ကင်းပုံသီး စိုက်ပျိုးနည်း

08/12/2017 22:29 PM တွင် Shwe-Yee-linn Shwe-Yee-linn မှ ရေးသား

ကင်းပုံသီးပင်သည် အပူပိုင်း စိုစွတ်သော ဒေသတွင် ဖြစ်ထွန်းသော နှစ်ရှည်နွယ်ပင်တမျိုး ဖြစ်သည်။ ဖရုံ သခွားမျိူးနွယ်ဝင် ဖြစ်သည်။ ၎င်းနွယ်ပင်သည် ခြံစည်းရိုး၊ ခြုံပင်ပေါ်များသို့ လွယ်လင့်တကူနှင့် လျင်လျင်မြန်မြန် ကြီးထွားနိုင်သော နွယ်ပင်ဖြစ်သည်။ ကင်းပုံပင်သည် အိမ်အပြင် ခြံထဲတွင် စိုက်ပျိုး ဖြစ်ထွန်းသော အပင်မျိုး ဖြစ်သည်။ အိန္ဒိယ တွင်မူ အိန္ဒိယ အစားအစာများတွင် လူသုံးများသော ပါဝင်ပစ္စည်း တခုဖြစ်သည့်အပြင် ၎င်း၏ အရွက်၊ အမြစ် နှင့်ပင်စည်များကိုလည်း ဆေးဝါးများ ဖော်စပ်ရာတွင်လည်း အသုံးပြုကြသည်။ တောင်အာဖရိက၊ မလေးရှား၊ အခြားအရှေ့တောင်အာရှ တိုင်းပြည်မျာနှင့် တရုတ်နိုင်ငံတို့၏ အပူပိုင်းဒေသများတွင် စိုက်ပျိုးကြသည်။

ဓာတ်ပုံ- ခူးဆွတ်ထားသော ကင်းပုံသီး (www.asiafarming.com)

ကျန်းမာရေး အတွက် ကောင်းကျိုးများမှာ

ဝမ်းချုပ်ခြင်းကို သက်သာစေပြီး သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးသည်။ ဗီတာမင်စီ ကောင်းစွာ ပါဝင်ပြီး အဆိပ်အတောက် ကိုပြေစေ၍ ဘက်တီးရီးယားပိုးများကို လျော့ကျစေသည်။ ရင်ကြပ်၊ ပန်းနာ၊ လေပြွန်ရောင်ရောဂါ၊ အရေပြား ယားယံခြင်းတို့ကိုလည်း သက်သာပျောက် ကင်းစေသည်။ ဖျော်ရည် အဖြစ်ဖျော်သောက်ပါက အသား အရည်ကို ကြည်လင် လှပစေသည်။ ကင်းပုံသီးကို အိန္ဒိယတွင် အများဆုံး စိုက်ပျိုးကြသည်။ မျိုးကာင်းများလည်း ရှိသည်။ Coccinia grandis ခေါ် ကင်းပုံသီးတွင် အစင်းပါသော ကင်းပုံသီးနှင့် အစင်းမပါသော ကင်းပုံသီး ဟူ၍ နှစ်မျိုး ရှိသည်။

စိုစွတ်၍ ပူနွေးသောဒေသ ရာသီဥတု အခြေအနေ မျိုးကို သဘောကျ နှစ်ခြိုက်သည်။ ၂၀ ဒီဂရီ ဆဲလ်ဆီးယပ် မှ ၃၀ ဒီဂရီ ဆဲလ်ဆီးယပ် သည် အကောင်းဆုံး သော ကြီးထွားနိုင်ရန် အတွက် အပူချိန် ဖြစ်သည်။ တစ်နှစ်ပတ်လုံး စိုက်ပျိုး ဖြစ်ထွန်းနိုင်သော အသီးအရွက် ဖြစ်သည်။ သို့တစေ အများဆုံး အသီး သီးသော အချိန်သည် နွေဦး နှင့်မိုးရာသီတွင် ဖြစ်သည်။ သဲဆန်သော နှုန်းမြေတွင် အကောင်းဆုံး စိုက်ပျိုး ဖြစ်ထွန်းနိုင်သည်။ မြေချဉ်ငန်ဓာတ် ၆မှ ၆.၅ တွင် အကောင်းဆုံး အထွက်နှုန်း နှင့် အကောင်းဆုံး အရည်အသွေး ကိုပေးသည်။

