သီးနှံဈေးကွက် သုံးသပ်ချက်

22/12/2025 16:55 PM တွင် AMIA AMIA မှ ရေးသား

နိုင်ငံတကာ ၀ယ်လိုအားအပေါ် လိုက်ပါဈေးဖွင့်နေသည့် လယ်ယာပို့ကုန်များ ပြည်တွင်းဈေးအကျဘက်ကိုပြောင်းလဲမှုရှိနေသော်လည်း ပြည်ပFOB(free on board)ဈေးက အနည်းငယ်မြင့်တက်လာသည်။

မတ်ပဲပြည်တွင်းဈေးကျလာ

အိန္ဒိယ ဈေးကွက်ကို အဓိကထားတင်ပို့နေသည့် မတ်ပဲက ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေးပြန်ကျလာသော် လည်း ပြည်ပရောင်းချသည့် FOBဈေးကအမျိုးအစားအလိုက်  အနည်းငယ်မြင့်တက်သွားသည်။

ယခုနှစ် အိန္ဒိယနိုင်ငံတွင် မိုးများပြီး စိုက်ခင်းများပျက်ဆီးမှုရှိသည်ဟု ပြီးခဲ့သည့် လများတွင် အိန္ဒိယသတင်း မီဒီယာအချို့က ဖေါ်ပြကြသည်။ ထို့ကြောင့် ဘရာဇီးနိုင်ငံမှ မတ်ပဲ၀ယ်ယူတင်သွင်းမှု သိသိသာသာ တိုးမြှင့်သွားသကဲ့သို့ မြန်မာနိုင်ငံမှမတ်ပဲကိုလည်း ပုံမှန်၀ယ်ယူသည်။ ထို့ကြောင့် ပြည်တွင်းမတ်ပဲဈေးက သိသာစွာ မြင့်လာမှုမရှိပေ။

လက်ရှိမြန်မာနိုင်ငံတွင် မိုးရာသီစိုက် ပျိုးသော မတ်ပဲအသစ်အနည်းငယ်ဈေးကွက်၀င်လာခြင်း၊ ပြည်တွင်းမတ်ပဲလက်ကျန်အခြေအနေနှင့် အိန္ဒိယနိုင်ငံ၏ ဈေးကွက်ပေါက်ဈေးအပေါ် မူတည်၍ ပြည်တွင်းဈေးအပြောင်း အလဲများက ဈေးကွက်အပေါ်စိုးမိုးထားသည်။

ယခုရက်သတ္တပတ်တွင် ပြည်ပရောင်း ချသည့် မတ်ပဲဈေးက မတ်ပဲSQ အမျိုးအစားတစ်မျိုးသာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅ဒေါ်လာ ဈေးမြင့်တက်သည်။

ရန်ကုန်ဈေးကွက်တွင် ပြည်ပရောင်းချသည့် မတ်ပဲ FAQဈေးက FOB တစ်တန် လျှင် ဒေါ်လာ ၇၁၀/၇၂၀ ဖြင့် ဈေးငြိမ် နေပြီး မတ်ပဲSQက တစ်တန်လျှင် ၇၉၅/ ၈၀၅ မှ ၈၀၀/၈၁၀သို့ဈေးမြင့် သွားသည်။

မတ်ပဲSQ၏ ပြည်ပဈေးတက်လာသော်လည်း ပြည်တွင်း ဈေးက တစ်တန် ကျပ် ၃,၀၆၇,၀၀၀ မှ ၂,၉၉၇,၀၀၀ သို့ ဈေးကျသွားသည်။ထို့အတူ မတ်ပဲ FAQကလည်း တစ်တန်ကျပ်၂,၇၆၅,၀၀၀  မှ ၂,၇၂၇,၀၀၀ သို့ဈေးကျလာသည်။

ပဲစင်းငုံ(နီ)ပြည်တွင်းဈေးကျ၊ ပြည်ပဈေးတက်လာ

ပြီးခဲ့သည့် ရက်သတ္တပတ် ပြည်တွင်းဈေးကွက်တွင် တစ်တန်လျှင် ကျပ် ၁၀၀,၀၀၀ ကျော် ဈေးမြင့်တက်ခဲ့သည့် ပဲစင်းငုံ(နီ)က ယခုရက်သတ္တ ပတ်တွင်ပြည်တွင်း ဈေးပြန်ကျဆင်းလာသည်။ သို့သော် ပြည်ပရောင်းချသည့် FOB ဈေးက အနည်းငယ်မြင့်တက်သည်။

