ပဲတီစိမ်းနှင့်မတ်ပဲတွင် ကျရောက်တတ်သောရောဂါများနှင့် နှိမ်နင်းနိုင်သည့်ဆေးများ

30/11/2022 13:00 PM တွင် ဖုန်းမဏ်တိုး ဖုန်းမဏ်တိုး မှ ရေးသား

ပဲတီစိမ်းနဲ့ မတ်ပဲဆိုတာက Cash Crop ဝင်ငွေရတဲ့ သီးနှံတွေပဲ ဖြစ်ပါတယ်။ ပဲတီစိမ်းနဲ့ မတ်ပဲ က Genus တူပြီး ပုံစံ၊ အနေအထား၊ အစေ့ပုံစံတွေက အတူတူပါပဲ။ ဒါကြောင့်ကျရောက်တတ်တဲ့ ရောဂါ၊ ပိုးမွှားတွေကလည်း များသောအားဖြင့် အတူတူပဲလို့ဆိုနိုင်ပါတယ်။

ကျရောက်တတ်တဲ့ ရောဂါတွေကတော့...

  • အဝါရောင် မိုစိတ်ဗိုင်းရပ်စ်ရောဂါ
  • စာကိုစပိုးရားရွက်ပြောက်ရောဂါ (သံချေးရောဂါ)
  • အန်းသရနို့စ် (မှဲ့ပြောက်စွန်းရောဂါ)
  •  ပေါင်ဒရီမစ်ဂျူး (ဖားဥမှို)
  • ဘလိုက် (ရွက်ခြောက်လောင်)
  • ဟေလိုဘလိုက် (ရွက်ခြောက်ကိုင်းခြောက်)
  • ရက်စ် (သံချေးရောဂါ)
  • ဖြူဆေရီယမ် (မှိုညှိုးသေရောဂါ)
  • ပိုင်သီရမ်မှိုညှိုးသေရောဂါ
  • မြစ်ခြောက်ဆွေး စခရိုရန်
  • ပင်ခြေမှိုဖြူစွဲ ညှိုးသေရောဂါ
  • မြစ်ဖုနီမတုတ် အမြစ်တွင်ဖြစ်သော အခြားနီမတုတ်များ စတဲ့

ရောဂါတွေကျရောက်တတ်ပြီးတော့ အကုန်လုံးတော့ မကျရောက်ပါဘူး။

ဒီထဲက ကျရောက်မှုများတဲ့ရောဂါအချို့နဲ့သုံးသင့်တဲ့ ဆေးအချို့ကို ရှင်းလင်းဖော်ပြပေးပါ့မယ်။

(၁)  စာကိုစပိုးရာရွက်ပြောက်ရောဂါ (သံချေးရောဂါ)

 အရွက်ပေါ်မှာ ကွမ်းတံတွေးထွေးထားသလို နီညိုရောင်၊ အညိုရောင် တွေဖြစ်တယ်။ မြေအောက်ပိုင်းကို မထိခိုက်ပေမဲ့ အစာချက်နှုန်းကို ထိခိုက်တဲ့ အတွက် သီးတောင့်ဖြစ်ပေါ်မှုကို ထိခိုက်နိုင်ပါတယ်။ (မြေပဲ၊ ပဲတီစိမ်းစိုက်ရင် ဒီရောဂါက ကျကိုကျပါတယ်)။ ဆိုးတာမဆိုးတာပဲကွာမှာပါ။ ရာသီဥတုကအေးတယ်။ အပင်ခပ် စိပ်စိမ် စိုက်ထားရင် ဒီသံချေးရောဂါက ဆိုးပါတယ်။

စာကိုစပိုးရာရွက်ပြောက်ရောဂါ (သံချေးရောဂါ) ကိုနိုင်သော မှိုသတ်ဆေး အေအိုင်များ

ကာကွယ်ရန်- ပီလာဇက်၊ BNS မန်ကို၊ မာဃဆာလဖာ၊ မှိုစတား၊ MGM သာလိုနေး၊ ပီလာရစ်ချ်

ကာကွယ်ကုသရန်- ရော့ခ်၊ ပီလာတိုင်းမ်၊ မာဃ ဟက်ဇာ၊ ပီလာဗေး၊ ဘီအန်အက် ပရိုပီ၊ မှိုဘုရင်

မပေးသင့်သောဆေး- ပီလာဇီးလ်၊ BNS ဒိုင်မော့(ဖ်)

(၂) ပေါင်ဒရီမစ်ဂျူး (ဖားဥမှိုရောဂါ)

ဖားဥမှိုက ပေါင်ဒါမှုန့်တွေဖြူးထားသလိုပဲ။ လက်နဲ့ ပွတ်ကြည့်လိုက်ရင် လက်ထဲဘာမှပါမလာဘူး။ ဖုန်နဲ့မှားမှာစိုးလို့ ကွင်းထဲမှာ စမ်းကြည့်နိုင်ပါတယ်။ ဒီရောဂါကလည်းဆိုးပါတယ်။ ဖားဥမှိုရောဂါ အတွက်ဆိုရင်တော့ ဆာလဖာက နိုင်ပါတယ်။ ခါးရိပင်ညှိုးရောဂါ ပဲပင်တွေအကွက်လိုက် ညှိုးညှိုးပြီး သေသွားရင် မြေခြောက်ဆွေးခြင်း၊ ဖျူဆေရီယမ်စတဲ့ မှိုတွေအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အခင်း ထဲမှာ ပဲပင်တွေညှိုးသွားတယ် ဘာလို့လဲ မေးရင်တော့ ပြောရတာတော့ခက်ပါတယ်။ ဒီရောဂါကတော့ မြေကြီးကနေဖြစ်တဲ့ မြေဆောင်ရောဂါတွေပဲ ဖြစ်ပါတယ်။

ဖားဥမှိုသတ်ဆေးများ

(၁) ရေ ၄ ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆာလ်ဖာ အေအိုင် ၅၀ % အက်စ်ပီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ- ၅ ဇွန်းနှုန်း

(၂) ရေ ၄ ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ကရီဆိုဇင်း- မီသိုင်း ( Kersosim methyl) ၅၀% ဒဗလျူဂျီ စားပွဲတင်ဇွန်း တစ်ဇွန်း၏ ၄ ပုံ ၃ပုံခန့်

မပေးသင့်သောဆေး- ပီလာဇီးလ်၊ BNS ဒိုင်မော့ (ဖ်)

အပိုင်း(၂) မှာတော့ နောက်ထပ်အဖြစ်များတဲ့ ရောဂါအချို့အကြောင်းကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်