ရုံးပတီသီး မချွဲအောင်ကြော်နည်း

31/05/2022 11:30 AM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

အပူပိုင်းဒေသတွေနဲ့ သမပိုင်းရာသီဥတုတွေမှာ ကောင်းစွာရှင်သန်ကြီးထွားကြတဲ့ ရုံးပတီသီးဟာဆိုရင် ကျွန်မတို့မြန်မာနိုင်ငံအပါအဝင် အိန္ဒိယနိုင်ငံမှာလည်း နှစ်ခြိုက်စွာ စားသုံးနေကြတဲ့ အသီးပဲ ဖြစ်ပါတယ်။ 

ရုံးပတီသီး ၁၀၀ ဂရမ် (၆ ကျပ်သားကျော်ခန့်) မှာ ဆိုရင် ကာဘိုဟိုက်ဒြိတ် ၇.၀၃ ဂရမ်၊ ပရိုတိန်း ၂ ဂရမ်၊ အဆီ ၀.၁ ဂရမ်နဲ့ အမျှင်ဓာတ် ၉% တောင်ပါဝင်ပါတယ်။ 

ဒါ့အပြင် ဖောလစ်၊ နိုက်ယာစင်၊ ဗီတာမင်စီ၊ အီး၊ ကေတို့သာမကဘဲ ကယ်လ်စီယမ်၊ ကော့ပါး၊ အိုင်းယွန်း၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်နဲ့ ဇင့်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ 

ဒီလိုမျိုးလူသားတွေကို ကောင်းကျိုးပြုတဲ့ ဓာတ်တွေများစွာ ပါဝင်တာကြောင့် ..

(၁) နှလုံးကျန်းမာရေးကို ကောင်းမွန်အောင်ထောက်ပံ့ပေးခြင်း

(၂) သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

(၃) ကင်ဆာရောဂါကို တိုက်ထုတ်ပေးခြင်း

(၄) ကိုယ်ခံအား ကောင်းမွန်စေခြင်း

(၅) သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း

(၆) ဝိတ်ကျဖို့အတွက်ကူညီပေးခြင်း

(၇) အူမကြီးကင်ဆာမဖြစ်အောင် ကူညီပေးခြင်း

(၈) ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်း ကလေးအာရုံကြော ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် ကူညီပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေအများကြီးကို ရုံးပတီသီးကို ကြော်စား၊ ချက်စား၊ ပြုတ်ပြီး တို့စားခြင်း စတာတွေကနေ ရရှိနိုင်ပါတယ်။

သို့ပေမယ့်လည်း မကြိုက်တဲ့သူက မကြိုက်ကြဘူး။ 

ဘာလို့မကြိုက်တာလဲမေးကြည့်တော့ ချွဲလို့တဲ့...

ဟုတ်တော့လည်း ဟုတ်တယ်ရှင့်.. ရုံးပတီသီးကလည်း အတော်ချွဲ....

မချွဲအောင် ကြော်လို့ရမလားဆိုပြီး နည်းလမ်းရှာကြည့်တော့ နည်းလမ်းလေးတစ်ခု တွေ့တယ်။ အဲ့ဒီတော့ တကယ်ဟုတ်မဟုတ် ကိုယ်တိုင်ကြော်ကြည့်တော့ တကယ်လည်း မချွဲတော့တာမို့ ရုံးပတီသီးလည်းစားချင်၊ ချွဲတာလည်းမကြိုက် ဆိုသူတွေ အတွက် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါရစေရှင့်..။

နည်းလမ်းလေးကတော့ လွယ်လွယ်ရှင်းရှင်းလေးပါပဲ။

ရုံးပတီသီးကို ပုံမှန် အတိုင်းလှီးဖြတ်ကြော်ပြီး အိုးချခါနီးမှာ သံပရာသီး တစ်ခြမ်းလောက် ညှစ်ထည့်လိုက်တာပါ။ 

တကယ်လက်တွေ့ပါ အချွဲလုံးဝမရှိတော့ဘူး။

ဒါပေမဲ့ အချဉ်ထည့်လိုက်တဲ့အတွက် အရသာကအနည်းငယ်တော့ချဉ်သွားတယ်။ 

သံပရာသီးထဲက အက်ဆစ်ဓာတ်နဲ့ ထိလိုက်တာဖြစ်လို့ ကြာသွားတဲ့အခါ အရောင်လေး နည်းနည်းပြောင်းသွားတာမျိုးတော့ ရှိတယ်။ အချဉ်မကြိုက်သူတွေအတွက် ပုဇွန်ခြောက်မှုန့် အနည်းငယ်ထည့်ကြော်မယ်ဆိုရင်တော့ အချဉ်အရသာပေါ့သွားနိုင်ပါတယ်။

ဆိုတော့.. ဒီနည်းလမ်းလေးကချွဲလို့ ရုံးပတီသီး မစားဖြစ်တဲ့သူတွေအတွက် အဆင်ပြေစေမယ်လို့ထင်ပါတယ်။

ကဲ.........ဒါဆို ရုံးပတီသီးလေးတွေကို မချွဲအောင်ကြော်စားပြီး ရုံးပတီက ပေးတဲ့ကျန်းမာရေး လက်ဆောင်တွေ ရယူလိုက်ကြရအောင်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်