အမေရိကားနိုင်ငံကို ချင်းအထူးတန်းဝင်ကော်ဖီ နှစ်စဉ်တင်ပို့နေရ

26/11/2019 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အမေရိကားနိုင်ငံကို ချင်းအထူးတန်းဝင်ကော်ဖီ နှစ်စဉ်တင်ပို့နေရ

ချင်းပြည်နယ်မှ ထွက်ရှိသည့် အထူးတန်းဝင်ကော်ဖီများကို အမေရိကားနိုင်ငံကို နှစ်စဉ်တင်ပို့နေရကြောင်း ချင်းပြည်နယ် ကော်ဖီစိုက်တောင်သူတစ်ဦးထံမှ သိရပါတယ်။

အထူးတန်းဝင်ချင်းကော်ဖီများကို နှစ်စဉ်တင်ပို့နေခဲ့ရာ (၃) နှစ်ဝန်းကျင်ရှိပြီဖြစ်ပြီး အမေရိကားကို တိုက်ရိုက်တင်ပို့တာ ဖြစ်တယ်လို့ ချင်းပြည်နယ် ကော်ဖီစိုက်တောင်သူတစ်ဦးဖြစ်တဲ့ ဦးကီးအောင်နိုင်ကပြောပါတယ်။ “ ချင်းပြည်နယ်က ထွက်ရှိတဲ့ ကော်ဖီတွေကို သူတို့တွေက ကြိုက်တယ်။ နှစ်စဉ်မှာနေတာဒီနှစ်နဲ့ဆို (၃)နှစ်ရှိသွားပါပြီ။ အမေရိကားကို တိုက်ရိုက် တင်ပို့ရောင်းချနေတာပါ။ ဒီနှစ်လည်း သူတို့မှာတဲ့အခါ မှာ ပိုမိုတင်ပို့နိုင်အောင်လို့ ပိုမိုပြီး စိုက်ပျိုးတာတွေလည်း ရှိလာပါတယ်” အဆိုပါပြည်နယ်မှ အမေရိကားကို တင်ပို့ခဲ့တဲ့ ကော်ဖီတန်ချိန်မှာလည်း (၂)နှစ်အတွင်း တန်ချိန်(၁၀) ရှိနေပြီဖြစ်ကြောင်း အဆိုပါတောင်သူထံမှသိရပါတယ်။

ကော်ဖီအပင်ကို ရှမ်းပြည်နယ် ၊ ချင်းပြည်နယ်တို့မှာ စိုက်ပျိုးနေကြောင်းသိရပြီး အခြားပြည်ပစျေးကွက်နိုင်ငံများကိုလည်း တင်ပို့နေရကြောင်း သိရပါတယ်။

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်