ကုလားပဲကော မတ်ပဲပါ ဈေးတက်နေသော်လည်း မတ်ပဲဈေး ယခုလကုန် ပြန်ကျနိုင်ဟု ကုန်သည်အချို့ ခန့်မှန်း
ကုလားပဲဈေးတွေ ပြီးခဲ့တဲ့တစ်ပတ်အတွင်း မြင့်တက်လာပါတယ်။ ဈေးရနေတဲ့ အဓိကအချက်ကတော့ အထွက်နည်းတဲ့အတွက် အဝယ်လိုက်နေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

အဓိကကတော့ ပြည်ပတင်ပို့နေတဲ့ ကုလားပဲတွေက ပိုဈေးတက်နေတာပါ။ ဒါပေမဲ့ တချို့အမျိုးအစားတွေလည်း အနည်းငယ်မြင့်တက်နေတယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၂၃၀၀ ကနေ ၂၃၈၅ ကျပ်၊ ကုလားပဲလုံး ဖြူကြီးကတော့ တစ်ပိဿာကို ၂၅၅၀ ကနေ၂၅၈၅ ကျပ်၊ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၃၁၀၀ ကနေ ၃၃၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။
မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(v2) က တစ်အိတ်ကို ၁၄၈၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ ကျပ်၊ (v7) ကတော့ တစ်အိတ်ကို ၁၅၄၀၀၀ ကနေ ၁၅၅၀၀၀ ပေါက်ဈေး ရှိပြီး ၄၀၀၀ ကျပ်၊ ကုလားပဲ၉၂၉ ကတော့ တစ်အိတ်ကို ၁၃၈၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)ကတော့ တစ်အိတ်ကို ၁၃၄၀၀၀ ကနေ ၁၃၅၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ် အသီးသီး ဈေးမြင့်တက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်) က တစ်တင်းကို ၄၅၅၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀ကျပ်၊ ကုလားပဲ ၉၂၉ က တစ်တင်းကို ၄၆၅၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ၊ ကုလားပဲ(v2) က တစ်တင်းကို ၄၉၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။
မကွေးဈေးကွက်မှာလည်း ကုလားပဲ(ဟော်လန်)က တစ်တင်းကို ၄၄၂၀၀ ပေါက်ဈေးရှိပြီး ၄၀၀ကျပ်၊ ကုလားပဲ (၉၂၉) ကတော့ ၄၅၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်း ကို ၁၀၀၀ ကျပ်ဈေးတက်လာပြီး ၊ ကုလားပဲသေးကတော့ တစ်တင်းကို ၄၂၀၀၀ ပေါက်ဈေးနဲ့ဈေးငြိမ်နေတယ်လို့ သိရပါတယ်။
မတ်ပဲကတော့ တစ်ပတ်အတွင်း ထူးခြားတဲ့ ကြီးကြီးမားမား ပြောင်းလဲမှုမျိုးမရှိခဲ့ပါဘူး။ ငွေကြေးဈေးအပြောင်းအလဲ နဲ့ လကုန်ပိုင်း ဖြစ်တဲ့အတွက်ကြောင့် အရောင်းအဝယ်အနည်းငယ်သွက်နေပြီး ဈေးအနည်းငယ်မြင့်တက်ခဲ့တယ်လို့တော့ ဆိုလို့ရပါတယ်။ ဒါပေမဲ့ လကုန်ပြီးရင်တော့ မတ်ပဲဈေးအခြေအနေက ပြန်ကျဆင်းနိုင်ခြေရှိတယ်လို့လည်း ကုန်သည်အချို့က ခန့်မှန်းထားပါတယ်။
လက်ရှိအိန္ဒိယဝယ်ယူမှုကလည်းရှိနေပေမယ့် သတ်မှတ်ထားတဲ့ ငွေကြေးနဲ့အရောင်းအဝယ်ပြုလုပ်လို့ မရတဲ့အခြေအနေတွေကြောင့် မတ်ပဲဈေးကိုယခုထက်ပိုဆွဲချလို့မရကြောင်း ကုန်သည်အများစုကတော့ သုံးသပ်ထားပါတယ်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
တမာ
လွန်ခဲ့သော ၄ နှစ် ကပဲတီစိမ်စျေး အတက် ကျ ဘယ်လိုမှန်လဲဗျ
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်
ဦးနေလင်းထက် • ဖြေကြားချက် 0 ခု
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်သေဆုံးရသည့် အကြောင်းအရင်းကို သိချင်ပါတယ်ခင်ဗျ
Nay L H • ဖြေကြားချက် 0 ခု
GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ
Aye Chan Min • ဖြေကြားချက် 0 ခု
ဆရာကြီးခများ သဘာဝပိုးသတ်ဆေးကောင်းတာလမ်းညွန်ပေးပါခများ chemical ပိုးသတ်ဆေးတွေဈေးကြီးလို့ပါ
U Than Toe Aung • ဖြေကြားချက် 0 ခု
ဆရာတို့ ပုံမှာ ငရုတ်ပင်က ဘာဖြစ်တာလဲ ရောဂါလား ပိုးမွှားလား ပညာရှင်များဝေဖန်ပေးကျပါဦး
MgMinlwinsoe • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026