ငါးတန်မွေးမြူ ရေးစီမံကိန်းအတွက် ရှယ်ယာတစ်စုလျှင် ကျပ်သိန်း ၁၀၀၀ ဖြင့် ဇွန်လတွင် စတင်ခေါ်ယူမည်

29/05/2019 10:25 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ မြေဧက ၉၀၀ ကျော်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ငါးတန်မွေးမြူရေး စီမံကိန်းအတွက် ရှယ်ယာတစ်စုလျှင် သိန်း ၁၀၀၀ ဖြင့် အစုရှယ်ယာပေါင်း ၁၀၀ ကို ဇွန်လအတွင်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း Global Earth Public Co.Ltd မှ သိရသည်။ 

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် မေလ ၂၈ ရက်က ကျင်းပပြုလုပ်သည့် ၉/၂၀၁၉ ကြိမ်မြောက် သား၊ ငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။ 

"ရှယ်ယာခေါ်တဲ့နေရာမှာ ရှယ်ယာတစ်စု သိန်း ၁၀၀၀ ပေါ့။ လူတန်းစားအားလုံး ပါဝင်နိုင်ရေးလို့ ပြောတဲ့အတွက် အကုန်လုံးပါဝင်စေချင်တယ်။ လူအယောက် ၂၀ ဆို ရင် သိန်းတစ်ထောက်ဖြစ်မယ်။ လူ ၁၀ ယောက်ဆိုရင် သိန်း ၁၀၀၀ ဖြစ်မှာပေါ့။ အဲ့ဒီလို လူတန်းစားမရွေး ပါဝင်နိုင်အောင် SME လေးတွေ ဖွဲ့ပေးမယ်။ SME ဖွဲ့ပြီးတဲ့အခါကြတော့ သူတို့လိုအပ်လို့ရှိရင် အစာအပြင် သူတို့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ လုပ်မယ်။ သူတို့လည်း သူတို့တတ်နိုင်သလောက် အခုထည့်ပေါ့။ ဒီကထွက်တဲ့ ငါးတွေကို တစ်ခါတည်း ဝယ်ယူပေးမှာဆိုတော့ သူတို့တွေ ဈေးကွက်ကို စိတ်ပူစရာမလိုပဲ အမြတ်ပဲယူရုံပါ။ တရုတ်နဲ့ US ဈေးကွက်ကို ထိုးဖောက်နိုင်အောင် အခုအကုန်လုပ်နေတယ်။ ဒီကအကုန်ထွက်တာနဲ့ market ထဲ ရောက်နိုင်အောင် အကုန်လုံးစီစဉ်နေတယ်။ ဒါကြောင့် ဒီမှာ ယုံယုံကြည်ကြည်နဲ့ အစုရှယ်ယာဝင်စေချင်တယ်။" ဟု Global Earth Public Co.Ltd မှ ဒါက်တာ ဒေါက်တာတိုးနန္ဒာတင် က ပြော သည်။ 

ယင်းကဲ့သို့ အစုရှယ်ယာရှင်များ ဖိတ်ခေါ်ရန်အတွက်လည်း ရှေ့နေပညာရှင်များဖြင့် လုပ်ဆောင်ပြီးဖြစ်ကြောင်း သိရသည်။ 

ငါးတန်မွေးမြူ ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေနေရာကို သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ရှိမရှိကို MIC အဖွဲ့ကိုယ်စား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်အပါအဝင် တာဝန်ရှိသူများမှ လာရောက်စစ်ဆေး၍ MIC ဥက္ကဋ္ဌသို့ အစီရင်ခံတင်ပြခဲ့ခြင်းကြောင့် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရှယ်ယာရှင်များအား လာမည့် ၂၀၂၀ ခုနှစ် ဇွန်လအတွင်း အမြတ် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကြား ခွဲဝေပေးနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ငါးတန်မွေးမြူရေးစီမံကိန်းအား SME များနှင့် စတင်သွားမည်ဖြစ်၍ SME Group ၁၀၀ ကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ 

"သူတို့ကိုပေးနိုင်တဲ့ အမြတ်ကို ပြန်တွက်ရတယ်။ ဘာလို့လည်းဆိုတော့ ရှယ်ယာထည့်ပြီးပြီဆိုရင်တော့ ဒီလူက အမြတ်လိုချင်မှာပဲလေ။ ဒါကြောင့် အမြတ်ကို အနည်းဆုံး ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ရအောင်လုပ်ပေးဖို့ ဆန္ဒရှိတယ်။ ဒါက ကိုယ့်မှာ သိန်းတစ်ရာရှိလို့ ရှယ်ယာဝင်ထားရင် အမြတ် ၁၅ သိန်းရမှာပါ။ အဲ့ဒါဆိုရင် လူတိုင်းကလည်း စိတ်ဝင်စားပြီး လုပ်လာမယ်။ လူတိုင်းပါစေချင်တဲ့အတွက် ကန်တစ်ရာ စလုပ်ပါမယ်။ SME group ၁၀၀ အရင်ဖွဲ့ပြီးတော့ အစုရှယ်ယာကို နောက်လစခေါ်ပါမယ်။" ဟု ဒေါက်တာတိုး နန္ဒာတင်က ပြောသည်။ 

ယင်းအပြင် ငါးမွေးမြူရေးလုပ်ကိုင်ရာတွင် ရှယ်ယာရှင်များ အနေဖြင့် Global Earth ကုမ္ပဏီမှ ချမှတ်ထားသော မွေးမြူရေးနည်းစနစ်အတိုင်း လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် မွေးမြူကန်များမှ ထွက်ရှိလာသော ငါးများအား တစ်ပိဿာလျှင် အနိမ့်ဆုံးကြမ်းခင်းဈေး ကျပ် ၂၂၀၀ ဖြင့် ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါစီမံကိန်းနှင့်အတူ အစာစက်ရုံများ၊ အအေးခန်းစက်ရုံများကိုလည်း တွဲဖက်လုပ်ဆောင်သွားမည်ဖြစ်ပြီး စီမံကိန်းတစ်ခုလုံးအတွက် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ သန်း၂၀၀ ကနဦး ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်