အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အိန္ဒိယနိုင်ငံဘက်သို့ ဦးတည်နေသည့် အပူပိုင်းမုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံပေါ်သက်ရောက်မှုများ

အိန္ဒိယနိုင်ငံဘက်သို့ ဦးတည်နေသည့် အပူပိုင်းမုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံပေါ်သက်ရောက်မှုများ


ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ် (INVEST 98B) သည် ပိုမိုအားကောင်းလာပြီး Cyclonic Storm 02B အဖြစ်သို့ ရောက်ရှိလာခဲ့ပါသည်။ Zoom Earth မှ နောက်ဆုံးရရှိသော မိုးလေဝသ ဂြိုဟ်တုအချက်အလက်များနှင့် လမ်းကြောင်းခန့်မှန်းချက်များအရ သုံးသပ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေ (Current Status)

  • မုန်တိုင်းအဆင့်: Cyclonic Storm (အပူပိုင်းမုန်တိုင်း)

  • ဗဟိုချက် တည်နေရာ: မြောက်လတ္တီတွဒ် ၁၇° ၅၁′၊ အရှေ့လောင်ဂျီတွဒ် ၉၀° ၁၂′ ဝန်းကျင် (ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း)

  • ဗဟိုအနီး အမြင့်ဆုံး လေတိုက်နှုန်း: ၃၅ နော့ (တစ်နာရီလျှင် ၆၅ ကီလိုမီတာ / ၄၀ မိုင် ဝန်းကျင်)

  • ဗဟိုဖိအား: ၁၀၀၂ မီလီဘား (mb)


 
ဆက်လက် အားကောင်းနိုင်မည့် အခြေအနေ (Forecast Intensity & Track)


မုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်မှတစ်ဆင့် မြောက်-အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားလျက်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုအခြေအနေများကြောင့် ဆက်လက် အားကောင်းလာမည်ဖြစ်ပါသည်။

အောက်တိုဘာ ၂၆ (ညပိုင်း): Severe Cyclonic Storm (SC) အဆင့်သို့ တိုးတက်လာနိုင်ပြီး လေတိုက်နှုန်း နော့ ၅၀ (တစ်နာရီ ၉၅ ကီလိုမီတာဝန်းကျင်) ထိ မြင့်တက်လာမည်။

အောက်တိုဘာ ၂၇: ပိုမိုအားကောင်းလာပြီး Very Cyclonic Storm (VC) အဆင့်အထိ ရောက်ရှိကာ ဗဟိုအနီး အမြင့်ဆုံး လေတိုက်နှုန်း ၆၀ မှ ၆၅ နော့ (တစ်နာရီ ၁၁၀ - ၁၂၀ ကီလိုမီတာဝန်းကျင်) အထိ ရှိလာနိုင်ပါသည်။

ရွေ့လျားမည့် လမ်းကြောင်း: မုန်တိုင်းသည် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းလွန် (အန်ဒရာပရာဒေ့ရှ်နှင့် ဩရိဿကမ်းလွန်) ဘက်သို့ ဦးတည်ရွေ့လျားပြီးနောက် အိန္ဒိယအရှေ့ဘက်ကမ်းခြေ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘက်ကမ်းလွန်ဒေသများသို့ ဦးတည်ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းမှ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြသ် တဖြည်းဖြည်းအားလျော့သွားမည့် ခန့်မှန်းလမ်းကြောင်းပေါ်တွင် ရှိနေပါသည်။


 
မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသ အခြေအနေများ


မုန်တိုင်း၏ ဗဟိုချက်သည် အိန္ဒိယနိုင်ငံဘက်သို့ ဦးတည်နေသော်လည်း မုန်တိုင်း၏ အပြင်ပိုင်း မိုးတိမ်တိုက်ကြီးများ (Outer rainbands) နှင့် မုတ်သုံလေ/အရှေ့ဘက်မှ လေပွေလှိုင်းများ၏ ဆွဲငင်မှုကြောင့် မြန်မာနိုင်ငံ ဒေသအချို့တွင် မိုးလေဝသအခြေအနေ သက်ရောက်မှုများ ရှိလာမည်ဖြစ်ပါသည်။


မိုးရွာသွန်းနိုင်မှု


ရခိုင်ကမ်းရိုးတန်းဒေသများ (မောင်တော၊ စစ်တွေ၊ သံတွဲ စသည်): မုန်တိုင်းနှင့် နီးကပ်သည့်အတွက် နေရာကွက်ကျားမှ နေရာစိပ်စိပ် မိုးကြီးနိုင်ပြီး လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်း: မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် မိုးတိမ်တိုက်များ ပေါင်းစပ်ကာ မိုးနေရာကွက်ကျားမှ နေရာစိပ်စိပ် ရွာသွန်းနိုင်ပါသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်: မုန်တိုင်း မြောက်ဘက်သို့ ရွေ့လျားစဉ် အစွန်အဖျား တိမ်တိုက်များကြောင့် မိုးရွာသွန်းနိုင်ပါသည်။


 
ပင်လယ်ပြင်အခြေအနေ


ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်: လှိုင်းကြီးမည် သို့မဟုတ် လှိုင်းအသင့်အတင့်မှ အလွန်ကြီးနိုင်ပြီး လေပြင်းတိုက်ခတ်စဉ် လှိုင်းအမြင့် ၈ ပေ မှ ၁၂ ပေအထိ မြင့်တက်နိုင်ပါသည်။

မြစ်ဝကျွန်းပေါ်နှင့် မုတ္တမကွေ့ ကမ်းလွန်ပင်လယ်ပြင်: လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
 
သတိပြုရန် ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်များ


ရေကြောင်းနှင့် ပင်လယ်ငါးဖမ်းလုပ်ငန်းများ: ရခိုင်ကမ်းလွန်နှင့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းသို့ ထွက်ခွာမည့် ငါးဖမ်းသင်္ဘောများ၊ စက်လှေများအနေဖြင့် အောက်တိုဘာ ၂၈ ရက်နေ့အထိ ပင်လယ်ပြင်ထွက်ခွာခြင်းကို သတိပြု ရှောင်ရှားသင့်ပါသည်။


စိုက်ပျိုးရေးဒေသများ: မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်နိုင်သဖြင့် ရိတ်သိမ်းခါနီး စပါးနှင့် သီးနှံများ ပျက်စီးမှုမရှိစေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် အကြံပြုလိုပါသည်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

You

ဆက်စပ်ဆောင်းပါးများ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။