လယ်ယာစီမံခန့်ခွဲမှုရယ် စိုက်ပျိုးထုတ်လုပ်မှုစီးပွားရေးပညာရှင်ရယ်

14/01/2020 15:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လွယ်သလားဟဲ့ 

လိုတာပေါ့ လိုတာပေါ့ စိုက်ရေးပျိုးရေးလုပ်နေတာက စီးပွားရေးလုပ်နေတာပဲလို့ အမြဲပြောဖြစ်ပါတယ်။ အဲ့တော့ စီးပွားရေးကိုလည်း တတ်ထားမယ်။ လယ်ယာကိုလည်း ကောင်းကောင်းစီမံခန့်ခွဲနိုင်တယ်ဆိုရင် ဘာလိုမှာလဲ

လယ်ယာစီမံခန့်ခွဲမှုဆိုတာ ဘာလဲ

သူက သိပ္ပံပညာရပ်ပါပဲ။ ဘာတွေနဲ့သက်ဆိုင်နေသလဲဆိုရင် ကိုယ့်လယ်ယာထဲက အရင်းအမြစ်တွေကို ဘယ်လိုခွဲဝေသုံးကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး၊ ထုတ်ကုန်တွေမြင့်မားလာဖို့အတွက် ဘာတွေကို ထည့်ပေါင်းသင့်တယ်ဆိုတာမျိုး၊ တစ်ခြား အစားထိုးသုံးလို့ရတာ ရှာပေးတာမျိုး နဲ့  ကိုယ့်မိသားစုအတွက် ကျေနပ်လောက်စရာအခြေအနေကို ဖန်တီးပေးနိုင်တာမျိုး စတဲ့အချက်တွေပါပါတယ်။ 

တစ်ခြား စကားနဲ့ ပြောရမယ်ဆိုမယ်ဆိုရင်တော့ 

ဘာကိုထုတ်လုပ်မလဲ (ဘာစိုက်မလဲ)၊ ဘယ်လောက်ထုတ်မလဲ (ဘယ်လောက်စိုက်ရမလဲ)၊ ဘယ်လိုထုတ်မလဲ (ဘယ်လို စိုက်ရမလဲ)၊ ဘယ်အချိန်မှာ ဝယ်ပြီးတော့ ဘယ်အချိန်မှာ ရောင်းလို့ရနိုင်မလဲ ဆိုတဲ့အချက်တွေကို စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းကိုခေါ်တာဖြစ်ပါတယ်။ 

ဒါဆိုရင် စိုက်ပျိုးစီးပွားရေးနဲ့ စိုက်ပျိုးစီမံခန့်ခွဲမှု ဘာတွေကွာခြားလဲဆိုတော့ အောက်က ဇယားလေးကိုကြည့်လိုက်ရင် သိသွားမှာပါ။ https://greenway.sgp1.digitaloceanspaces.com/editor_images/January2020/SXdBpHwtsqMaKlLzs6SVdKSulrK0zSXoYJOQbej4.png

ထုတ်လုပ်ရေးနဲ့ဆိုင်တဲ့ အပိုင်းကတော့ ဘယ်လောက်သုံးပြီးတော့ ထုတ်မယ်။ အရင်းဘယ်လောက်ပဲ သုံးမယ် ဆိုတာမျိုးတွေ တွက်ချက်ပြီး သုံးတာဖြစ်ပြီးတော့ စိုက်ပျိုးစီမံခန့်ခွဲတယ်ဆိုတာကျတော့ အရင်းဘယ်လောက် သုံးမယ်ဆိုတဲ့အထဲကနေမှ ဘယ်လောက်ကိုတော့ ဘယ်နေ့မှာ ဘယ်လိုသုံးလိုက်မယ် ဆိုတဲ့ အသေးစိပ်ပြီးတော့ စီမံတာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။

စိုက်ပျိုးမွေးမြူရေးစီမံခန့်ခွဲမှုထဲမှာ ဘာတွေပါသလဲ

ဆိုတော့ အဓိကအားဖြင့်တော့ ဆုံးဖြတ်ချက်တွေချရတာတွေပါပါမယ်။ ဆုံးဖြတ်ချက်တွေထဲမှာဆိုရင် Operational Management Decision လို့ခေါ်တဲ့ လည်ပတ်မှုပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်တွေနဲ့ Strategic Management Decision လို့ ခေါ်တဲ့ နည်းဗျုဟာဆိုင်ရာ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်တွေ စီမံအုပ်ချုပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေ (Administrative Management Decisions) နဲ့ ဈေးကွက်စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ (Marketing Management decisions) ပဲဖြစ်ပါတယ်။ စကားလုံးတွေကတော့ အဆင့်မြှင့်ကြီးတွေပဲ။ အဲ့လိုဆိုလို့ အကုန်လုံးက မတတ်ဘူး မထင်ပါနဲ့နော်။ အောက်က ပြန်ရှင်းပြလိုက်ရင် တတ်ကိုတတ်တဲ့အရာတွေချည်းပါပဲ။ လုပ်လည်း တကယ်လုပ်နေကြတာပါ။