မြေကိုကောင်းစွာ ညက်အောင် ထယ်ထိုးထွန်မွှေ၍ စိုက်ပျိုးရန် အကောင်းဆုံးအခြေအနေကို ရယူပါ။ ပေါင်းပင်များ ကင်းရှင်းအောင် ပြုလုပ်ပါ။ ကောင်းစွာဆွေးမြေ့သည့် သဘာဝမြေဆွေးများ အသုံးပြုနိုင်သည်။ အချို့က အစေ့ကို စိုက်ပျိုးကြသော်လည်း အစေ့မှ စိုက်ပျိုးခြင်း သည် တစ်နှစ် နီးပါး အချိန်ပေးရမည် ဖြစ်၍ မြန်ဆန်အောင် ပင်စည်ကို ဖြတ်၍ မျိုးပွား စိုက်ပျိုး ကြသည်။ ပင်စည်ပိုင်း ဖြတ်ရာတွင် မမာလွန်း မပျော့လွန်းသော ပင်စည်ပိုင်းကို ယူရမည်။

ပင်စည်ကိုဖြတ်၍ မျိုးပွားရာတွင် လုံးပတ် ၁လက်မခန့်၊ အရှည် ၈လက်မ ဖြတ်၍ စိုက်နိုင်သည်။ ပင်စည် မျိုးပိုင်းတွင် အရွက် လေးရွက်မှ ခြောက်ရွက်ထိ ပါသင့်ပြီး ၄ပေ အကျယ် ရှိသော ကျင်းတွင်၂လက်မခွဲ အနက်၌ မျိုးပိုင်း သုံးပိုင်းမှ လေးပိုင်းထိ စိုက်သင့်သည်။ ကျင်းတကျင်းနှင့် တကျင်း အကွာအဝေးသည် ၆ပေခွဲ အကွာအဝေး ရှိထားသင့်သည်။ မုတ်သုန်မစခင်၊ မိုးရာသီမစခင် နှင့် နွေဦး အစတွင် စတင် စိုက်ပျိုး သင့်သည်။ အဖိုပင်နှင့် အမပင် အချိုးသည် ဆယ်ပင် တပင် ရှိရမည်။ နှစ်ရှည်ပင် ဖြစ်သော်လည်း လေးနှစ်လျှင် တကြိမ် အပင်သစ်ပြန်လည် စိုက်ပျိူးသင့်သည်။ ဝါးတန်းများဖြင့် နွယ်တက်ရန် တန်းများ ပေးသင့်သည်။ စတင်မြေပြင်ချိန်တွင် နွားချေး သို့ သဘာဝ မြေသြဇာကို တတ်နိုင်သလောက် ထည့်သွင်းပေးပါ။ ဓာတုမြေသြဇာကို တစ်ဧကတွင် နိုက်ထရိုဂျင်(၁၅ပြည်-၉ပြည်ခွဲ)၊ တီစူပါ (၁၅ပြည်-၉ပြည်ခွဲ)၊ ပိုတက်(၉ပြည်ခွဲ) ထည့်သွင်း နိုင်သည်။ နှစ်စဉ် နှစ်တိုင်း အပွင့် ပွင့်ခါနီး၊ အသီးသီးခါနီးတိုင်း ထည့်သင့်သောပမာဏ ဖြစ်သည်။

