလေးကတော့ ဘဲသားလေးကနေ စမွေးမြူလို့ ရသလို၊ (၂)လသားအရွယ်၊ ဥစမ်းအရွယ် စတဲ့အရွယ်တွေမှာလည်း စမွေးတဲ့ သူတွေ ရှိကြပါတယ်။ ဘဲသားလေးက စမွေးမယ်ဆိုရင်တော့ ကုန်ကျစရိတ်ပိုင်း သက်သာသလို၊ အကောင်ငယ်သေးတော့ ဂရုလည်း ပိုစိုက်ရပါတယ်။

ဘဲမွေးမြူတာက ငွေကြေး တစ်လုံးတစ်ခဲ ရင်းနှီးရတာမဟုတ်တော့ တစ်ဖက်လုပ်ငန်းထဲက‌ အမြတ်ငွေလေး နည်းနည်းခြင်း ထည့်ပြီး လုပ်ကိုင်သွားလို့ရတယ်။ ပထမ ဥဘဲမအုပ်ရှိတဲ့သူတွေကတော့ ပိုအဆင်ပြေတာပေါ့။ ဘဲဥအမြတ်ငွေနဲ့ နောက်ဘဲအုပ်လေးကို ပံ့ပိုးပေးလို့ရတယ်။ ဘဲမွေးမြူရေးအကြောင်းကို အတော်အတန် နားလည်ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ အရေးကြီးတာက အမဝယ်ရင် အထီးမပါဖို့နဲ့၊ ဘဲမျိုးမှန်မှန်ရဖို့ပါ။ စိတ်ချရတဲ့ဆိုင်၊ စိတ်ချရတဲ့သူ‌တွေထံက မှာယူပါ

ဟု မကွေးတိုင်း၊ စလင်းမြို့မှ စီးပွားဖြစ် ဘဲမွေးမြူနေသူ ကိုအောင်ကိုဦးက ပြောပါတယ်။

ဘဲအသက် (၂)လသားအရွယ်က စမွေးမယ်ဆိုရင်တော့ ဘဲအသေအပျောက် နည်းမယ်။ ဈေးလည်း အတော်အသင့်ရှိတာမို့ အဆင်ပြေတယ်လို့ သိရပါတယ်။ (၂)လသားအရွယ်ဆိုတော့ ဘဲသားလေးကနေ စမွေးသလိုပဲ၊ ငွေကြေးလည်း တစ်လုံးတည်း ရင်းနှီးရတာမဟုတ်ဘူးလေ။ (၂)လသားအရွယ်ဆိုတာက အတောင်မရင့်တရင့်အရွယ်ဖြစ်ခြင်း၊ အမွှေးအတောင်ထိုးဆိတ်စားတဲ့ ဘေးကနေလည်း လွတ်ကင်းနေပြီဖြစ်လို့ စိတ်ပူစရာမရှိခြင်း၊ ဘဲမွေးမြူရေးကို သိပ်နားမလည်သူတွေတောင်မှ လက်ထဲမှာအတော်အသင့်ကျွေးမွေးလိုက်ရုံနဲ့ ဥစမ်းအရွယ်ကို ရရှိနိုင်ခြင်း စတဲ့အားသာချက်တွေ ရှိတယ်လေ။

ဥစမ်းအရွယ်ကနေ စမွေးမယ်ဆိုရင်ရော..? ဥစမ်းအရွယ်ဝယ်မွေးမဲ့သူဆိုရင်တော့ မှန်ကန်တဲ့ဘဲသက်နဲ့ မှန်ကန်တဲ့ဘဲအုပ်ရရှိဖို့က အရေးကြီးတယ်လို့ ဘဲမွေးမြူရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။ မမှန်ကန်တဲ့ဘဲအုပ်ကို ဝယ်ယူမွေးမြူမိမယ်ဆိုရင် ရမယ့်အကျိုးအမြတ်လည်း ကွာခြားနိုင်လို့ပါ။ 

ငွေကြေးလည်း ရင်းနိုင်တယ်။ အလုပ်လည်း မရှုပ်ချင်ဘူး။ ကိုယ့်ငွေရင်းလေးကို အချိန်တိုအတွင်း ပြန်မြင်ရချင်တယ်ဆိုရင်တော့ မှန်ကန်သင့်တော်တဲ့ဈေးနဲ့ ဘဲအုပ်ကောင်းကောင်းရရှိအောင် စိတ်ချယုံကြည်ရတဲ့သူတွေထံမှ ဝယ်ယူမွေးမြူလိုက်ပါလို့ အကြံပြုချင်ပါတယ်ခင်ဗျာ

ဟု ကိုအောင်ကိုဦးက ဆက်လက်ပြောပါတယ်။

ဒါကြောင့် ဘဲမွေးမြူရေးကို စတင်လုပ်ကိုင်တော့မယ့် မိတ်ဆွေတို့အနေနဲ့လည်း မှန်ကန်ပြီး၊ စိတ်ချရတဲ့ ဘဲသားပေါက်ရောင်း၀ယ်သူတွေကို သေချာရှာဖွေပြီး၊ မျိုးကောင်းမျိုးသန့် ဘဲမျိုးတွေကို ရွေးချယ် မွေးမြူကြရင်း၊ ဘဲမွေးမြူခြင်းနဲ့ စီးပွားဖြစ်ထွန်းနိုင်ကြပါစေ။

နန်းထက်ထက်ချစ် (ABM)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်