Operational Management Decision လို့ခေါ်တဲ့ လည်ပတ်မှုပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်

အဓိကပိုင်းကတော့ 

၁) ဘာကိုထုတ်မလဲ 

စိုက်ပျိုးထုတ်လုပ်သူတိုင်းက ဒီဟာကို မဖြစ်မနေ ဆုံးဖြတ်ရပါတယ်။ စိုက်ပျိုးတဲ့ရာသီချိန်ရောက်တိုင်းမှာ ဘယ်လို သီးနှံကိုစိုက်ပျိုးရမလဲဆိုတာကို ဆုံးဖြတ်ရပါတယ်။ ဘာစိုက်မလဲ ဆိုတာကိုပါ။ စိုက်တာပျိုးတာတစ်ခုတည်းဆိုတင်မက မွေးတာပါ တွဲထားရင် ဘာစိုက်မယ်ဟဲ့ ဘာမွေးမယ်ဟဲ့ ဆိုပြီးတော့ ချရတဲ့ ဆုံးဖြတ်ချက်မျိုးပါ။ အဲ့ဒါဟာ လည်ပတ်မှုကို စတင်လုပ်ဆောင်ဖို့အတွက် ဦးဆုံးဆုံးဖြတ်ချက်ချရတာပါပဲ။

၂) ဘယ်လိုထုတ်မလဲ 

စပါးစိုက်မယ်ဆိုရင် ကြဲစိုက်မှာလား။ တန်းလိုက်စိုက်မှာလား။ ဘယ်နတင်းကြဲမလဲ။ ဆိုတာကနေ စပြီးတော့ ဆုံးဖြတ်ရတဲ့အပိုင်းတွေဖြစ်ပါတယ်။ ရေသွင်းဖို့ မသွင်းဖို့၊ မြေသြဇာကွေျးဖို့၊ ရောဂါပိုးမွှားကြိုတင်ကာကွယ်ဖို့ စတဲ့အချက်တွေအကုန်စဉ်းစားပြီး ဆုံးဖြတ်ချက်ချရတဲ့အပိုင်းဖြစ်ပါတယ်၊

၃) ဘယ်လောက်ထုတ်မလဲ

အိမ်မှာက (၂)ယောက်တည်းရှိလို့ တစ်ယောက်စိုက်ပဲ စိုက်မယ်။ စားဖို့လောက်ပဲ။ အဲ့လို ဆုံးဖြတ်ချက်၊ ငါကတော့ ရှိတာ (၂)ဧကတည်း၊ တင်း(၂၀၀)လောက်ထွက်အောင်လုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး၊ ကိုယ်အိမ်စီးပွားရေးနဲ့တွက်ချက်ပြီးတော့ ဘယ်လောက်ပမာဏ လိုချင်တယ်ဆိုတာမျိုး ဆုံးဖြတ်ချက်ချရတာဖြစ်ပါတယ်။ 

လည်ပတ်မှုတွေလုပ်နိုင်ဖို့အတွက် ချရတဲ့ဆုံးဖြတ်ချက်တွေကတော့ အဲ့(၃)မျိုးဖြစ်ပါတယ်။ လွယ်မလိုနဲ့ ခက်တယ်နော်။ 

Strategic Management Decision လို့ ခေါ်တဲ့ နည်းဗျုဟာဆိုင်ရာ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်တွေ

၁) လုပ်ငန်းအရွယ်အစား

တစ်ဧကစိုက်ရင် တစ်ဧကစာပဲအမြတ်ရမှာပေါ့။ ငွေကြေးဘယ်လောက်ရင်းနိုင်သလဲ၊ ရာသီဥတုက ဘယ်လိုအခြေအနေရှိနိုင်မလဲ၊ ဆိုတဲ့အချက်တွေအပေါ်မှာမူတည်ပြီးတော့ ကိုယ်ဘယ်လိုလုပ်ကိုင်ရမလဲဆိုတာမျိုးကို ဆုံးဖြတ်ရတာဖြစ်ပါတယ်။ အဲ့လိုလုပ်ရတဲ့ ဆုံးဖြတ်ချက်တွေမျိုး ပါလာပါလိမ့်မယ်။ 

