“ရာသီဥတု” နဲ့ “မိုးလေဝသ” ဘာကွာလဲ
ဒီဝေါဟာရ ၂ ခုကတွဲပြီး ပြောနေကြဆိုကြတော့ ရာသီဥတု(Climatology) နဲ့ မိုးလေဝသ(Meteorology)ဆိုတာ အတူတူပါပဲလို့ ယူဆနိုင်ကြပါမယ်။
ရှင်းအောင်ပြောရမယ်ဆိုရင် -
• ရာသီဥတုဆိုတာက ပြီးခဲ့တဲ့ ထောင်စုနှစ်၊ ရာစုနှစ်၊ ဆယ်စုနှစ်၊ နှစ်တစ်နှစ်၊ လတစ်လ၊ ရက်တစ်ရက်၊ ဒေသတစ်ခုမှာ ဖြစ်ခဲ့တဲ့ “မိုးလေဝသအခြေအနေတွေ”ကို လေ့လာသုံးသပ်၊ မှတ်တမ်းတင်ထားတာဖြစ်ပြီး
• မိုးလေဝသ ဆိုတာက လက်ရှိအချိန်မှာဖြစ်ပျက်နေတဲ့အခြေအနေနဲ့ နောက်လာမယ့် နာရီ၊ ရက်၊ လ၊ နှစ်တွေမှာ ဖြစ်လာနိုင်မယ့် မိုးလေဝသအခြေအနေတွေကို ကြိုတင်ခန့်မှန်းပေးတာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ကြိုတင်ခန့်မန်းချက်ဝေးလေ တိကျမှုနည်းလေပါပဲ။ ကျွန်တော့်လေ့လာမှုတွေအရ အနည်းဆုံး ၃ ရက်မှ ၅ ရက်အတွင်းပဲ အတိအကျကြိုတင်ခန့်မှန်းနိုင်ပါတယ်။
မိုးလေဝသအခြေအနေ (Weather & Storm Forecast) ခန့်မှန်းတဲ့အခါ ရေးသားတင်ပြရတဲ့အဆင့်တွေက ရာသီဥတု(Climatology) ခန့်မှန်းတာနဲ့ မတူပါဘူး။
- အရင်ဆုံး အချက်အလက်တွေစု
- ပြီးရင် သုံးသပ်
- ပြီးမှ ခန့်မှန်းချက်အကြမ်းရေး
- တခြား အပြည်ပြည်ဆိုင်ရာမိုးလေဝသခန့်မှန်းရေးဌာနတွေနဲ့ ဂြိုလ်တုပုံတွေကတဆင့်ရသလောက်ထပ်ပြီး အတည်ပြု ပြီးမှ final ရေးရတာပါ။
မဟုတ်ရင် မှားကုန်တတ်တယ်။ မှားတင်ပြီးမှ ပြန်ပြင်လို့ မရတော့ဘူးဆိုတော့ အတော်သတိထားရပါတယ်။

Climatology ကတော့ အချိန်ရတယ် အပြောင်းအလဲတွေလည်း ရှိတယ်။ အရင်နှစ်တွေက မှတ်တမ်းတွေကို အခြေခံပြီး ဖြစ်လာနိုင်မယ့် ရာသီဥတုအခြေအနေသုံးသပ်ရတာက ပိုပြီးတော့လည်း ခက်ပါတယ်။
ဒါကြောင့် “မိုးလေဝသဆိုတာ ပစ္စုပ္ပန် နဲ့ အနာဂတ်ကိုခန့်မှန်းတာ။ ရာသီဥတုဆိုတာက အတိတ်မှတ်တမ်းကိုလေ့လာပြီး အခုဖြစ်နေတာတွေကို မှတ်တမ်းတင်တာ”လို့ ယေဘူယျအားဖြင့် ပြောလို့ရပါတယ်။
မိုးရွာမယ်၊ မရွာဘူး နေပူမယ်၊ မပူဘူးဆိုတာတွေက ဆော့ဝဲတွေမှာ ၇ ရက်စာ၊ ၁၄ ရက်စာ ကြည့်လို့ ရပါတယ်။ ဘာကြောင့် ဒီလိုတွေဖြစ်တယ် ဘယ်မိုးလေဝသကြိုတင်ခန့်မှန်းရေး model တွေကို သုံးပြီး ဖော်ပြတယ်။
model data တွေက update ဖြစ်ရဲ့လား၊ မဖြစ်ဘူးလား။
နောက်ကျနေတဲ့ အချက်အလက်တွေလားဆိုတာလည်း သတင်းတွေ စောင့်ကြည့်နေတဲ့ ပြည်သူတွေက မသိနားမလည်ကြတာ များပါတယ်။
ဒါကြောင့် မိုးလေဝသခန့်မှန်းတင်ပြတာတွေကြည့်တဲ့အခါ အခုအပေါ်မှာဖော်ပြထားတဲ့ အချက်တွေ အဆင့်တွေအတိုင်းမဟုတ်ဘဲ လိုင်းပေါ်မှာ အလွယ်တကူရနေတဲ့ weather APP က ပုံတွေကြည့်ပြီး အကြောင်းအကျိုးမပါဘဲ ခန့်မှန်းရုံနဲ့တော့ မပြည့်စုံဘူးဆိုတာ သိထားဖို့လိုပါတယ်။
ဘယ်လိုခန့်မှန်းချက်တွေက ဘယ်လောက်အထိ တိကျနိုင်မယ်။ အဓိပ္ပာယ်ပြည့်စုံပြီး ဘယ်လောကိအထိယုတ္တိတန်မယ်ဆိုတာ ဝေဖန်ပိုင်းခြားပြီးအတည်ယူနိုင်အောင် ရာသီဥတုပြောင်းလဲနေတာကိုလည်း နားလည်အောင်လေ့လာကြပါ။ နေ့စဉ်ဖြစ်ပေါ်ပြောင်းလဲနေတဲ့ မိုးလေဝသဆိုတာကိုလဲ အတွင်းကျကျနားလည်အောင်လုပ်ကြပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဆက်စပ်မေးခွန်းများ
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ
U Soe • ဖြေကြားချက် 1 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from ဦးဝင်းနိုင်
အားလုံး
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....