ကင်ဆာရောဂါကာကွယ်ပေးနိုင်သော အစားအစာ(၈)မျိုး

19/08/2019 07:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁။ မာလကာသီး

မြန်မာနိုင်ငံမှာပေါများသော မာလကာသီးက ဗီတာမင် - စီ အကြွယ်ဝဆုံးသစ်သီးတွေစာရင်းထဲမှာ ပါဝင်ပါသည်။ အချဉ်အရသာရှိတဲ့အသီး (သံပုရာသီးစသည့်) တွေမှာ  ဗီတာမင် - စီ ကြွယ်ဝတာကို လူတိုင်းလိုလိုသိထားကြပါသည်။ မာလကာသီးဟာ ချဉ်တဲ့အသီးစာရင်းမှာ မပါပေမယ့်  ဗီတာမင် - စီ အကြွယ်ဝဆုံး သစ်သီးတွေစာရင်းမှာ ပါဝင်ပါသည်။ အစာမျှင်ဓာတ်လည်း ကြွယ်ဝပါသည်။ အဲ့ဒီအစာမျှင်ဓာတ်သည် ဝမ်းကိုမှန်စေပါသည်။ အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ သွေးထဲမှာ သကြားဓါတ်မြင့်တက်မလာအောင် ထိန်းသိမ်းပေးနိုင်ပါသည်။

၂။ ပန်းသီး

ပန်းသီးတွင်  ဗီတာမင်-စီ တော့ သိပ်များများမပါပေ။ သို့သော် အောက်စီဂျင်ဓာတ်တိုးဆန့်ကျင်တဲ့ အန်တီအောက်စီဒန့် (antioxidant) တွေနှင့်  ဗီတာမင် - စီ ၏ အာနိသင်ကို ပိုပြီးထက်မြက်စေသော ဖလဗိုနွိုက် (Flavonoid) ခေါ် ဓာတ်တွေပါဝင်ပါသည်။ အူမကြီးကင်ဆာ၊ နှလုံးရောဂါနှင့် လေဖြစ်တာတွေကို လျော့နည်းစေနိုင်ပါတယ်။

၃။ လိမ္မော်သီး

ဗီတာမင် - စီ ဓာတ်ပေါများစွာပါဝင်သော အသီးများထဲတွင် လိမ္မော်သီးသည်လည်း အပါအဝင်ဖြစ်၏။ ထို့ပြင် ကင်ဆာရောဂါကို ဟန့်တားနိုင်သော antioxidant ဓာတ်လည်း လိမ္မော်သီးတွင်ပါဝင်သည်ကို တွေ့ရပါသည်။ လိမ္မော်သီးကို တစ်နေ့တစ်လုံး၊ နှစ်လုံး မှန်မှန်စာလျှင် သာမန်အအေးမိတာလောက်ကို မဖြစ်အောင် ကာကွယ်ပေးနိုင်သည့်အပြင် သွေးထဲတွင် ကိုလက်စထရောလည်း လျှော့နည်းလာပါလိမ့်မည်။ ကျောက်ကပ်တွင် ကျောက်မတည်အောင် အူမကြီးကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသည်။

၄။ ဖရဲသီး

ဖရဲသီးတွင် ခန္ဓာကိုယ်၏ ရောဂါခုခံစွမ်းအားကို မြင့်မားစေသော ဂလူတာသိုင်အိုနီး (Glutathione) ဓါတ်တွေ အများကြီးပါသည့်အပြင် ကင်ဆာရောဂါကို ခုခံတိုက်ဖျက်နိုင်စွမ်းရှိသော လိုင်ကိုပင်း (Lycopene) ဆိုသည့်ဓါတ်လည်း ကြွယ်ဝပါသည်။ ခရမ်းချဉ်သီးအမှည့်လိုပင် လိုင်ကိုပင်း (Lycopene) ကြွယ်ဝသည့်အသီးဖြစ်ပါသည်။ လိုင်ကိုပင်း (Lycopene) သည် အမျိုးသားများတွင် ဆီးကျိတ်ကင်ဆာဖြစ်စေနိုင်မှုကို လျော့နည်းစေပါသည်။ ဖရဲသီးသည် ဆီးပူ ၊ ဆီးကျင်ခြင်းနှင့် ဆီးသွားရခက်ခဲခြင်းဝေဒနာများကိုလည်း သက်သာစေနိုင်ပါသည်။

၅။ စတော်ဘယ်ရီ

အန်တီအောက်စီဒန့် (Antioxidant) အောက်စီဂျင်ဓါတ်တိုးဆန့်ကျင်နိုင်စွမ်းရှိသည့် နေရာတွင် ဘယ်အသီးမှ စတော်ဘယ်ရီသီးကို လိုက်မမီပေ။ ထိုအစွမ်းနှင့်ပင် စတော်ဘယ်ရီသီးသည် ကင်ဆာဖြစ်အောင် သွေးကြောထဲတွင် သွေးခဲအောင်လုပ်တတ်သည့် Free Radical တွေမှ ကာကွယ်ပေးကြောင်းလည်း သိရပါသည်။

