ကျင်းစာကျွေး ဘောင်လုံးခြင်း (Greenway ကြံသီးနှံပညာပေးစာစဉ် -၂ )

23/05/2022 11:00 AM တွင် U San Thein (Agri) U San Thein (Agri) မှ ရေးသား

 

၁။ ကြံပင်ကြီးထွားမှု အဆင့်-၂ သည် ပင်ပွားထွက်ခြင်းနှင့် ရွက်အုပ်မိုးမှုဖြစ်ပေါ်လာခြင်းကို တွေ့ရမည်။ ဤအဆင့်သည် ဆောင်းစိုက်ကြံခင်းများအတွက် မတ်လမှ မေလ မုတ်သုံမိုးစချိန်ထိ ဖြစ်ပေါ်သည်။ ဤအဆင့်တွင် ကြံခင်းကိုပေါင်းရှင်းခြင်း ၊ ကျင်းစာကျွေးဘောင်လုံးခြင်း၊ မြေဩဇာကျွေးခြင်းနှင့် ရေသွင်းခြင်း၊ ထပ်မံ၍ ပေါင်းနှိမ်ခြင်းတို့ကို လုပ်ဆောင်ကြရသည်။ ဘောင်လုံးခြင်း၏အခြားအရေးကြီးသော အကျိုး သက်ရောက်မှုမှာ ကြံခင်းအထွက်ကောင်းရေးနှင့် စက်သွင်းကြံအဆင့်မှီသော ကြံချောင်းအရေအတွက် အများဆုံး ရရေးတို့ဖြစ်ပါသည်။

 

၂။ အပင်ကြီးထွားမှု အဆင့်-၃ တွင် ကြံပင်သည် ပင်ပွားများ (သားတက်များ) အလွန်အကျူးထွက်ပေါ်သည်။ ဘောင်လုံးချိန်၌ အပင်ပြုစုမှုမကောင်းလျှင် ကြံရုံတစ်ရုံ၌ ပင်ပွား (၁၀) ခုထွက်လျှင် (၇) ခုသေ၍ (၃) ခုသာ ခုတ်သိမ်းချိန်၌ အဖတ်တင်တတ်သည်။ ခုတ်သိမ်းချိန်တွင် စံချိန်မီ စက်သွင်းကြံချောင်းများရရန်မှာ ဘောင်လုံးချိန် အပင်ပြုစုမှုက အဆုံးအဖြတ်ပေးတက်သည်။

 

၃။ ကြံပင်ပေါက်စုံလင်လာစဉ် ရွက်အုပ်မိုးမဖြစ်ပေါ်လာသေးသောကာလ၌ ကြံပင်အတန်းကြားများသည်  ဟောင်းလောင်းဖြစ်၍ အလင်းရောင်ပြင်းအား များစွာရနေတတ်သည်။ အလင်းရောင်ပြင်းအားများလျှင် ကြံပင်ထိပ်ဖျားအရွက်များရှိ ကြီးထွားနှုန်းကိုလှုံ့ဆော်သော ဟော်မုန်းဓာတ်များသည် အပင်အောက်ခြေသို့ စီးဆင်းမှုနည်းပါးသည်။ ယင်းဟော်မုန်းဓါတ်များအပင်ခြေ၌ စုဝေးမှုနည်းသဖြင့် အပင်အောက်အဆစ်ရှိ ကြံမျက်လုံးဖူးများကို ဖိနှိပ်မှုအားနည်းသည်။ ထို့ကြောင့် မျက်လုံးဖူးများမှ ကြံပင် ပင်ပွားများ (သားတက်များ) အလွန်အကျူးထွက်လာနိုင်သည်။

 

၄။ ကြံပင်အုံ၏ ရွက်အုပ်မိုးဖြန့်ကျက်မှု ခပ်စိပ်စိပ်ဖြစ်ပေါ်လာပါက အပင်အောက်ခြေတွင် အလင်းရောင်ရရှိမှု နည်းလာသည်။ အပင်အရွက်ထိပ်ဖျားမှ ဟော်မုန်းဓါတ်များအပင်အောက်ခြေသို့ စီးဆင်းမှု အားကောင်းလာ သဖြင့် အောက်အဆစ်ရှိမျက်လုံးဖူးများကို ဖိနှိပ်မှုအားကောင်းလာပြီး ပင်ပွားများဆက်လက်ထွက်ပေါ်မှု ရပ်တန့်သွားသည်။ ထွက်ပြီးသော ပင်ပွားများမှာလည်း အလင်းရောင်နှင့် အစာအာဟာရလုံလောက်စွာမရ၍ ပင်ပွားအများအပြားသေကျေသွားသည်။

 

