တိုင်းရင်းငါးရံ့ မွေးမြူရေး

13/11/2019 14:30 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

 Kingdom.  Animalia

 Phylum. Chordata

 Class. Teleostei

 Order.  Perciformes

 Family. Channidae

 Genus. Channa

တိုင်းရင်း.ငါးရံ့မျိုးစိတ်များ မြောက်များစွာရှိသည့်အနက် မြန်မာနိုင်ငံတွင် ငါးရံ့ ( ၅ ) မျိုးရှိပါသည်။

၁။ ငါးရံ့အောက်

၂။ ငါးရံ့ဒိုင်

၃။ ငါးအုံးမတ်

၄။ ငါးရံ့ပနော်

၅။ ငါးရံ့ခေါင်းတို တို့ဖြစ်ကြပါတယ်။

ငါးရံ့အောက်အမျိုးအစားမှာ ကြီးထွားနှုန်းကောင်းမွန်သဖြင့် ရွေးချယ်မွေးမြူသင့်ပါသည်။

မွေးမြူသင့်သည့် မြေနေရာမှာ တစ်နှစ်ပတ်လုံး ရေနေနိုင်သည့်မြေဖြစ်၍ ရေကိုကောင်းစွာထိန်းသိမ်းနိုင်သည့် ရွံ့စေးမြေ၊ ရွံ့နှုန်းမြေဖြစ်ရပါမည်။ ဒေသတွင်း ငါးရံ့သားပေါက်များ အလွယ်တကူရနိုင်သည့်နေရာ ဖြစ်ရပါမည်။

ကန်တူးဖေါ်ခြင်း 

တစ်နိုင်တစ်ပိုင်ကန်များ၌ မွေးမြူနိုင်သကဲ့သို့ စီးပွါးဖြစ်မွေးမြူလိုပါက တစ်ဧကကန်များထိ မွေးမြူနိုင်ပါသည်။ ရေအနက် ၃ ပေ မှ ၄ ပေခန့်အထိ တူးဖေါ်ရမည်။ ရေကို အမြဲထိန်းထားရမည်။ မိုးများသည့်အခါ ကန်ရေလျှံခြင်းမှ ကာကွယ်ရန် ကန်ဘောင်ထိပ်မှ ရေလျှံပေါက် ထားပေးရမည်။ ကန်ဘောင်ဘေးပတ်လည်တွင် အရိပ်ရငှက်ပျောပင်များ စိုက်ပေးရမည်။ Blue Net ပိုက်ပြာ ကာရံထားရမည်။

ကန်အခြောက်ခံခြင်း

 ကန်အခြောက်ခံသည့်အခါတွင် ကန်အောက်ခြေမြေကြီး ပက်ကြားအက်ကွဲသည်အထိ အခြောက်ခံရမည်။

ထုံးထည့်ခြင်း

ဖေါက်ထုံး  Ca ( OH )2 ထည့်ရမည်။ ကန်ဘောင်အပေါ်ပတ်လည်တွင်လည်း ပက်ဖျန်းပေးရမည် ။

ရေသြဇာတက်ရန်ဆောင်ရွက်ခြင်း

သားပေါက်များကို ပြုစုနေစဉ်ကာလအတွင်း ယူရီးယားနှင့် တီစူပါတို့ကို ထည့်ပေးရမည်။ နွားချေး၊ ကြက်ချေးထည့်ပေးခြင်းဖြင့်လည်း ရေသြဇာဓါတ်ကြွေဝစေပါသည်။ ရေအရောင်စိမ်းလာပါက ငါးရံ့သားပေါက်များကို ထည့်နိုင်ပါပြီ။ ငါးသားပေါက်နားခိုရန် အရိပ်ရအပင်အနည်းငယ် ထည့်ပေးနိုင်ပါသည်။ ငါးရံ့သားပေါက်ကို တစ်ဧက ၈၀၀၀ မှ ၁၀၀၀၀ နှုန်းဖြင့် ထည့်သွင်းမွေးမြူနိုင်ပါသည်။ သားပေါက်များအရွယ်အစားညီပါက အဖတ်တင်နှုန်းကောင်းမွန်ပြီး ကြီးထွားနှုန်းကောင်းပါသည်။

