ကိုယ်ခံအားတိုးလာစေမဲ့ အစားအစာ ၁၅ မျိုး

23/04/2020 12:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    လူတွေမှာ လက်ဆောင်ကြီးတစ်ခုစီ ပိုက်လာကြတယိ။ အဲ့ဒါကတော့ Immune System ပါပဲ။ ပြင်ပကနေ တိုက်ခိုက်တယ် ဝင်ရောက်လာတတ်တဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေ ကပ်ပါးကောင်တွေကို ပြန်ပြီးတော့ ခုခံတိုက်ဖျက်နိုင်တဲ့စနစ်ပါ။ အဲ့ လက်ဆောင်ကြီးကသာ အားကြီးနေမယ်ဆိုရင် အနာရောဂါထူတာမျိုး အပြင်နည်းနည်းလေးထွက်တာနဲ့ နှာစေးချောင်းဆိုးဖြစ်တာမျိုးကနေ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကြီးကိုရတာပေါ့။ 

    အဲ့လိုဖြစ်ချင်လို့ဆိုပြီး အားဆေးတွေ ထိုင်သောက်နေဖို့ မလိုပါဘူးလေ။ အောက်က အစားအစာ ၁၅ မျိုးသာ ပါအောင်စားပေး။ ကျန်းမာနေပြီး ကူးစက်ရောဂါဝင်ဖို့ ခက်မှာ။ ခုကာလ စားသင့်တယ်နော်။ ကဲကဲ ကြည့်လိုက်ပါဦး။

(၁) ရှောက်သံပုရာမျိုးနွယ်ဝင်များ

ဗီတာမင် စီ ပါတယ်လေ။ သွေးဖြူဥတွေ ပိုပိုထုတ်ပေးနိုင်တာပေါ့။ မျိုးနွယ်တော်တွေထဲ သံပုရာသီး၊ ဂရိတ်ဖရုသီး၊ ရှောက်သီး၊ လီမွန်သီး စတဲ့ အသီးတွေ ပါတယ်။ 

(၂) ငရုတ်ပွသီး အနီ

သူ့မှာလည်း ဗီတာမင်စီ ပါတယ်။ ရှောက် သံပုရာမျိုးနွယ်ဝင်တွေထက် ၂ ဆလောက်တောင်ပါတယ်တဲ့။ ဘီတာကယ်ရိုတင်းလည်းပါတော့ ကိုယ်ခံအားတိုးရုံတင်မက အသားအရေလည်းလှ မျက်စိကောင်းစေတယ်။ 

(၃) ပန်းဂေါ်ဖီစိမ်း

ဗီတာမင် အေ၊ ဗီတာမင် စီ နဲ့ ဗီတာမင် အီး တို့ပါဝင်ပြီးတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ရယ် အမျှင်ဓာတ်လေးရယ် ကြွယ်ကြွယ်ဝဝပါတာကြောင့် အိမ်တွင်းပဲအောင်းအောင်း အပြင်ပဲထွက်ထွက် စားသွားဖို့ မမေ့နဲ့အုန်း။ သတိထားဖို့အချက်က အရမ်းကြီးနူးနေအောင် ကြော်ချက်တာက မကောင်းပဲ ကြွပ်ဆတ်ဆတ် အစိမ်းလိုလေးက အာဟာရပိုရနိုင်ပါတယ်တဲ့ဗျာ။ 

(၄) ကြက်သွန်ဖြူ

ဟင်းချက်တိုင်းပါတယ်လေ။ သွေးအားနည်းတာ သွေးကြောတွေ မာတင်းတာတွေ မဖြစ်အောင် သူက ကာကွယ်ပေးတယ်။ အနံ့မကြိုက်လို့ မစားတာမလုပ်နဲ့နော်။ ဆလဖာ ဒြပ်ပေါင်းဖြစ်တဲ့ allicin ပါသေးတယ်။ အဲ့ဒါက လက်ဆောင်။

(၅) ဂျင်း

နေမကောင်းရင် ဂျင်းပြုတ်ရည် သောက်တယ်ဟုတ်။ ရောင်ရမ်းမှုတွေ၊ လည်ချောင်းနာတာတွေ၊ ဗိုက်မကောင်း အန်ချင်တာတွေကို သက်သာစေပါတယ်။ 

