ဆန်လုံးညိုနဲ့ ကျန်းမာရေး

14/10/2020 12:45 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    ကမ္ဘာပေါ်ရှိ လူတိုင်းလိုလိုသည် အသက်ရှင်ရန် ဆန်ကိုချက်ပြီး ထမင်းစားသုံးကြပါသည်။ တချို့တိုင်းရင်းသားများနှင့် တချို့နိုင်ငံများတွင် လူး၊ ဆပ်၊ အာလူး စသော သီးနှံများကို စားသုံးသည်ရှိသော်လည်း အများစုမှာ ထမင်းစားကြသည်မှာ မလွဲဖစ်ပါသည်။

    ဆန်ဟုပြောရာတွင် လူတို့နေ့စဥ်စားနေသော ဆန်ဖြူဖြူလေးများသည် အဆင့်ဆင့်ပြုပြင်ပြီးမှ ရလာသော ဆန်များဖြစ်ပါသည်။ ဆန်လုံးညိုဆိုသည်မှာလည်း စပါးကိုအခွံချွတ်၍ရလာသော ကျန်းမာရေးနှင့်ညီညွတ်သည့် ဆန်ပင်ဖြစ်ပါသည်။ ဆန်လုံးညိုသည် စပါးကိုအခွံချွတ်ပြီးနောက် စား၍ရသည့်အဆင့်ဖြစ်အောင် ဖွတ်ကာ ရလာသောဆန်ဖြစ်ပါသည်။

    ပုံမှန်စားသုံးနေကြဆန်များသည် စပါးကိုအခွံချွတ်ပြီးနောက် စား၍ရသော ဖွဲနုအလွှာတစ်ခုကို ထပ်မံဖယ်ရှားပြီး နောက်ဆုံးတွင် ဖြူဖွေးအောင်အကြိမ်ကြိမ်ဖွတ်ထားသော ဆန်များဖြစ်ပါသည်။ ဆန်လုံးညိုမှာမူ ထိုသို့မဟုတ်ဘဲ အပေါ်ယံစပါးခွံကိုဖယ်ရှားပြီးနောက် အကြိမ်ကြိမ်မဖွတ်ဘဲ စား၍ရသော အတိုင်းတာထိထားပြီး အပေါ်ယံဖွဲနုလွှာပါး (bran layer) ကို မဖယ်ရှားထားသော ဆန်ဖြစ်ပါသည်။ အကြိမ်ကြိမ်ဖွတ်ထားသော ဆန်များသည် အပေါ်ယံလွှာရှိ အဖိုးတန် vitamins (ဗိုက်တာမင်) များ၊ fibres  (အမျှင်) များစွာကုန်ဆုံးသွားကာ အာဟာရဓာတ်ကို လိုသလောက်ပေးနိုင်တော့ပါ။ ဆန်လုံးညိုသည် အပေါ်ယံအလွှာပါးပါဝင်သောကြောင့် သာမန်ဆန်များကဲ့သို့ နှစ်ရှည်မခံတတ်ပါ။ သာမန်အားဖြင့် အခန်းအပူချိန်တွင် 6 လခန့် အထားခံပါသည်။

    အာဟာရဓာတ်မြင့်မားသော ဆန်လုံးညိုကို ဝိတ်ချရာတွင်လည်း အသုံးပြုကြပါသည်။ ကိုလက်စထရောနှင့် ကယ်လိုရီပါဝင်မှုကလည်း သာမန်ဆန်ထက်ပိုနည်းသဖြင့် ဝိတ်ချသူများရွေးချယ်ရန် အထူးသင့်တော်ပါသည်။ ဆန်လုံးညို၏ အပြင်ဘက်ဆုံးအလွှာကြောင့် အမျှင်ဓာတ်ပါဝင်မှုမြင့်မားကာ ဆာလောင်မှုကို ထိန်းချုပ်ပေးပါသည်။ ထို့ကြောင့် ဝိတ်ချနေသူများကလည်း ထမင်းဖြူအစား ဆန်လုံးညိုကို အစားထိုးစားသင့်ပါသည်။ ဆန်လုံးညိုတွင် lignan ဓာတ်ပါခြင်းသည် နှလုံးရောဂါဖြစ်ခြင်းကိုလည်း ဟန့်တားပေးပါသည်။ Antioxident သည်လည်း ကင်ဆာဖြစ်ခြင်းကို လျော့နည်းစေပါသည်။

    ဆန်လုံးညိုတစ်ခွက်တွင် မဂ္ဂနီဆီယမ် ၂၁ % ပါဝင်ပါသည်။ မဂ္ဂနီဆီယမ်သည် အရိုးများတွက်ကောင်းမွန်စေပြီး ကြွက်သားများကို ပြေလျော့စေပါသည်။ ဆီးချိုသမားများအတွက်လည်း ကယ်လိုရီပါဝင်မှုနည်းသော ဆန်လုံးညိုကို ဆန်ဖြူအစားထိုးသုံးနိုင်ပါသည်။ ထို့ပြင် ဗိုက်တာမင်နှင့် အခြားအာဟာရများကြွယ်ဝသဖြင့် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါသည်။ ဤသို့အာဟာရဓာတ်များကြွယ်ဝသော ဆန်လုံးညိုကို ချက်ရာတွင်လည်းသာမန်ထမင်းချက်သကဲ့သို့ ချက်နိုင်ပါသည်။ သို့သော် ညအိပ်ခါနီးတွင်မူ အစာမ​ကြေဖြစ်တတ်၍ အလွန်အမင်းမစားမိရန်လိုပါသည်။

    ထို့ကြောင့် ထမင်းဖြူအစား တစ်ခါတစ်ရံတွင်ဆန်လုံးညိုကို အစားထိုးစားကြည့်သင့်ကြောင်း ရေးသားဖော်ပြလိုက်ရပါတော့သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်