မိသားစုအပိုဝင်ငွေရရှိစေသည့် ပန်းသီးပင်စိုက်ပျိုးရေးကို ချင်းတောင်၌ တိုးချဲ့စိုက်ပျိုးလာကြ
မိသားစုအပိုဝင်ငွေရရှိစေသည့် ပန်းသီးပင်စိုက်ပျိုးရေးကို ချင်းတောင်၌ တိုးချဲ့စိုက်ပျိုးလာကြကြောင်း ချင်းပြည်နယ်တောင်ပိုင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
ဝဥပင်ကို စီးပွားဖြစ် ၅ ဧကလောက် စိုက်ထားတယ်။ ထောပတ်ပင်လည်း နည်းနည်းစိုက်ထားတယ်။ ပန်းသီးပင်ကို ၂ ဧက (အပင်ရေ-၅၀၀) စိုက်ထားတယ်။ စစိုက်တုန်းကတော့ ဈေးကွက်ကောင်းလို့ စိုက်ခဲ့တာမဟုတ်ဘူး။ တောင်ယာတစ်ဖက်၊ နှစ်ရှည်ပင်တစ်ဖက် စိုက်ပျိုးရင်း တစ်ဖက်တစ်လမ်းက မိသားစုအပိုဝင်ငွေရအောင်ဆိုပြီး စိုက်ဖြစ်ခဲ့တာ။ ဒီဘက် ၂၀၁၈ ခုနှစ် ပတ်ဝန်းကျင်ကစပြီး ပန်းသီးပင်စိုက်ပျိုးရေးကို စိတ်ဝင်စားတဲ့သူတွေ တစ်စစများလာတယ်။ အရင်တုန်းကတော့ ပန်းသီးပင်တကူးတကစိုက်တဲ့လူရယ်လို့ မရှိခဲ့ဘူး။ အခုနောက်ပိုင်း ပန်းသီးတွေ ကျွန်တော်တို့ရောင်းရတာ၊ ဈေးကွက်ကောင်းတာကို ကြည့်ပြီးတော့ အားကျလာကြတယ်။ တခြားတောင်သူတွေလည်း စိုက်ပျိုးလာကြပါပြီ။
ဟု ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ချပ်ကျေးရွာမှ ပန်းသီးပင်စိုက်ပျိုးသူ ဦးချွမ်ဂေ က ပြောသည်။
ပန်းသီးပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး ပြုစုပေးနိုင်ပါက နှစ်ပေါင်း (၂၀) နှင့်အထက် သက်တမ်းရှည်ကြာ ဝင်ငွေရရှိစေနိုင်သည်။
ဒီမှာ ကျွန်တော်တို့စိုက်တုန်းကတော့ စိုက်ပျိုးရေးဌာနရဲ့လမ်းညွှန်ချက်နဲ့မဟုတ်ဘူး၊ သာမန်ရိုးကျစနစ်နဲ့ စတင်စိုက်ပျိုးထားခဲ့ကြတာပါ။ အခုဆိုရင် စိုက်ပျိုးရေးဦးစီးဌာနကလည်း တစ်ဖက်တစ်လမ်းက ဝင်ငွေတိုးစေတဲ့ ပန်းသီးပင်တွေကို တိုးချဲ့ပြီးတော့ စိုက်ပျိုးဖို့ တိုက်တွန်းနေပါတယ်။
ဟု ၎င်းက ဆက်လက်ပြောသည်။
ပန်းသီးပင် စိုက်ပျိုးပါက တစ်ဧကစိုက်ပျိုးစရိတ်စုစုပေါင်း (၁၀) သိန်းကျပ်ဝန်းကျင် ပျမ်းမျှကုန်ကျနိုင်ကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျော်သူ
လွန်ခဲ့သော ၃ နှစ် က09421400044ကိုဆက်သွယ်ပေးပါဗျ ပျိုးပင် များများ လိုအပ်ပါတယ်
မောင်ကျော်စွာဟိန်း
လွန်ခဲ့သော ၄ နှစ် ကလိုချင်ပါတယ် ဖုန်းနံပတ်လေးပေးပါ
ဦးဥကာ
လွန်ခဲ့သော ၄ နှစ် ကပန်းသီး ပျိုး ပင်တွေ ကျွန်တော် ဆီမှာ ရနိုင်ပါသည်။
Oo Zaw Zaw
လွန်ခဲ့သော ၅ နှစ် ကပန်သီးအစေ့ကနေအပင်ပေါက်လာတယ် ကြီးလာအောင်ဘယ်လိုပျိုးထောင်ရမလဲဗျ
မောင်ညီ
လွန်ခဲ့သော ၅ နှစ် ကအပင်ဘယ်မှာရနိုင်မလဲ
ဆက်စပ်မေးခွန်းများ
ထရိုင်ခိုဒါးမား ဘယ်တံဆိပ် ကကောင်းလဲ ဆရာသမားတို့။
ဦးမျိုး • ဖြေကြားချက် 0 ခု
ငြုပ်ပင်အရွက်ထွတ်နေလို့ ဘာဆေးသုံးရင်ကောင်းမလည်းဗျ ပုလဲကျွေးထားတာ ၁ပတ်လောက်ရှိပြီ ပုလဲပက်ပြီးမှအရွက်ကပိုထွတ်လာလို့ ဘာဆေးသုံးရမလည်းပြောပြပေးပါလားဗျ အသီးပွင်အားအေးရောတခါတည်းညွှန်းပေးပါလားဗျ
ဖိုးလပြည့် • ဖြေကြားချက် 5 ခု
အရင်ရက်က ဝတ်မှုန်ကူးထားတဲ့ အသီးတွေ မတက်ဘူး ပုတ်ကုန်လို့ ဘယ်လိုလုပ်ရမလဲ ဆရာတို့ ခင်ဗျာ။
မောင်ပေါက်ကြီး • ဖြေကြားချက် 2 ခု
ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်
U Yan • ဖြေကြားချက် 2 ခု
ဆရာကြီး ဆေးရွက်ကြီးသဘာဝပိုးသတ်ဆေးလုပ်နည်းမျှဝေပေးပါဆရာ။ ဆေးနှုန်းထားလေးလဲမျှဝေပေးပါဆရာ အပင်လောင်မှာကိုဆိုးရိမ်ရပါသလားဆရာ မျှဝေပေးပါအုန်း
U Than Toe Aung • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022