အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

မိုးဇလ
မိုးဇလ 12/03/2021

(၂၀၂၁ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့ ​နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း (၆၀) ဖြစ်ပါသည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။  အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။  တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။  အများအားဖြင့် သာယာမည်။

မိုးဇလ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ထရိုင်ခိုဒါးမား ဘယ်တံဆိပ် ကကောင်းလဲ ဆရာသမားတို့။

ဦးမျိုး • ဖြေကြားချက် 0 ခု

ငြုပ်ပင်အရွက်ထွတ်နေလို့ ဘာဆေးသုံးရင်ကောင်းမလည်းဗျ ပုလဲ​ကျွေးထားတာ ၁ပတ်လောက်ရှိပြီ ပုလဲပက်ပြီးမှအရွက်ကပိုထွတ်လာလို့ ဘာဆေးသုံးရမလည်းပြောပြပေးပါလားဗျ အသီးပွင်အားအေးရောတခါတည်းညွှန်းပေးပါလားဗျ

ဖိုးလပြည့် • ဖြေကြားချက် 5 ခု

အရင်ရက်က ဝတ်မှုန်ကူးထားတဲ့ အသီးတွေ မတက်ဘူး ပုတ်ကုန်လို့ ဘယ်လိုလုပ်ရမလဲ ဆရာတို့ ခင်ဗျာ။

မောင်ပေါက်ကြီး • ဖြေကြားချက် 2 ခု

ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်

U Yan • ဖြေကြားချက် 2 ခု

ဆရာကြီး ဆေးရွက်ကြီးသဘာဝပိုးသတ်ဆေးလုပ်နည်းမျှဝေပေးပါဆရာ။ ဆေးနှုန်းထားလေးလဲမျှဝေပေးပါဆရာ အပင်လောင်မှာကိုဆိုးရိမ်ရပါသလားဆရာ မျှဝေပေးပါအုန်း

U Than Toe Aung • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။