အမျိုးသား အမျိုးသမီးတို့အတွက် ဆေးဘက်ဝင်ဗုဒ္ဓသရဏပင် (ဂုဏ်တော်ပင်)
မျိုးရင်း - Cannaceae. (ဗုဒ္ဓသရဏမျိုးရင်း)
မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်သည်။ အလေ့ကျပေါက်ရောက်သော်လည်း အလှစိုက်ပင်အဖြစ်လည်း စိုက်ပျိုးကြသည်။ မြန်မာဆေးကျမ်းများအလိုအရ ဗုဒ္ဓသရဏအမြစ်ကို အဖျားရောဂါနှင့်အဖျဉ်းရောဂါ၌ ဆီးများစေရန် သောက်ရသည်။ အစေးသည် ဝမ်းမီးကို တောက်စေသည်။ အနာကို ပျောက်ကင်းစေသည်။
အသုံးပြုပုံ -
အပွင့်နု၊ အသီးနု
(၁) ရေနွေးဖြော၍ တို့စားခြင်း၊ သုပ်စားခြင်းဖြင့် ဆီးနည်းခြင်း၊ ချုပ်ခြင်းကို ပျောက်ကင်းစေရုံသာမက အဖျားရောဂါကိုပင် ပျောက်ကင်းစေပါသည်။
(၂) ဆိတ်သားနှင့် စွပ်ပြုတ်လုပ်၍သောက်ပါက ပန်းညှိုးသူများ လျင်မြန်စွာ ပန်းကိုလန်းစေသည်။ ဝက်သား၊ အမဲသားတို့နှင့် စွပ်ပြုတ်လုပ်သောက်ပါက ကုန်ဆုံးသွားသော အားကို ပြန်လည်ရေစေပြီး ကိုယ်နှုတ်နှလုံး ရွှင်လန်းစေသည်။
(၃) အပွင့်ကလေးများအား ပြုတ်၍ရသောရေဖြင့် ငါးမြွေထိုး၊ ငါးဟင်းချက်ရာတွင် လောင်း၍ ချက်ပြီးစားပါက မြီးညှောင့်ရိုးကိုက်သော ရောဂါ၊ ခါးကိုက်ခဲသော ရောဂါ၊ ပိတ်ဝမ်းရောဂါတို့အား ပျောက်ကင်းစေရုံမက ဇက်ကြောတက်ရောဂါ၊ အနာရင်းသောကြောင့် နာကျင်ကိုက်ခဲသော ရောဂါ၊ ဝမ်းပျက်၊ ခံတွင်းပျက်၊ ခြေဆစ် လက်ဆစ် ညောင်းခြင်း၊ ပါးစပ်ချွဲခြင်း စသော ရောဂါများ ပျောက်ကင်းစေသည်။
အမြစ် -
(၁) ပြုတ်ကျို၍ လက်ဖက်ရည်အကြမ်းပန်ကန် တစ်ဝက်ခန့်တွင် ဆားပုပ်မှုန့်အနည်းငယ်ခတ်၍သောက်က အဖျားရောဂါပျောက်ကင်းသည့်အပြင် လည်ချောင်းနာ၊ လည်ချောင်းပူ၊ ချွဲသလိပ်ကပ်ရောဂါများ ပျောက်ကင်းစေသည်။
(၂) ထန်းလျက်နှင့်ပြုတ်ကျို၍ အကြမ်းပန်ကန်လုံးတစ်လုံးခန့် နံနက်တိုင်းသောက်သုံးပါက အဖျဉ်းရောဂါ ပျောက်စေသည့်အပြင် ကိုယ်လက်နာကျင်ကိုက်ခဲခြင်းနှင့် ဝမ်းထဲရစ်၍နာကျင်ခြင်း၊ အသားအရည် နာကျင်ခြင်း၊ ပူလွန်း၊ အေးလွန်းခြင်းတို့ အမြန်ပျောက်ကင်းစေသည်။
ဥတက် -
(၁) ဓားနှင့်ပါးပါးလှီး အခြောက်လှန်း၍ ထန်းလျက်နှင့် ယိုထိုးကာ စမုန်မျိုးငါးပါး အမှုန့်လုပ်၍ထည့်ပြီး ဖန်ဘူးတွင်ထည့်၍ နံနက်တစ်ခါ၊ ညအိပ်ရာဝင်တစ်ခါ ကွမ်းသီးလုံးခန့် စားပါက ယောကျာ်းမိန်းမ ဒူလာ မီးယပ်ရောဂါ၊ သွေးသားမညီညွတ်ခြင်း၊ မီးယပ်ဝမ်းပျက်၊ သွေးဆုံး၊ ကိုယ်လက်တို့၌ သွေးလေမလျှောက်ခြင်း၊ လိပ်ခေါင်း၊ ပန်းညှိုး၊ အသားအရေခြောက်ကပ်၊ အားအင်ကုန်ခမ်းခြင်း၊ အသားအရေ စေးထန်းထန်းဖြစ်ခြင်း၊ ခါးနာ၊ ထုံကျင်ကိုက်ခဲခြင်းနှင့် အသားဝါရောဂါများ ပျောက်ကင်းစေသည်။
(၂) ဥပြုတ်ရည်ကို ဒိုပါလာသကြားနှင့်ဖျော်ပြီး နံနက်ည လက်ဖက်ရည်အကြမ်းပန်ကန်လုံး တစ်လုံးကျ သောက်ပေးပါက အမျိုးသမီးများ အဖြူအနီဆင်းခြင်း၊ မစားချင် မသောက်ချင်ဖြစ်ပြီး ပိန်ချုံးကာ ကိုယ်သားကိုယ်ရေ နံစော်လာခြင်း၊ တစ်ကိုယ်လုံး ကျိန်းပြီး နာခြင်း၊ အသားအရေပူ၍ ပြာနှမ်းနှမ်းဖြစ်ခြင်း၊ ခေါင်းဦးရေကျိန်းခြင်း၊ အကြောအခြင်တင်းခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်း၊ သွေးပုပ်ဆန်ခြင်းနှင့် ဆီးရောဂါဖြစ်ခြင်းများကို ပျောက်ကင်းစေသည်။
source - မြန်မာ့ဆေးဝါးပင်များ
ဆက်စပ်ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ
KO Thiha lin • ဖြေကြားချက် 0 ခု
ငရုတ်စုပ်းစားပိုးအမြစ်ပြတ်နိင်ဆေးညွန့်ကြပါအုံး
ကိုဝေယံအောင် • ဖြေကြားချက် 0 ခု
3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့
ကိုဝေယံအောင် • ဖြေကြားချက် 0 ခု
ကျောက်ဖရုံဘယ်ဈေးပေါက်လည်းရောင်းစရာရှိလို့ပါ
ပြည့်ဖြိုးအောင် • ဖြေကြားချက် 1 ခု
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်
U Yan • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026