''အာဟာရနှင့် covid19''
ယခုအချိန်အခါဟာ covid-19 ရောဂါ အလွန်ပျံ့နှံ့ဖြစ်ပွားနေချိန်ဖြစ်ပါတယ်။ covid ဗိုင်းရပ်ပိုးကို သတ်နိုင်တဲ့ဆေး ယခုချိန်ထိမရှိသေးပါဘူး။ မိမိခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကသာလျှင် covid ပိုးကို တိုက်ထုတ်ရတာဖြစ်ပါတယ်။ ထို့ကြောင့် ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖို့အတွက် ခုခံအားစနစ်ကောင်းဖို့ အလွန်အရေးကြီးလှပါတယ်။
ခန္ဓာကိုယ်လှုပ်ရှားမှု၊ အိပ်ချိန်၊ စားသောက်မှုပုံစံတွေဟာ လူတစ်ယောက်ရဲ့ ခုခံအားအပေါ် တိုက်ရိုက်မကျိုးသက်ရောက်နေပါတယ်။ လှုပ်ရှားမှုမရှိတဲ့နေထိုင်မှုပုံစံဟာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေပြီး ခုခံအားကို ကျဆင်းစေပါတယ်။
မိမိခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးဖို့အတွက် အဟာရပြည့်ဝတဲ့အစားအသောက်ပုံစံဟာ အရေးပါပြီး အကျဆုံးအရာပဲဖြစ်ပါတယ်။ ကျန်းမာအဟာရပြည့်ဝစေတဲ့ စားသောက်မှုပုံစံအတိုင်း ကျင့်သုံးနေထိုင်ခြင်းဖြင့် မိမိခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ ဗိုင်းရပ်ပိုးကို ခုခံတိုက်ထုတ်ပစ်နိုင်ပါတယ်။ covid 19 ဗိုင်းရပ်ပိုးကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ စားသောက်နေထိုင်မှုပုံစံအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။
- မာလကာသီး၊ ပန်းသီး၊ ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ သခွားမွှေးသီး၊ ဂရိတ်ဖရုသီး၊ နာနတ်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ကမ္ပလာသီး၊ သံပုရာသီး အစရှိသောအသီးအနှံများ နေ့စဉ်စားသုံးပေးသင့်ပါတယ်။
- လတ်ဆတ်ပြီး အစိမ်းရောင်ရှိတဲ့အရွက်များလည်း နေ့စဉ်စားသုံးပေးသင့်ပါတယ်။
- အခွံမာသီးများနှင့် အစေ့အဆံများကိုလည်း နေ့စဉ်စားသုံးပေးပါ။
- အနီရောင်ရှိတဲ့အသားများကိုတော့ တစ်ပတ်လျှင် ၂ ကြိမ်ခန့်သာ စားသောက်ပေးသင့်ပါတယ်။
- ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးနှင့် နွားနို့တို့ကိုတော့ နေ့စဉ်စားသုံးပေးနိုင်ပါတယ်။
- အဆီ၊ သကြား၊ ဆား ပါဝင်မှုများတဲ့ သွားရည်စာမုန့်တွေကိုတော့ ရှောင်ရှားသင့်ပါတယ်။
- အသီးအရွက်တွေကို အချိန်ကြာမြင့်စွာချက်ပြုတ်တဲ့အခါ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပျက်စီးသွားတတ်တာကြောင့် မီးအေးအေးနဲ့ အနေတော်သာ ချက်ပြုတ်သင့်ပါတယ်။
- အကျက်လွန်ချက်ပြုတ်ထားတဲ့ အစားအသောက်များကို ရှောင်ရှားသင့်ပါတယ်။
- ဆားကို တစ်နေ့လျှင် လက်ဖက်စားဇွန်း ၁ ဇွန်းပမာဏထက် ပိုမစားသုံးသင့်ပါဘူး