ကင်းပုံပင်သည် အပင်စ စိုက်ပြီး သုံးလတွင် စတင် အသီး သီးသည်။ အပင်မှ အသီး သီးနားချိန်တွင် ကိုင်းချိုင် သင့်သည်။ နွယ်ကိုင်းများ၏ အရှည်သည် ၂ပေခန့် အထိ ဖြတ်ချ ရမည်။ကိုင်းချိုင် ပြီးနောက် အပင် တပင်အတွက် သဘာဝမြေဆွေး သို့မဟုတ် နွားချေးကို ၃ပြည်ခန့် ကျွေးပေးရပါမည်။ အပင် စိုက်ပြီး သည်နှင့်ရေသွင်း၊ ရေလောင်း ရပါမည်။ ပူပြင်းသောနွေရာသီတွင် တစ်ပတ်ခြား တစ်ခါ ရေခပ်ပါးပါး လောင်းရန် လိုသည်။ မိုးရာသီတွင် မလိုအပ်ပါ။ အပွင့် ပွင့်ချိန်တွင် အစိုဓာတ် လုံလုံလောက်လောက် မျှမျှတတ ရှိနေစေရန် အစက်ချ ရေပေး စနစ်ကို အသုံးပြုနိုင်သည်။ ရေသေရေဝပ်ခြင်းကို မနှစ်သက်သောကြောင့် ကောင်းစွာ ရေသွင်းရေထုတ် ပြုလုပ်ပေးရန် လိုအပ်သည်။ အပင် အစောပိုင်း စစိုက်ထားသော ကာလများတွင် လက်ပေါင်းလိုက်ခြင်း၊ ကြားပေါင်း နှိမ်ခြင်းများကို လိုအပ်သည်။

ယင်ဖြူ၊ သရစ်၊ လှေး၊ ပျ နှင့်မွှားကောင်များသည် ကင်းပုံသီး အပင် အတွက် အဓိက ဖျက်ပိုးများ ဖြစ်သည်။ သင့်တင့် လျောက်ပတ်သော ဓာတုဗေဒ ဆေးများ သုံးနိုင်သည်။ ယခုနောက်ဆုံးထွက် ရှိလာသော မျိုးတမျိုးဖြစ်သည့် (Sulabha) စူလဘ မျိုးတွင် ပိုးမွှား ဒဏ်ခံနိုင်ရည် ရှိသော မျိုး အဖြစ် အသိများ အစိုက်များ ကြသည်။ စိုက်ပျိုးပြီး သုံးလအကြာတွင် စတင် ခူးဆွတ်နိုင်ပြီ ဖြစ်သည်။ လက်ဖြင့် ဆွတ်ခြင်းသည် နွယ်ပင်ကို ထိခိုက်နိုင်သဖြင့် တတ်နိုင်သမျှ ကတ်ကြေး အသေးသုံး၍ ခူးဆွတ်ခြင်းက ပိုမို သင့်တော်သည်။ စိုက်ပြီး နှစ်လအကြာတွင် ပန်းများ စတင် ပွင့်သည်။ ကောင်းမွန်စွာ ဂရုစိုက်ထားလျှင် တစ်ဧကတွင် (တရာသီ) ၇၀နှင့် ၉၀ ပိဿ ခန့် အထွက်နှုန်း ရရှိနိုင်သည်။ ဒေသတွင်း တွင်ကောင်းစွာ ဖြုန်းအားရှိနိုင်သော သီးနှံ၊ အရင်းအနှီး နည်းသောသီးနှံ၊ နှစ်ရှည်ပင်လည်း ဖြစ်သည့် အလျေက် အထိုက်အလျောက် အမြတ်အစွန်း ကျန်နိုင်သော သီးနှံဖြစ်၍ စီးပွားဖြစ် စိုက်ပျိုးရန် အလွန်သင့်တော် လွယ်ကူသော အပင် ဖြစ်ပါသည်။

Shwe Yee Lin

Source: .http://www.agrifarming.in/ivy-gourd-farming


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်