၅။ ကြံပင်၏ ဇီဝကမ္မဖြစ်စဉ်ကို နားလည်ထားလျှင်

(က) ပင်ပွားထွက်ပေါ်မှုကို လိုသည်ထက်မပိုစေရန်

(ခ) ကြီးထွားမှုအရှိန်ကိုစ၍တင်လိုက်သောကာလ၌ အပင်အာဟာရဓာတ်ပြည့်စုံရန်

(ဂ) နွေရာသီတလျှောက်လုံး ကြံခင်းသည် ရေငတ်နေသဖြင့် ဖြစ်နိုင်ပါက ရေသွင်းပေးရန်

(ဃ) ရေသွင်းခြင်း၊ ဓာတ်မြေဩဇာပေးခြင်းတို့ကြောင့် ပေါင်းပင်များထူထပ်စွာ ပေါက်လာနိုင်သဖြင့် ပေါင်းနှိမ်နင်း၍ ရှင်းလင်းပေးရန်နှင့် ကျင်းစာကျွေးဘောင်လုံးခြင်းကို မပျက်မကွက်လုပ်ဆောင်ရပါမည်။

 

၆။ ဘောင်လုံးချိန်တွင် မိမိ၏ကြံခင်းသည် အပင်ပေါက်ကျဲ၍ ပင်ပွားထွက်မှုနည်းနေသည်ဆိုပါက စိုက်တန်းကြား တွင် ပေါင်းရှင်းပေး၍ အပင်ခြေတွင် မြေသားခပ်ပါးပါးသာ ဖုံးသင့်သည်။ ဘောင်လုံးချိန်တွင် မိမိကြံခင်းသည် ကြံပင်သားတက် အများအပြားထွက်ရှိနေသည်ဆိုပါက ဘောင်လုံးချိန်ကို စောစောစ၍ အပင်အတန်းကြား ကြားလိုက်ထယ်ထိုးကာ အပင်ခြေသို့ မြေသားထူထူဖုံးအုပ်ဘောင်လုံးပေးသင့်သည်။ နောက်ထပ်မလိုလား အပ်သော ကျုံလှီသည့်သားတက်များ ထွက်ပေါ်မလာနိုင်ရန်ဖြစ်သည်။

 

၇။ သမားရိုးကျ (၃)ပေခွဲ ကြံစိုက်တန်းတွင် ဘောင်လုံးပါက  ထယ်နားရွက် ကောင်းစွာလိမ်ထားသော ဘဲထယ်သွားဖြင့် ကျွဲ၊ နွား ဆွဲ၍ ဘောင်ဖြဲ ဘောင်လုံးလုပ်ရပါမည်။ (၃) ကြိမ်ခန့်လုပ်ဆောင်သင့်ပါသည်။ ကြံပင်များ  နွားထမ်းပိုးတုန်း လွတ်နိုင်သောအဆင့်တွင်     နွားထယ်ကို သုံးရန်လိုအပ်ပါသည်။ ရှမ်းပြည်နယ်ကဲ့သို့ ကျွဲတစ်ကောင်က ထယ်သုံးသောဒေသ၌ ကျွဲတစ်ကောင်ကထယ်ဖြင့် ကြံပင်အတန်းကြားဝင်ရန် အထူး အဆင်ပြေသည်။

 

၈။ ကြံအထွက်တိုးရန် ကျင့်သုံးသော (၅)ပေကွာ ဒွိစုံကြံစိုက်တန်းစနစ်ဖြင့် စိုက်ပျိုးထားသော ကြံခင်းများ၌ ဘောင်လုံးရာ၌ ငါးသွားသံထွန်၊ ထွန်တိုကလေး၊ (၅)သွားထွန်တုန်း (ပုံ-၁၊ ၂၊ ၃၊ ၄၊ ၅)တို့ကို ကျွဲ၊ နွားသုံး၍ ဆောင်ရွက် နိုင်သည်။

ပုံ(၁)

ပုံ(၂)

ပုံ(၃)

ပုံ(၄)

ပုံ(၅)

 

လက်တွန်းထွန်စက် ကိုလည်းသုံးနိုင်သည်။  (ပုံ-၆) ထွန်စက်နောက်၌ လင်ပန်း ထယ်အမျိုးမျိုးနှင့် ထွန်ခြစ်ပုံစံ သံစူးများကိုတပ်ဆင်၍ ပေါင်းရှင်း ဘောင်လုံးနိုင်သော ထွန်စက်အငယ်စား (Minitractor) ကိုသုံး၍ ၅ ပေ ကြံပင်တန်းကြား၌ ဝင်ရောက်လုပ်ကိုင်နိုင်သည်။

ပုံ(၆)

ပုံ(၇)

ပုံ(၈)

 

၉။ ကြံပင်အတန်းကြား၌ ဘောင်လုံးသောအခါ ရေသွင်းရန် ရေမြောင်းများဖေါ်နိုင်သည်။ ရေသွင်းပြီး ပေါင်းများထလာလျှင် ပေါင်းသတ်ဆေးသုံးစွဲရန်သင့်သည်။

 

စာစဉ်-၃ ၌ ကြံခင်းရေလိုအပ်ချက် တိုင်းတာခြင်းနှင့်ရေပေးသွင်းခြင်း၊ စာစဉ်-၄ ၌ ဓါတ်မြေဩဇာထည့်သွင်း ခြင်းနှင့် စာစဉ်-၅ ၌ ပေါင်းသတ်ဆေးသုံးစွဲခြင်းနည်းလမ်းတို့ကို ဆက်လက်ဖေါ်ပြပါမည်။

 

စံသိန်း(စိုက်ပျိုးရေး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်