မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ

03/05/2026 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား
ဒီနေ့ရက်တွေမှာ ကုန်ဈေးနှုန်းတွေ တစ်ဆပြီးတစ်ဆ မြင့်တက်လာတာကြောင့် မိသားစုအသုံးစရိတ်ကို စီမံခန့်ခွဲဖို့ ပိုမိုခက်ခဲလာပါတယ်။
သုံးစွဲရတဲ့ ငွေတန်ဖိုး ကျုံ့သွားတယ်ဆိုပေမယ့် စားသုံးရမယ့် အာဟာရတန်ဖိုးကိုတော့ လျှော့ချလိုက်လို့ မရပါဘူး။
ဒါဆို ဘယ်လိုဖြေရှင်းရမလဲ?
 
Food Processing နည်းပညာကို အသုံးပြုပြီး အိမ်မှာပဲ မိသားစုတစ်နိုင်တစ်ပိုင်အဖြစ်—
 
သီးနှံ၊ ဟင်းသီးဟင်းရွက်၊ အသားငါးများကို
ကြာရှည်သိုလှောင်နိုင်အောင် ပြုပြင်ထုတ်လုပ်ကာ
မိသားစုအတွက် အာဟာရပြည့်ဝတဲ့ အစားအစာများ ဖန်တီးနိုင်ပါတယ်။
အချိန်ပိုရှိမယ်ဆိုရင်လည်း အခြားမိသားစုများထံ ရောင်းချခြင်းဖြင့် အပိုဝင်ငွေ ရရှိနိုင်ပါတယ်။
 
ဒီလိုခေတ်ကြီးထဲမှာ “ဝယ်မစားဘဲ ကိုယ်တိုင်လုပ်စားခြင်း” ဆိုတာ
ကုန်ကျစရိတ်လျှော့ချရုံသာမက
 
ကျန်းမာရေး၊ အာဟာရနှင့် မိသားစုစီးပွားရေးအတွက်ပါ ရေရှည်အကျိုးရှိစေသော နည်းလမ်းတစ်ခုဖြစ်ပါတယ်။
 
ဒီ Webinar မှာ
 
အိမ်တွင်းမှာ ကိုယ်တိုင်ပြုလုပ်အသုံးချနိုင်တဲ့ Food Processing နည်းလမ်းများ၊
လက်တွေ့အသုံးချနိုင်သော နည်းစနစ်များနှင့်
ဝင်ငွေတိုးတက်စေနိုင်သော အခွင့်အလမ်းများကို လေ့လာနိုင်မှာမို့လို့
 
မိသားစုအတွက် အာဟာရပြည့်စုံစေဖို့
မိမိအတွက် အပိုဝင်ငွေ ရရှိစေဖို့
အနာဂတ်အတွက် စည်းစနစ်ကျသော စီမံခန့်ခွဲမှု ဖြစ်စေဖို့
 
အခုပဲ Global Food Safety Instituteရဲ့ တည်ထောင်သူ ဆရာမ ဒေါ်စိမ့်ရည်ထက်၏ Webinar ကို
အစိမ်းရောင်လမ်းနှင့်အတူ လေ့လာလိုက်ရအောင် ✨
နေ့ရက် — မေလ ၇ ရက်၊ ၂၀၂၆ ခုနှစ် (ကြာသပတေးနေ့)
အချိန် — မြန်မာစံတော်ချိန် ည ၇ နာရီမှ ၉ နာရီထိ
နေရာ — Zoom Platform
*Zoom Link ရယူရန်အတွက် စာရင်းပေးသွင်းရန် နှိပ်ပါ။

Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်