(၆) ဟင်းနုနွယ်

စကတည်းက နာမည်ကြီး။ သူ့ကိုလည်း နူးအိနေအောင် မကြော်ချက်သင့်ပါဘူး။ ခပ်စိမ်းစိမ်းလေး စားသင့်ပါတယ်။ ဗီတာမင်စီတွေ အများကြီးရယ်၊ ဘီတာကယ်ရိုတင်းရယ်၊ အန်တီအောက်စီ့ဒင့်တွေပါတာကြောင့် ကျန်းမာသန်စွမ်းစေပါတယ်။ 

(၇) ဒိန်ချဉ်

သူ့မှာက ဗီတာမင် ဒီ တွေ အားကြီး အားကြီးပါတာ။ ကိုယ်ခံအားကို ပိုတိုးလာစေပါတယ်။ 

(၈) အယ်လ်မွန်စေ့

ဆိုင်တွေမှာ အထုတ်လေးတွေနဲ့ အသင့်စားရုံအထုပ်လေးတွေ ရောင်းကြပါတယ်။ ဈေးနည်းနည်းများပေမဲ့လို့ အအေးမိတာကို ကာကွယ်ကုသပေးနိုင်တယ်။ ဗီတာမင် အေ၊ ဗီတာမင် စီ နဲ့ ဗီတာမင် အီး တို့ ပါပါတယ်ခင်ဗျ။ 

(၉) ဆနွင်း (နနွင်း)

အရောင်လေးလှဖို့ ဆနွင်းထည့်ချက်၊ အသားအရေလှဖို့ ဆနွင်းလိမ်း၊ ဒူးနာ၊ ခါးနာ၊ ဆနွင်းအုံ အဲ့လို သုံးကြတာကလား။ ကြွက်သားတွေကို သန်မာစေပါတယ်။ ကိုယ်ခံအားလည်း တိုးလာစေတာပေါ့။ 

(၁၀) လက်ဖက်စိမ်း Green Tea

ECEG လို့ အတိုကောက်ခေါ်တဲ့ Epigalllocatechin Gallate ပါတာကြောင့် ကျန်းမာကြံ့ခိုင်စေတာတဲ့။ 

(၁၁) သင်္ဘောသီး

ပုံမှန်အရွယ်အစားလောက် တစ်လုံးဆို လူတွေ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီကို အပြည့်ပေးနိုင်တယ်တဲ့။ ပိုတက်စီယမ်ဓာတ်လည်း ပါတယ်။ ဗီတာမင် ဘီ ပါတယ်။ ကျန်းမာရေး ကောင်းတာပေါ့။ 

(၁၂) ကီဝီသီး

Folate ရယ်၊ ဗီတာမင် ကေ ရယ်၊ ပိုတက်စီယမ်နဲ့ ဗီတာမင် စီ တွေပါတာကြောင့် စားသင့်ပါတယ်နော်။ 

(၁၃) ကြက်သား

နေမကောင်းရင် ကြက်စွပ်ပြုတ်၊ ကြက်ပေါင်း၊ ကြက်သားဆန်ပြုတ် စားကြတယ်လေ။ သူ့မှာ ဗီတာမင် ဘီဆစ်(B6)ပါတာကိုး။

(၁၄) နေကြာစေ့

ကဲ အကြိုက်ပေါ့။ ဖော့စဖောရပ်စ်၊ မဂ္ဂနီစီယမ်နဲ့ ဗီတာမင် ဘီဆစ် ပါတယ်။ ဗီတာမင် အီး လည်းပါတယ်။ တန်ဆေး လွန်ဘေးနော်။ ကြည့်ပြီးတော့မှ ဖျောက်ဖျောက်လုပ်ကြ။ 

(၁၅) ဂဏန်း

ဇင့်ဓာတ် အများကြီးပါလို့တဲ့။ 

   ကဲကဲ ဘာလိုသေးလဲ အစာလည်း ဆေး ဆေးလည်း အစာပါ။ ကျန်းမာရေးကို ဂရုစိုက်ကြပါ။ 

ထွန်းဝင်းကျော်

Reference 

https://www.healthline.com/health/food-nutrition/foods-that-boost-the-immune-system


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်