မြန်မာနိုင်ငံအလယ်ပိုင်းတွင် အဓိကစိုက်ပျိုးထုတ်လုပ်သည့် ပဲစင်းငုံကလည်း အိန္ဒိယဈေး ကွက်ကိုသာ အဓိ ကထား တင်ပို့ရောင်းချပြီး အနည်းငယ် သောပမာဏသာ ပြည်တွင်း၌ စားသုံးသည်။

အိန္ဒိယ၏ မုတ်သုန်နှောင်းပိုင်းတွင် ကြုံတွေ့ခဲ့ရသည့် ရေကြီးမှုများက မတ်ပဲသာမက ပဲစင်းငုံ စိုက်ခင်းများလည်း ပျက်ဆီးမှုများရှိခဲ့သည်။ ယခုနှစ် အိန္ဒိယ၏ ပဲစင်းငုံအထွက်နှုန်း လျော့နည်းမည်ဟု ခန့်မှန်းချက်များကိုလည်း အိန္ဒိယ သတင်းမီဒီယာအချို့တွင် ဖော်ပြနေကြသည်။ သို့သော် မြန်မာပဲစင်းငုံကို ၀ယ်လိုအားသိသာစွာတိုးလာခြင်းမရှိသဖြင့် ပဲစင်းငုံဈေးက အကျပိုင်းမှာ ဆက်ရှိနေသည်။

ယခုရက်သတ္တပတ်တွင် ပဲစင်းငုံ ပြည်ပ FOB ဈေးက တစ်တန် ၁၀ ဒေါ်လာမြင့်တက်ပြီး ပြည်တွင်းဈေးကတစ်တန်ကျပ် ၈၅,၀၀၀ ကျဆင်း သွားသည်။ ပြည်ပရောင်းချသည့် ပဲစင်းငုံFOBဈေးက တစ်တန်ဒေါ်လာ ၆၆၀/၆၇၀ မှ ၆၇၀/၆၈၀သို့ဈေးမြင့်တက်သည်။

သို့သော်ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံပြည်တွင်းဈေးက တစ်တန် ကျပ် ၂,၆၄၈,၀၀၀ မှ ၂,၅၆၀,၀၀၀ သိဈေး ကျဆင်းသွားသည်။ မန္တလေးဈေးကွက် တွင် ပဲစင်းငုံ(နီ)သစ် တစ်တန် ကျပ် ၂,၅၀၀,၀၀၀ ကျော်မှ ၂,၅၂၁,၀၀၀ သို့ဈေးပြောင်းလဲသည်။

ပဲကြီးပြည်ပဈေးတက်

ပြည်တွင်းစားသုံးမှုများပြီး ပြည်ပသို့တင်ပို့မှုရှိ‌ နေသည့် ပဲကြီးက ယခုရက်သတ္တပတ်တွင် ပြည်ပဈေးအနည်းငယ် တက်လာသည်။ ပြည်ပရောင်းချသည့် ပဲကြီး FOB တစ်တန် ဒေါ်လာ၅၀ ဈေးမြင့်တက်သည်။ပဲကြီးတစ်တန်လျှင် FOB ဒေါ်လာ ၁,၁၁၅/၁,၁၂၅မှ ၁,၂၀၅/၁,၂၁၅ သို့ဈေးပြောင်းလဲသည်။

ပဲကြီးက ပြည်တွင်းစားသုံးမှုများသည့် ပဲအမျိုးအစားဖြစ်ပြီး ပဲကြော်၊ ပဲလှော် လုပ်ငန်းများမှလည်း ၀ယ်လိုအားရှိနေသည်။ လက်ရှိပဲကြီးအသစ်ဈေးကွက်အ၀င်လည်းရှိနေသည်။

ရန်ကုန်ဈေးကွက်တွင်ပဲကြီး(ရွှေကျွန်း)တစ်ပိသာ ကျပ် ၉,၇၃၀/၁၀,၆၂၀  ဖြင့်ဈေးငြိမ်နေသည်။သို့သော် မန္တလေးဈေးကွက်တွင် ပဲကြီး(ကြီး) က တစ်တန်ကျပ် ၅၀,၀၀၀ ကျော်ဈေးကျသွားသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ပဲကြီး(ကြီး) တစ်တန် ကျပ် ၇၂ သိန်းကျော် မှ ၆,၆၅၀,၀၀၀ ကျော်သို့ဈေးပြောင်းလဲ သည်။သို့သော် ပဲကြီး(လတ်) က တစ်တန်ကျပ် ၆,၃၁၀,၀၀၀ ကျော်၊ ပဲကြီး(သေး)က ကျပ် ၅,၅၄၁,၀၀၀ ကျော်ဖြင့်ဈေးငြိမ်နေသည်။

