ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း

03/01/2024 10:30 AM တွင် ဖုန်းမဏ်တိုး ဖုန်းမဏ်တိုး မှ ရေးသား

လွန်ခဲသော(၁) လ ခန့်က စာရေးသူကျနော် ဧရာဝတီ၊ ဓနုဖြူဘက်က ငရုတ်ခင်းတွေကို ကွင်းဆင်းဖြစ်ခဲ့ပါသည်။ ထိုအခါ အသီးများ ကယ်စီယမ်ဓာတ် ချို့တဲ့နေသည့်လက္ခဏာကို ကောင်းစွာတွေ့ရှိခဲ့ရသည်။ တစ်ချို့သော ဆေးဆိုင်များ မှ မှိုဆေးများကို ညွှန်း၍ ဖျန်းနေကြသည့် အလွဲများကိုပါ တွေ့ရှိခဲ့ရပါသည်။ ထို့အတွက် ငရုတ်စိုက်တောင်သူများအနေဖြင့် အနာနှင့် ဆေးတစ်ခြားမဖြစ်ရန် ယခု ဆောင်းပါးလေးကို တင်ပြပေးလိုက်ပါသည်။

ငရုတ်ကယ်စီယမ်ဓာတ် ချို့တဲ့နေမှုလက္ခဏာ

အသီးများတွင် ပိုမို ထင်ရှားစွာတွေ့ရှိရသည်။ အရွက်များတွင်ဖြစ်လျှင် အရွက်များသည် အရောင်ဖျော့၍ အနည်းငယ် တွန့်နိုင်သည်။ သို့သော် မွှားနှင့် စုပ်စားပိုးများကျခြင်းကဲ့သို့ အလွန်အမင်းမတွန့်ကုန်ပါ။ အသီးများတွင်ပြသော လက္ခဏာမှာ နေလောင်ကွက်ကဲ့သို့ အကွက်များတွေ့ရမည်။ အသီးတောင့်များတွင် ထိပ်ဖျားပိုင်းများခြောက်၍ ပုပ်လိုက်လာတတ်သည်။ အထူးသဖြင့် သီးတောင့်ကြီးပြီး ရှည်သော စပ်မျိုးများတွင် တွေ့ရများသည်။ 

လတ်တစ်လော ဖြေရှင်းရန် နည်းလမ်း

ကယ်စီယမ် (Ca) ဓာတ်ပါသော ရွက်ဖျန်းမြေဩဇာများကို ဖျန်းနိုင်ပါသည်။ ဈေးကွက်အတွင်းတွင် တံဆိပ်အမျိုးမျိုးပါဝင်မှု ရာခိုင်နှုန်းအမျိုးမျိုး ရှိပါသဖြင့် နှုန်းထားပြောရန် အဆင်မပြေပါ။ အပင်များ အစာချက်အားဖြစ်မှုအများဆုံး နံနက် အစော ၆ နာရီ မှ ၁၀ နာရီ အတွင်းတွင် ဖျန်းပေးနိုင်ပါသည်။

ကယ်စီယမ်ဓာတ်သည် အပင်အတွင်း ရေရရှိမှု နှင့် သက်ဆိုင်သဖြင့် ရေကိုလည်း ကောင်းစွာထောက်ပံ့ပေးရပါမည်။ 

ရေသွင်းရာတွင် အပူချိန်မြင့်မားမှုကြောင့် ဆုံးရှုံးမှုနည်းစေရန်အတွက် အပင်ခြေများတွင် ကောက်ရိုး သို့မဟုတ် သစ်ရွက်ခြောက်များကိုခံထားသင့်ပါသည်။ 

အပွင့်ကြွေခြင်းများနှင့် အသီးပုပ်မှိုရောဂါများ နောက်ဆက်တွဲမဖြစ်ပေါ်စေရန် ကယ်စီယမ်ဓာတ်ပါသော ရွက်ဖျန်းမြေဩဇာများနှင့် အတူ ပိုတက်စီယမ်ဓာတ်ပါသော မြေဩဇာများကိုပါ တွဲသုံးပေးသင့်သည်။ 

မစိုက်ခင် ကာကွယ်ရန် နည်းလမ်း

မစိုက်ခင် မြေပြင်ချိန်တွင် ကယ်စီယမ်ဓာတ် ထောက့်ပံ့ပေးနိုင်ရန် ထုံး၊ ကျောက်မှုန့်၊ ဒိုလိုမိုက်စသည့်တစ်ခုခုကို ထည့်ပါ။ ဖော်ပြပါ မြေပြင်ပစ္စည်းများကို သုံးမည်ဆိုပါက အပင်မှရရှိရန် အချိန် ၁ လ ကျော် ခန့်ကြာနိုင်ပါသည်။ အကယ်၍ လက္ခဏာစတွေ့ရှိမှ သုံးမည်ဆိုပါက အပင်မှ ချက်ခြင်းမရရှိနိုင်ပါ။

ငရုတ်စိုက်တောင်များအားလုံး ကိုယ်စိတ်ကျန်းမာ ချမ်းသာပါစေ ခင်ဗျ..။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်