ဈေးတက်လာတဲ့ မတ်ပဲဈေးကွက်အပါအဝင် ရန်ကုန် ဘုရင့်နောင်ဈေးကွက်ရှိ ပဲမျိုးစုံဈေးနှုန်းများ (၁.၄.၂၀၂၄)

01/04/2024 16:00 PM တွင် AMIA AMIA မှ ရေးသား

Green Way app ရှိ ‘နေ့စဉ်ဈေးနှုန်းများ’ ကဏ္ဍထဲတွင် ရန်ကုန်/ မန္တလေးဈေးကွက်မှာရှိတဲ့ စပါး၊ ပဲ၊  နှမ်း၊ပြောင်း ကြက်သွန်စတဲ့ သီးနှံဈေးနှုန်းများအပြင် တနင်္သာရီ တိုင်းဈေးကွက်မှ ဝဥ၊ ရာဘာ၊ ကွမ်းသီးဈေးနှုန်းများအထိ ရရှိဖော်ပြနေပြီပဲဖြစ်ပါတယ်။ 

ဒါ့အပြင် ရန်ကုန် ရွှေပိတောက်ဈေးမှာရှိတဲ့ သားငါးဈေးနှုန်းများကိုလည်း ကြည့်ရှုနိုင်နေပါပြီ။

ယခုပဲမျိုးစုံ ဈေးနှုန်းတွေကိုတော့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများအတိုင်း ပြန်လည်ဖော်ပြခြင်းပဲဖြစ်ပါတယ်။

  • မတ်ပဲ(အက်ဖ်အေကျူ၊အာစီ) (၂၀၂၂) ၃၀၄၀၀၀၀ ကျပ် (၁ တန်)
  • မတ်ပဲ(အက်စ်ကျူ၊အာစီ) (၂၀၂၂) ၃၂၈၅၀၀၀ ကျပ် (၁ တန်)
  • ပဲစင်းငုံနီ(အာစီ) (၂၀၂၃) ၃၈၀၀၀၀၀ ကျပ် (၁ တန်)
  • ကုလားပဲဖြူလုံး ၄၁၆၅ မှ ၄၃၃၀ ကျပ် (၁ ပိဿာ)
  • ကုလားပဲဖြူလုံးကြီး) ၄၂၅၀ မှ ၄၄၁၅ ကျပ် (၁ ပိဿာ)
  • စားတော်ပဲလုံး ၅၃၃၀ မှ ၅၅၀၀ ကျပ် (၁ ပိဿာ)
  • စွန်တာနီ၊ ပြာ ၃၁၃၀ မှ ၃၂၂၀ ကျပ် (၁ ပိဿာ)
  • ထောပတ်ပဲ ၅၃၉၀ ကျပ် (၁ ပိဿာ)
  • ပဲကြီး(ရွှေကျွန်း) ၅၁၃၀ မှ ၅၃၁၀ ကျပ် (၁ ပိဿာ)
  • ပဲကြီး(ကုန်း) ၄၆၉၅ မှ ၄၈၇၀ ကျပ် (၁ ပိဿာ)
  • ပဲတီစိမ်း(ခရမ်းရွှေ၀ါ) ၃၈၃၀ ကျပ် (၁ ပိဿာ)
  • ပဲတီစိမ်း(ပဲခူးရွှေ၀ါ) ၃၆၆၅ ကျပ် (၁ ပိဿာ)
  • ပဲတီစိမ်း(၀ါးခယ်မ) ၃၀၅၀ မှ ၃၂၇၀ ကျပ် (၁ ပိဿာ)
  • ​ပြောင်းဆံ ၁၀၄၀ မှ ၁၀၆၀ ကျပ် (၁ ပိဿာ)
  • ပဲလွန်းဖြူ (ပဲခူး) ၃၄၅၀ မှ ၃၅၀၀ ကျပ် (၁ ပိဿာ)
  • ပဲလွန်းဖြူ(မြစ်၀ကျွန်းပေါ်) ၃၂၀၀ မှ ၃၃၃၅ ကျပ် (၁ ပိဿာ)
  • ပဲလွန်းနီ(မြစ်၀ကျွန်းပေါ်) ၃၁၆၅ မှ ၃၄၂၀ ကျပ် (၁ ပိဿာ)
  • ဘိုကိတ်ပဲ ၃၂၅၀ မှ ၃၃၃၅ ကျပ် (၁ ပိဿာ)
  • ကုလားပဲခြမ်း ၅၅၀၀ မှ ၅၇၀၀ ကျပ် (၁ ပိဿာ)
  • ပဲပုပ် (မြစ်၀ကျွန်းပေါ်) ၃၁၁၅ မှ ၃၂၀၀ ကျပ် (၁ ပိဿာ)
  • ပဲပုပ် (မြစ်၀ကျွန်းပေါ်)(အထွက်တိုး) ၃၀၅၀ မှ ၃၀၈၅ ကျပ် (၁ ပိဿာ)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်