နေပီယာမြက်ဖြင့် အာဟာရပြည့်ဝစေသော ကြက်၊ ဘဲအစာ ပြုလုပ်နည်း

18/04/2022 11:00 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

 

ကြက်၊ဘဲများအတွက် နေပီယာမြက်အပါအဝင် အခြားကုန်ကြမ်းပစ္စည်းများဖြင့် ပြုလုပ်ထားသော လုပ်ရတာလည်း လွယ်ကူပြီး အာဟာရလည်း ပြည့်ဝစေသည့် ကြက်၊ဘဲ အစာလုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ပြုလုပ်ရာတွင်…..

 

လိုအပ်သော ကုန်ကြမ်းပစ္စည်းများမှာ-

 

နေပီယာမြက် - ၁ရက်စာ အစာစပ်မယ့်ပုံးရဲ့တစ်ဝက်

 

ငှက်ပျောပင်(ပါးပါးလှီး)  -   ၁ရက်စာ အစာစပ်မယ့်ပုံးရဲ့တစ်ဝက်

 

အသင့်သုံးစပ်စာ           -    ၁ရက်စာ အစာစပ်မယ့်ခွက် ၁ခွက်စာ

 

ဆန်ကွဲ - ၁ ကီလိုဂရမ်

 

ဖွဲနု                          -၃ ကီလိုဂရမ်တို့ လိုအပ်ပါတယ်။

 

ပြုလုပ်ပုံမှာ-

 

၁။ နေပီယာမြက်ကို ၂စင်တီမီတာ အရှည်ခုတ်ပြီး ပါးပါးလှီး ထားသော ငှက်ပျောပင်ဖြင့်ရောကာ နူးညံ့သွားသည်အထိ ထောင်းပေးပါ။ 

 

၂။ ပြီးလျှင် ကျန်နေသော အခြားကုန်ကြမ်း(စပ်စာ+ဆန်ကွဲ+ဖွဲနု) ပစ္စည်းများဖြင့် ရော၍ ကြက်၊ ဘဲများကို ကျွေးနိုင်ပါတယ်။

မှတ်ချက်။  ။အစာကို ၁ရက် စားလောက်ရုံသာ ပြုလုပ်ပါ။

 

၁ကီလိုဂရမ်=၆၂ကျပ်သား

 

မှီငြမ်း-မွေးကုဦးစီးဌာနမှဖြန့်ဝေသော လက်ကမ်းစာစောင်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်