အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?

အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?

Green Way
Green Way • 07/10/2026

ဈေးတန်းကြီးဆိုတာ... အစိမ်းရောင်လမ်းကို အသုံးပြုနေတဲ့ မိတ်ဆွေတောင်သူဦးကြီးတို့ရဲ့ စိုက်ခင်းထဲက ထွက်ရှိတဲ့ ထုတ်ကုန်တွေကို အခမဲ့ လာရောက်ရောင်းချနိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုပဲ ဖြစ်ပါတယ်။

ဈေးတန်းကြီးထဲမှာဆို

👉 ကျမတို့ရဲ့ မိတ်ဆွေတောင်သူတွေ စိုက်ခင်းကနေ ထွက်ရှိတဲ့ သီးနှံတွေကို ဝယ်လက်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်အောင်

👉 ကုန်သည်တွေအနေနဲ့လည်း အစိမ်းရောင်လမ်းဆော့ဝဲလ်ထဲမှာ ပို့စ်တင်ပြီး

တောင်သူတွေဆီကနေ သီးနှံတွေဝယ်ယူနိုင်အောင် ရိုးရှင်းစွာနဲ့ အလွယ်ကူဆုံး ပြုလုပ်ထားတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တာမို့လို့

အရင်လို Zaytangyi.com ကို သီးသန့် သွားရောက် ရောင်းချနေစရာမလိုတော့ဘဲ

အစိမ်းရောင်လမ်းရဲ့ အသစ်မိတ်ဆက်ထားတဲ့ website ထဲမှာပဲ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်...

ဒါတင်မကဘဲ အစိမ်းရောင်လမ်းရဲ့ Website ထဲမှာ

တခြား Upgrade မြှင့်ထားတဲ့ လုပ်ဆောင်ချက်အသစ်လေးတွေလည်း ရှိသေးတယ်

ဘယ်သူတွေ သိထားကြပြီလဲ? 🤔

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပဲမြစ်ဖုမြေဩဇာကို ကိုယ်တိုင်လုပ်လို့ရလား

Khing Hein • ဖြေကြားချက် 0 ခု

နှစ်ပေါင်း နှစ်ဆယ်လောက် စားကျက်လို ပုံစံမျိုးဖြစ်နေတဲ့ မြေမှာ pH 5.6ပဲရှိပြီး ကျန်တဲ့အာဟာရတွေမရှိတဲ့မြေကို မြေပြုပြင်ချင်တဲ့အတွက် ကျွန်မ အော်ဂဲနှစ်နည်းနဲ့ ပဲပုပ်နဲ့ပိုက်ဆံလျှောက်စိုက်ပျိုးခဲ့ပါတယ်ရှင့်။ 1.5.2026မှာ စိုက်ခဲ့တဲ့ပဲပုပ်ပင်ဟာ Julyလ 7လ ပိုင်းမှာ မိုးတစ်လပြတ်တာနဲ့ကြုံလိုက်ရပါတယ်ရှင့်။ ဓာတ်ပုံကတော့ မိုးပြတ်တုန်းကအပင်အခြေအနေပါ။ 9လပိုင်းမှာ သီးနှံရိတ်သိမ်းခဲ့ပါတယ်ရှင့်။ အထွက်နှုန်းမရဘဲ ပိုးကျတဲ့ သီးနှံနည်းနည်းပဲရလိုက်ပါတယ်ရှင့်။ မိုးပြတ်ပြီး 8လပိုင်း မိုးပြန်ရွာချိန်မှာ ရုတ်တရက်ပိုးကျလာတာမနိုင်သလိုဖြစ်သွားပါတယ်ရှင့်။အဲဒါ ဘာကြောင့်ပိုးကျသွားတာလဲသိချင်လို့ပါရှင့်။ ပိုးမကျခင်တုန်းကတော့ သဘာ၀ပိုးသတ်ဆေးတမာဆေးသုံးခဲ့ပါတယ်ရှင့်

မနွယ် • ဖြေကြားချက် 1 ခု

ဆရာရေ ကန့်၅၀ကျပ်သား ထုံး၂၅ကျပ်သား မှိုဆေးဖော်တာကြိုတုန်းကအရောင်က အစိမ်းပုပ်ရောင် အအေးခံလိုက်တော့ဝါနုရောင် သုံးလို့ရလားအပင်အတွက်ရောထိခိုက်မူ့ရှိလားဗျ

wai phyo naing • ဖြေကြားချက် 0 ခု

အရွက်တွေ ဝါနေလို့ ဘာဆေးသုံးရတာလဲ မသိလို့ပါ

Cho Cho Win • ဖြေကြားချက် 4 ခု

စပျစ်ပင်ပိုးကျပြီးအရွက်တွေခြောက်ကြွေကျနေတာဘာဆေးသုံးမလဲဗျ

Paul shan aung. • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။