ရာဘာ စိုက်ပျိုးရေးအတွက် စိတ်ဝင်စားသူများ တက်ရောက်သင့်သော သင်တန်းတစ်ခု ဖြစ်ပါသည်။ သင်တန်းအနေဖြင့် ပျိုးခင်းနှင့် စိုက်ပျိုးထိန်းသိမ်းနည်းများကို အထူးပြု သင်ကြားပေးသွားမည် ဖြစ်ပြီး တက်ရောက်လိုသူများသည် သင်တန်းကြေး ၁၀၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းကြေးတွင် စားသောက်စရိတ် ပါဝင်ခြင်းမရှိဘဲ မိမိအစီအစဉ်ဖြင့်သာ စားသောက်ရမည်ဖြစ်ပါသည်။ သင်တန်းကို မော်လမြို့အနီး နှစ်ရှည်ပင်များ အသုံးချသုတေသန တွင် ကျင်းပသွားမည်ဖြစ်ပါသည်။
သင်တန်းသားအရေအတွက် အယောက် (၃၀) သာ လက်ခံမည် ဖြစ်ပါ၍ တက်ရောက်လိုသူများ အချိန်မှီ ဆက်သွယ် စာရင်းပေးရန် လိုအပ်ကြောင်း သတင်းရပါသည်။
ဆက်သွယ်ရန် - ဌာနမှူး၊ ဖုန်း ၀၉၄၂၂၄၈၀၀၀၀၊ ၀၉၄၅၁၂၃၀၂၉၉
သင်တန်းမှူး ၀၉ ၃၁၆၈၄၆၃၂
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်