၂) စက်နဲ့ လူတွေ အတွက် စီမံချက်တွေ

စီမံခန့်ခွဲမှုတွေအထဲမှာ အရေးကြီးတဲ့တစ်ချက်ကတော့ ရှိတာလေးနဲ့ ဘယ်လို အများဆုံးထုတ်မလဲ ဆိုတာပါပဲ။ လူရှိတယ်။ စက်ရှိတယ်။ အဲ့(၂)ခုကို ဘယ်လိုပေါင်းစပ်ပြီးထုတ်လုပ်ရင်  အကောင်းဆုံးဖြစ်မလဲဆိုတဲ့ ရွေးချယ်စရာတွေအများကြီးထဲကနေ အကောင်းဆုံးရွေးချယ် ဆုံးဖြတ်မှုတွေကို လုပ်ရတဲ့ ဆုံးဖြတ်ချက်တွေပါပါတယ်။ 

၃) တည်ဆောက်မှုအတွက်ချရတဲ့ ဆုံးဖြတ်ချက်တွေ

စိုက်ပျိုးရေးချည်းပဲဆိုရင်တောင် နားနေဖို့ လှောင်ဖို့ ထားဖို့ ဆောက်ရတဲ့အဆောက်အဦးတွေရှိပါတယ်။ မွေးမြူရေးပါ ပါတယ်ဆိုရင်တော့ တိရိစ္ဆာန်တွေထားဖို့ ဆောက်ရတဲ့ အဆောက်အဦးတွေ ပါလာမှာပါ။ ဘယ်နေရာမှာ ဘာကိုဆောက်လုပ်သင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို ချရမှာပါ

၄) ရေသွင်းရေထုတ်၊ အထွန်အယက်၊ စတဲ့အချက်တွေ

စိုက်မယ်ပျိုးမယ်။ မွေးမယ်မြူမယ်ဆိုကတည်းက ရေလိုတယ်။ အဲ့လိုတွေအတွက် ဘယ်လိုစီမံပြီး ဆုံးဖြတ်ချက်တွေလုပ်ထားလဲဆိုတာကလည်း တောင်သူဦးကြီးတွေ သိပြီးသား တွေပါပဲ၊ အဲ့လို စီမံချက် ဆုံးဖြတ်ချက်တွေကိုဆိုလိုတာဖြစ်ပါတယ်။ 

အုပ်ချုပ်မှုပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်တွေ

စကားလုံးတွေကတော့ ပြောလိုက်ရတာ အကြီးကြီးပါပဲ၊ ဒါပေမဲ့ တောင်သူဦးကြီးတွေ လက်မထောင်နေလို့ရပြီးသားပါ အကုန်လုံးက တတ်ပြီးသားတွေဖြစ်နေတာကိုး

၁)အလုပ်သမားငှားမလား ကိုယ့်ဘာသာလုပ်လား လိုမျိုး ငေွကြေးဆိုင်ရာ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်တွေ

၂) ဒီနေ့တော့ ဒါလေးပြီးရမယ် လုပ်ကြမယ်ဟ ဆိုတဲ့ ဦးဆောင်မှုပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်တွေ

၃) ဘယ်နေ့တုန်းက ဘယ်လောက်ကုန်ထားတာ ဆိုတဲ့ ငွေစာရင်း ပြုလုပ်မှု ဆုံးဖြတ်ချက်တွေ

၄) နွားတွေ ဝမ်းတွေသွားနေတယ်ဟ ဆေးထိုးမှ ရမယ် ဆေးထိုး ဆိုတဲ့ ထုတ်လုပ်မှုပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို လုပ်ရတဲ့ ဆုံးဖြတ်ချက်တွေ၊ အကုန်လုံးကို ချမှတ်နိုင်ရပါမယ်။ 

ဈေးကွက်စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ (Marketing Management decisions)

လယ်လေးစိုက်တာကွာ အဲ့လောက်ခက်သလား လို့မေးရင် ခက်တယ်လို့ပဲပြောရမှာပါပဲ။ 

၁) ထည့်ရမဲ့ ပစ္စည်းသွင်းအားစုတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်နိုင်ဖို့အတွက် ချရတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လုပ်ဆောင်တတ်ရပါမယ်။

၂) အမြတ်အများဆုံးရနိုင်ဖို့အတွက် ဘယ်အချိန်မှာ ရောင်းမလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ဆုံးဖြတ်တတ်ရပါမယ်။ ဘာရောင်းမလဲ၊ ဘယ်လောက်နဲ့ ရောင်းရမလဲ၊ ဘယ်လိုမျိုးရောင်းရမလဲ၊ ဘယ်သူ့ကို ဘယ်လိုရောင်းရမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်တွေပါရမှာဖြစ်ပါတယ်။

လယ်လုပ်ရတာ လွယ်သလား….. ဖြေကြည့်စမ်းပါ။ ……….

ထွန်းဝင်းကျော်

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်