(FAW) ငမြှောင်တောင်ပိုးကျရောက်မှုအတွက် တရုတ်နဲ့သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည်

25/09/2019 10:45 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ပြောင်းသီးနှံမှာကျရောက်နေတဲ့ (FAW) ငမြှောင်တောင်ပိုးကျရောက်မှုများနဲ့ ဘက်စုံကာကွယ်နှိမ်နင်းခြင်းများအတွက် သုတေသနလုပ်ငန်းများကို တရုတ်နိုင်ငံ ကူမင်းစိုက်ပျိုးရေးကျေးလက်ဗျူရိုအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။

   ပြောင်းသီးနှံမှာကျရောက်နေတဲ့ (FAW) Fall Armyworm အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးညှိနှိုင်းနေတာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦးက ပြောပါတယ်။

   “အဓိကပြောင်းသီးနှံမှာကျရောက်နေတဲ့ (FAW) Fall Armyworm အတွက်ကိုပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးတာပါ။ သူတို့ဆီမှာတော့ နောက်မှာကျတာ။ အဲဒီအတွက် နည်းပညာတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ကာကွယ်နှိမ်နင်းဖို့ လုပ်ဆောင်သွားမှာပါ။ FAW  ကို ကာကွယ်နှိမ်နင်းဖို့အတွက် ခုထိမရှိသေးဘူးပေါ့နော်”

   လာမယ့်ပြောင်းရာသီမှာ ပြောင်းသီးနှံမှာကျရောက်နေတဲ့ (FAW) Fall Armyworm အတွက် နည်းစနစ်နဲ့ ကာကွယ်နိုင်မယ့်နည်းပညာများ ပူးပေါင်းနိုင်ရန်အတွက် အစီအစဉ်များရေးဆွဲနေတာဖြစ်ကြောင်းလည်း အဆိုပါဌာနမှ သိရပါတယ်။

   ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းလမ်းများနဲ့ ပိုးမွှားသုတေသနလုပ်ငန်းများ အတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံ ကူမင်း စိုက်ပျိုးရေး ကျေးလက်ဗျူရိုအဖွဲ့နဲ့ ပူးပေါင်းကာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်ကြောင်း အဆိုပါဌာနမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်