ဧပြီလ ၂၂ ရက်နေ့က ကမ္ဘာမြေနေ့ဖြစ်ပါတယ်။
ကမ္ဘာမြေနေ့ကို ၁၉၇၀ ခုနစ်ကတည်းက စတင်ကျင်းပလာပြီး ယခု ၂၀၂၀ ပြည့်နှစ်မှာဆိုရင်တော့ နှစ် ၅၀ ပြည့်ပါပြီ။
ကမ္ဘာမြေနေ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ လူသားတွေကြောင့် ကမ္ဘာကြီးပျက်စီးလာမှုကို သတိထားမိပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ဆောင်ကြဖို့ပဲ ဖြစ်ပါတယ်။
ကမ္ဘာကြီးပူနွေးလာမှု၊ လေထုညစ်ညမ်းလာမှု၊ ရာသီဥတုဖောက်ပြန်မှု၊ တောရိုင်းတိရိစ္ဆာန်များ မျိုးတုန်းပျောက်ကွယ်မှု အစရှိတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှုတွေလျော့နည်းလာအောင် လူသားအားလုံး ဝိုင်းဝန်းလုပ်ဆောင်သင့်ပါတယ်။
၂၀၁၉ အထိ ကမ္ဘာမြေနေ့ကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် စည်ကားစွာကျင်းပကြပြီး ၂၀၂၀ တွင် ကိုရိုနာဗိုင်းရပ်ကြောင့် အွန်လိုင်းဖြင့်သာ ဆုတောင်းစာများရေးသား၍ ကျင်းပကြပါသည်။
အစိမ်းရောင်လမ်းမိသားစုမှလည်း ကမ္ဘာမြေကြီးကျန်းမာပါစေကြောင်း ထပ်တူဆုတောင်းပေးလိုက်ပါတယ်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more