အစာကျွေးခြင်း

ငါးရံ့များသည် အသားစားသတ္တဝါ (Carnivorous ) ငါးမျိုးဖြစ်၍ ကြီးထွားနှုန်းပိုမိုကောင်းမွန်စေသည်။ ယင်းကြောင့် အသားဓါတ် ၂၅ % ၃၅ % အထိပါဝင်သောအစာကိုကျွေးသင့်ပါသည်။ ဖွဲနု ၃၀% ငါးကြေမှုန့် ၄၀% ပဲဖတ်၃၀ % စပ်၍လည်း ကျွေးနိုင်ပါသည်။ယခုအခါ အစာတောင့်များလည်း ထွက်ပေါ်ရောင်းချလာပြီး ဝယ်ယူကျွေးနိုင်ပါသည်။ မွေးမြူကာလ ၆ လမှ ၈ လအကြာတွင် ၄၀ ကျပ်သားမှ ၆၀ ကျပ်သားထိ ကြီးထွားနိုင်ပါသည်။ တခြားငါးများနှင့် တွဲဖက်ရောနှောမွေးမြူရန် မသင့်တော်ပါ။

သားပေါက်များ စုဆောင်းနိုင်သည့် နည်းလမ်းများ

ငါးရံ့သားပေါက်များကို သဘာဝအတိုင်း သားဖေါက်ခြင်းကို ဆောင်ရွက်နိုင်ပြီး သားဖေါက်ရာတွင် ပေ၂၀ ပတ်လည်ခန့် ကန်ငယ်ထဲတွင် တစ်နှစ်သားအထက်ကို ငါးရံ့အထီးအမ ကိုထည့်ကာ မျိုးဖေါက်သည်။ ငါးရံ့သည် အသိုက်ပြုလုပ်ဥအုတတ်သည့်အတွက် အပင်အခက်များထည့်ထားရန် လိုအပ်ပါသည်။ အသိုက်အဖွဲ့ ဥအုချပြီး တစ်ပတ်ခန့်အကြာ သားပေါက်နိုင်သည်။ သားပေါက်များကို ၂ လက်မ ၃ လက်မ ရရှိက ပိုမိုကောင်းမွန်ပါသည်။ ယခုအခါ ဆေးထိုးသားပေါက်နည်းဖြင့် အောင်မြင်နေပြီပြဖြစ်ကြောင်း ကြားသိရပါသည်။

ငါးရံ့မျိုးငါးအမများသည် မေလမှ စက်တင်ဘာလအတွင်း အသိုက်အအုံပြုလုပ်ကာ ဥအုချတတ်ကြသည်။ သားပေါက်များ ငါးမှုန်အဆင့်မှ ငါးသန်ဖြစ်သည်အထိ အနီရောင်ရှိကာ အုပ်စုလိုက် ကူးခတ်သွားလာနေတတ်ကြသည်။ ငါးအမသည် ငါးသားပေါက်အုပ်စုလိုက် ကူးခတ်သွားနေစဉ် ရေအောက်မှ လိုက်ပါလျှက်ရှိတတ်သည်။ အဆိုပါသားပေါက်များကို နိုင်လွန်ဇာပြာ ခြင်ထောင်စ ဒိုင်းကွင်းတို့ဖြင့် အလွယ်တကူ ဖမ်းယူစုဆောင်းပြီး အသားတိုးကန်ထဲ ထည့်သွင်းမွေးမြူနိုင်ပါသည်။

ငါးရံ့ငါးများအား မြန်မာလူမျိုးများသည် နှစ်ခြိုက်စွာစားသုံးလေ့ရှိကြသည်။ ငါးရံ့သည် တခြားငါးများထက် အကြမ်းခံနိုင်ခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်း၊ ရေနောက်ကျိမှုလည်းခံနိုင်ပြီး စျေးကွက်ကောင်းမွန်ကြောင်း ဖေါ်ပြအပ်ပါသည်။

Source - AQUADAPT-Myanmar


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်