- မပြည့်ဝဆီများကို စားသုံးပေးပါ။ (ထောပတ်သီး၊ ငါးကြီးဆီ၊ အစေ့အဆံများ၊ ပဲ၊ သံလွင်ဆီ၊ မုန်ညှင်းဆီ၊ ပြောင်းဖူးဆီ၊ နေကြာဆီ စသည်တို့မှာ မပြည့်ဝဆီများပါဝင်ပါတယ်)
- ပြည့်ဝဆီများကို ရှောင်ကြဉ်ပါ။ (ဆီဦးထောပတ်၊ တိရစ္ဆာန်မှရသောအဆီများ၊ အုန်းဆီ၊ စားအုံးဆီ စသည်တို့မှာ ပြည့်ဝဆီများပါဝင်ပါတယ်)
- တစ်နေ့လျှင် ရေ ၈ ဖန်ခွက်ခန့် သောက်သုံးပေးပါ။ ရေဟာ သွေးတွင်း အာဟာရသယ်ယူပို့ဆောင်ခြင်း၊ အညစ်အကြေးများစွန့်ထုတ်ပေးခြင်း၊ ခန္ဓာကိုယ်အပူချိန်ထိန်းညှိပေးခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။
- သကြားပါဝင်မှုများတဲ့ အချိုရည်ဘူးများကို ရှောင်ရှားပေးပါ။
- လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်းတို့ကို နေ့စဉ် ပြုလုပ်ပေးပါ။ အိပ်ချိန်လုံလောက်ခြင်းဟာ ခုခံအားစနစ်ကို အထောက်အကူပြုပါတယ်။
- လူအများနှင့်ထိတွေ့မှုကို ရှောင်ရှားရန်အတွက် မိမိအိမ်တွင်းမှာပဲ ချက်ပြုတ်စားသောက်ပါ။
အပြင်မှဝယ်ယူလာတဲ့ ချက်ပြုတ်မည့်အရာများမှာလည်း ရောဂါပိုးမွှားများ ပါဝင်လာနိုင်တဲ့အတွက် ဟင်းသီးဟင်းရွက်အသီးအနှံများကို မစားသုံးခင် သေချာစွာဆေးကြောသန့်စင်ပေးပါ။
မချက်ပြုတ်ရသေးသည့်အရာများမှ ပိုးမွှားများမဝင်ရောက်စေရန်အတွက် ချက်ပြုတ်ပြီးသည်များနှင့် မချက်ပြုတ်ရသေးသည့်အရာများအား ခွဲခြားထားပါ။
အသားနှင့် အသီးအနှံများကို စဉ်းတီတုံးများခွဲခြားထားရှိသင့်ပြီး တစ်ခုတည်းအသုံးမပြုသင့်ပါ။
သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ စားသောက်မှုပုံစံဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကိုမြှင့်တင်ပေးပြီး ရောဂါပိုးများကို ကောင်းစွာတိုက်ထုတ်ပေးနိုင်ပါတယ်။ အာဟာရပြည့်ဝစွာစားသုံးရင်း ကိုဗစ်ကိုအန်တုလိုက်ကြပါစို့။
https://www.ncbi.nlm.nih.gov/pmc/articles/PMC7306972/
ဆက်စပ်မေးခွန်းများ
ဝါပိုးရှိနေလို့
zin Phyo naung • ဖြေကြားချက် 0 ခု
သံပယိုပင်ရဲ့အရွက်က ပုံထဲကလို အမဲစက်တွေဖြစ်နေလို့ပါ။ အဲ့ဒါက ပိုးကျတာလားရှင့်။ အသီးက အခွံထူပြီး အရည်မရွှမ်းလို့ပါ။ အိမ်မှာ တနိုင်တပိုင်စိုက်တာမို့ ပညာရှင်ကြီးများ လွတ်လပ်စွာ အကြံပြုပေးပါဦးရှင့်။ တစ်ဦးတစ်ယောက်ချင်းစီတိုင်း ကျေးဇူးတင်လျက်ပါရှင့်။
ဒေါ်ဋေးကြွယ် • ဖြေကြားချက် 1 ခု
ငရုပ်ပင်အရွက်တွေကုပ်ပြီးအသီးနဲလို့ဘာလုပ်ရမယ်သိချင်လို့ပါ
kyaw swar win • ဖြေကြားချက် 1 ခု
အသစ်ထွက်လာတဲ့ ချဉ်ပေါင်ရွက်တွေက အစိမ်းရောင်မဟုတ်ဘူးဖြစ်နေတာ။ ဘာဖြစ်တာလဲ?
Nova Nova • ဖြေကြားချက် 1 ခု
ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်
Kaythi Khing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
More from ThawZin
အားလုံး