စတော်ဘက်ရီသီးတွင် စီဗစ် (Cevit) ဓါတ်လည်း များစွာပါဝင်နေသည့်အတွက် မကြာမကြာစားသုံးသင့်သော အာဟာရတစ်မျိုးဖြစ်၏။ စတော်ဘယ်ရီသီး၏ အနီရောင်ချယ်သောဓါတ်သည် မုန်လာဥနီ၊ ခရမ်းချဉ်သီးမှည့်တို့နှင့် အလားတူသည်ကို တွေ့ရသည်။

၆။ မှို

လင်ဇီးမှို၊ မျောက်ခေါင်းမှို၊ သစ်ကပ်မှို ၊ ကြွက်နားရွက်မှိုများအပါအဝင် လူတို့စားသုံးနိုင်သော အဆိပ်အတောက်ကင်းသည့် မှိုများတွင် ကင်ဆာရောဂါကို ကာကွယ်ခုခံနိုင်သော Antioxidants ဓါတ် များစွာပါဝင်ကြောင်း စမ်းသပ်တွေ့ရှိကြသည်။

ထို့အပြင် မှိုမဟုတ်သော်လည်း အဖြူရောင်ကျောက်ပွင့် အစိမ်းရောင်ကျောက်ပွင့်နှင့် စိမ်းပြာရေညှိတို့တွင်လည်း ကင်ဆာရောဂါကို ခုခံကာကွယ်နိုင်သောဓါတ်များစွာ ပါရှိသည်ကိုတွေ့ရသည်။ ထို့အပြင် ကယ်လ်ဆီယမ် (Calcium) ဓါတ်နှင့် ဗီတာမင် - ဒီ(Vitamin D) များစွာပါဝင်သော မလိုင်ထုတ်ထားသည့် နွားနို့၊ ငါးလင်ပန်း၊ ငါးရှဉ့်အဝါ ၊ ငါးသေတ္တာငါး၊ ငါးဖယ်နှင့် ငါးအမျိုးမျိုးတို့သည်လည်း ကင်ဆာရောဂါကို ကာကွယ်နိုင်သော အစားအသောက်များတွင် ပါဝင်လေသည်။

၇။ ပဲနောက်၊ ပဲစိမ်းငုံ၊ ပဲအမျိုးမျိုး

ပဲပုပ်ပဲ၊ ပဲနောက်၊ ပဲစိမ်းငုံ၊ ပဲနံ့သာ၊ ပဲမောင်မခေါ်နှင့် ပဲအမျိုးမျိုးတို့သည်လည်း ကင်ဆာရောဂါကာကွယ်နိုင်သည်။ ထို့အပြင် ဂျုံ့ဖွဲ ၊ ဖွဲနု စသော အစားအသောက်များသည်လည်း ကင်ဆာရောဂါကို ကာကွယ်နိုင်သည့် အစားအသောက်များ ဖြစ်သည်။

၈။ ဂေါ်ဖီထုပ်၊ မုန်ညှင်း၊ ကိုက်လန်နှင့် ပန်းဂေါ်ဖီ

အထက်ပါ မုန်ညှင်းမျိုးရင်းဝင် အသီးအရွက်များနှင့် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနှင့် အစိမ်းရာင် ပန်းဂေါ်ဖီပွင့် (Broccoli) များသည်လည်း ကင်ဆာရောဂါကို ကာကွယ်နိုင်သည့် Antioxidants ဓါတ်များစွာ ပါဝင်ကြလေသည်။ မုန်ညှင်းဟုဆိုရာတွင် မုန်ညှင်းဖြူ၊ မုန်ညှင်းစိမ်း၊ မုန်ညှင်းထုပ်၊ ထိုင်ဝမ်မုန်ညှင်းခေါ်သော မုန်ညှင်းပု၊ ကိုက်လန်ရွက်များလည်း ပါဝင်ပါသည်။ ပန်းဂေါ်ဖီပွင့်တွင် အဖြူရောင် ပန်းဂေါ်ဖီပွင့်နှင့် အစိမ်းရောင်ပန်းဂေါ်ဖီပွင့် နှစ်မျိုးရှိရာ နှစ်မျိုးစလုံးပင် ကင်ဆာရောဂါကို ကာကွယ်သည့် အစားအသောက်စာရင်းတွင် ပါဝင်သည်။ သို့ရာတွင် အစိမ်းရောင် ဂေါ်ဖီပန်းပွင့်က ပိုမိုနူးညံ့ပြီး အစာလည်းကြေလွယ်သည့်အပြင် အာနိသင်လည်း ပိုသည်။ ထို့အပြင် fibre အမျှင်ဓါတ်ပါဝင်သော အစိမ်းရောင်အရွက်များဖြစ်သည့် ဟင်းနုနွယ်ရွက်၊ ကင်းပုံရွက်၊ ကျောက်ဖရုံရွက်၊ မုန်လာရွက်၊ မြင်းခွာရွက်၊ ကန်စွန်းရွက်၊ ဗူးရွက် စသော ကလိုရိုဖီး (chlorophyll) များစွာပါဝင်သော ဟင်းသီးဟင်းရွက်များသည်လည်း ကင်ဆာရောဂါကာကွယ်ပေးသည်။

ဗအုပ်ခိုင် (ကင်ဆာရောဂါ၏ ရေသောက်မြစ်များနှင့် အစွမ်းထက်သဘာဝဆေးပင်များ)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်