စိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့ရများအသင်းမှ စီစဉ်ကျင်းပသည့် စိုက်ပျိုးရေး ဟောပြောပွဲ မည်သူမဆို တက်ရောက်နိုင်

03/07/2015 09:41 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့ရများ အသင်း (ရန်ကုန် ရုံးခွဲ) မှ စီစဉ်ကျင်းပသည့် စိုက်ပျိုးရေးဟောပြောပွဲကို ရန်ကုန်မြို့ မြေပဒေသာဥယျာဉ်တွင် ကျင်းပသွားမည် ဖြစ်ပါသည်။ ၁၈.၇.၂၀၁၅ (စနေနေ့) တွင် စိုက်ပျိုးရေး ရရှိနိုင်သည့် နည်းလမ်းများ ခေါင်းစဉ်ဖြင့် ဦးဟုတ်စန်း (မန်နေဂျာ-ငြိမ်း၊ လယ်-စိုက်-ရှင်း) မှ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ဟောပြောသွားမည်ဖြစ်ပါသည်။ ၂၅.၇.၂၀၁၅ (စနေနေ့) တွင် ဦးတင်ဝင်း (လက်ထောက်ညွှန်ကြားရေးမှူး မှ အန္တရာယ်ရှိ စိုက်ပျိုးရေးသုံး ဓာတုဆေးများကို ကွပ်ကဲ ထိန်းသိမ်းတားမြစ်ရသည့် အကြောင်းအရင်းများ ခေါင်းစဉ်ဖြင့် မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ဟောပြောသွားမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မည်ဖြစ်ပြီး ဖုန်းနံပါတ် ၀၉ ၂၅၄ ၀၂၂ ၄၁၈ သို့  ဆက်သွယ်၍ စာရင်းကြိုတင် ပေးသွင်းထားရမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်