အခုလိုမျိုး အဖက်ဖက်က ခက်ခဲနေတဲ့ ကာလမှာ တောင်သူတွေ စိုက်ခင်းထဲမှာ ဒစ်ဂျစ်တယ်နည်းပညာကို ပိုမိုကျယ်ပြန့်စွာအသုံးချတတ်ပြီး ဒီနည်းပညာတွေကနေတစ်ဆင့် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကနေ ရုန်းထွက်နိုင်ဖို့အတွက် "တောင်သူ့အခက်အခဲကျော်လွှားဖို့ ဒစ်ဂျစ်တယ်နည်းပညာသုံးကြစို့" ဆိုတဲ့ ခေါင်းစဉ်နဲ့ Online Webinar လေးကို ကျင်းပပေးတော့မှာပဲဖြစ်ပါတယ်။
ခေါင်းစဉ် - တောင်သူ့အခက်အခဲကျော်လွှားဖို့ ဒစ်ဂျစ်တယ်နည်းပညာသုံးကြစို့
အချိန် - မေလ ၄ ရက်၊ ၂၀၂၃ ခု ၊ အချိန် နေ့လယ် ၁ နာရီ
Join Zoom Meeting
https://us06web.zoom.us/j/
Meeting ID: 838 3438 1337
Passcode: 921884
နည်းပညာနဲ့ ပတ်သက်တဲ့ အခက်အခဲတွေနဲ့ အကြောင်းအရာတွေကို ဆွေးနွေးလိုတဲ့ ဝင်ရောက်ဆွေးနွေးဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်ရှင့်
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်