ဈေးငြိမ်နေသောပဲတီစိမ်းနှင့်ကုလားပဲ

တရုတ်နိုင်ငံမှပဲတီစိမ်းပြန်လည်၀ယ်ယူပေးမည့် သတင်းများအလွန် ပြည်တွင်း၊ပြည်ပ ပဲတီစိမ်း‌ဈေးက တည်ငြိမ်‌နေသည်။ မြန်မာပဲတီစိမ်းကို တရုတ်နိုင်ငံကအဓိက၀ယ်ယူပြီး ဥရောပနိုင်ငံများကိုလည်း တင်ပို့မှုများရှိသည်။မြန်မာနိုင်ငံတွင် မတ်ပဲကဲ့သို့ ပဲတီစိမ်းက စိုက်ပျိုးသည့်ပမာဏကကြီးမားသည်။ ရန်ကုန်၊ ဧရာ၀တီ၊ ပဲခူးအပါအ၀င် တိုင်းနှင့်ပြည်နယ်၁၁ခုတွင် ပဲတီစိမ်းကိုစိုက်ပျိုး သည်။

ယခုရက်သတ္တပတ်တွင် ပဲတီစိမ်း ဈေးက ရန်ကုန်‌ဈေး ကွက်တွင် ပဲတီစိမ်း(အညာ)တစ်ပိဿာလျှင် ကျပ် ၅,၆၆၅/၅,၆၈၅၊ ပဲတီစိမ်း (ခရမ်းရွှေဝါနှင့် ပဲခုးရွှေဝါ)တစ်ပိဿာလျှင် ကျပ်၆,၅၈၀၊ ပဲတီစိမ်း ဝါးခယ် မ(FAQ)တစ်ပိဿာကျပ် ၆,၂၅၀/ ၆,၂၇၀ ဖြင့်ဈေးငြိမ်နေသည်။

ပြည်ပရောင်းချသည့် ပဲတီစိမ်း ဈေးက ပဲတီစိမ်းFAQ (အညာ) FOBက တစ်တန် ဒေါ်လာ ၉၅၀/ ၉၆၀ ၊ ပဲတီစိမ်း FAQ ရွှေဝါ တစ်တန် ဒေါ်လာ ၁,၀၈၀/ ၁,၀၉၀ ဖြင့် ဈေးတည်ငြိမ်နေသည်။မန္တလေးဈေးကွက်တွင်လည်း ပဲတီစိမ်း(အညာ) သစ် တစ်တန်ကျပ်၃,၅၉၀,၀၀၀ ဖြင့်ဈေးငြိမ်နေသည်။

ပြည်ပတင်ပို့မှုနည်းပြီး ပြည်တွင်းအဓိက စားသုံးသည့် ကုလားပဲ ယခုရက်သတ္တပတ်တွင် ဈေးငြိမ်နေသည်။ ကုလားပဲကို ပဲကြော်၊ ပဲလှော် လုပ်ငန်းများနှင့် စားသောက် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများက အဓိက ၀ယ်ယူသည်။ သို့သော်ယခုရင်သတ္တပတ်တွင် ပြည်တွင်း ၀ယ်အားနည်းသဖြင့် ဈေးငြိမ်နေသည်။

ရန်ကုန်ဈေးကွက်တွင် ကုလားပဲဖြူလုံးက ကျပ် ၃,၉၅၀၊ ကုလားပဲဖြူလုံးကြီးကကျပ် ၄,၂၉၅/ ၄,၃၈၅ ဈေးဖြင့် တည်ငြိမ်နေသည်။ပြည်ပရောင်းချသည့် ကုလားပဲဖြူလုံးကြီးV2 (FAQ) က တစ်တန် ဒေါ်လာ ၆၉၀/၇၀၀ ဈေးဖွင့်သည်။

မန္တလေးဈေးကွက်တွင် ကုလားပဲဖြူ V2သစ်က တစ် တန်လျှင် ကျပ် ၂,၅၆၀,၀၀၀ကျော်မှ ၂,၅၃၀,၀၀၀ ကျော်သို့ ဈေးပြောင်းပြီး ကုလားပဲ (ထိုင်၀မ်)သစ် တစ် တန်ကျပ် ၂,၄၄၀,၀၀၀ ကျော်၊ ကုလားပဲဖြူ (929) သစ် တစ်တန်ကျပ်၂,၅၉၀,၀၀၀ ကျော်၊ ကုလားပဲဖြူ V7 သစ် တစ်တန်ကျပ် ၂၄သိန်းကျော်ဖြင့်ဈေးငြိမ်နေသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်