ငါးအစာကျွေးခြင်းနည်းလမ်းများ

31/03/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မိမိထည့်သွင်းမွေးမြူထားတဲ့ ငါးမျိုးစိတ်နဲ့ ငါးမွေးမြူထားတဲ့ နည်းစနစ်ပေါ်မူတည်ပြီး ငါးစာကျွေးခြင်း နည်းလမ်းအမျိုးမျိုးရှိပါတယ်။

(၁) မိမိသတ်မှတ်ထားတဲ့ ပုံမှန်နေရာ (၄နေရာ သို့မဟုတ် ၆နေရာ) အညီအမျှကျဲပက်၍ အစာကျွေးခြင်း

(၂) ကန်ဘောင်မှ ၆ပေ (သို့မဟုတ်) ၁၀ပေခန့်ရှည်တဲ့ လူသွားလမ်း (သို့) တံတားပြုလုပ်၍ အစာကိုကျဲပက်ကျွေးခြင်း၊ ကန်အလယ်၌ စင်ပြုလုပ်၍ ပက်ကျွေးမွေးခြင်း၊ အစာဗန်းပြုလုပ်၍ ကျွေးခြင်း။

(၃) ကန်ထဲလှေစီးပြီး ကန်ရဲ့တစ်ဘက်တစ်ချက်သို့ သွားရောက်၍ အစာပက်ကျွေးခြင်း

(၄) ကြီးသောကန်အမျိုးအစားများတွင် ကြိုး( ၂ချောင်း) သို့မဟုတ် ၃ချောင်းကို ကန်အရှည်အကျယ်အတိုင်း တားစေပြီး ၎င်းကြိုးလေးများ အရှည်အတိုင်း လှေဖြင့်ဖြစ်စေ၊ ဝါးဖောင်ဘောဖြင့် ဖြစ်စေအစာကျွေးနိုင်ပါတယ်။

အစာကျွေးခြင်းအကြိမ်ရေ

(၁) ငါးကျပ်သားခန့်အရွဘ်အထိ တစ်နေ့သုံးကြိမ်ခန့်၊ ငါးကျပ်သားကျော်လျှင် ဖမ်းဆီးရောင်းချချိန်အထိ တစ်နေ့ နှစ်ကြိမ်ကျွေးနိုင်ပါတယ်။

(၂) ငါးကန်ရေရဲ့ ပျော်ဝင်အောက်စီဂျင် လျော့ကျတတ်တဲ့ မိုးအုံ့တဲ့ ရက်များတွင် ပုံမှန်ကျွေးနေကျ အစာပမာဏ၏ ၇၀% အောက်လျော့ချကျွေးသင့်ပါတယ်။

အကောင်းဆုံးပျော်ဝင်အောက်စီဂျင်ပမာဏ -၅-၇ မီလီဂရမ်/၁လီတာ

(၃) ငါးကန်ရေရဲ့အပူချိန် အတက်အကျကလည်း အစာနှုန်းကို လျော့ကျစေနိုင်ပါတယ်။ (အကောင်းဆုံးအပူချိန် အတိုင်းအတာ ၂၅ ဒီဂရီစင်တီဂရိတ်-၃၂ ဒီဂရီစင်တီဂရိတ်) အကယ်၍ ရေအပူချိန်က ၂၀-၂၄ ဒီဂရီစင်တီဂရီတ် ၊ ၁၆-၁၉ ဒီဂရီစင်တီဂရိတ် နဲ့ ၃၃-၃၈ ဒီဂရီစင်တီဂရိတ် အတွင်းတည်ရှိပါက ပုံမှန်ကျွေးနေကျ အစာပမာဏရဲ့ ၈၀%  ၊ ၆၀% မ၏အထိလျှော့ပြီး ကျွေးသင့်ပါတယ်။

(၄) မနက်ပိုင်းနေထွက်ပြီး နှစ်နာရီခန့်အကြာမှာ နေ့စဉ်ကျွေးရမယ့် ပမာဏရဲ့ ၆၀-၆၅ % (တစ်နေ့လုံးကျွေးရမယ့် အစာရဲ့ တစ်ဝက်ကျော်) ကိုကျွေး၍ ညနေ နေမဝင်မီ နှစ်နာရီခန့် အလိုမှာ ကျန် ၃၅-၄၀%  ကိုကျွေးသင့်ပါတယ်။

(၅) ငါးကန်ရဲ့ အရည်အသွေးက မိုးဆက်တိုက်ရွာမယ့်နေ့များတွင် အပြောင်းအလဲမြန်သဖြင့် ငါးများအစာစားနှုန်းလျော့ကျလေ့ရှိတတ်ပါတယ်။

Ref:ငါးမွေးမြူရေးဆိုင်ရာ အာဟာရပြည့်ဝသည့် ငါးအစာပြုလုပ်ထိန်းသိမ်းကျွေးမွေးခြင်း အိတ်စောင်စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်