ဆီးချိုတက်မှုကို ဟန့်တားပေးမည့် အစားအစာများ
ဆီးချိုရောဂါသည် မိမိတို့ခန္ဓာကိုယ်အတွင်းရှိ အသည်း၊ မျက်လုံး၊ နှလုံးနှင့် အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးအပေါ် တဖြည်းဖြည်းချင်း သက်ရောက်မှုရှိလာနိုင်သည့် ရောဂါတစ်မျိုးဖြစ်ပါသည်။ မိမိတို့ စားသောက်မှုုပုံစံအပေါ်မူတည်၍ ရောဂါဖွံ့ဖြိုးမှုကို ထိန်းချုပ်ပေးနိုင်သလို ရောဂါပျံ့နှံ့မှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ တကယ်တမ်းတွင် ဆီးချိုသမားများသာမက အခြား နာတာရှည်ရောဂါရှင်များ၏ ရောဂါဖြစ်ပွားရခြင်း နောက်ခံအကြောင်းအရင်းမှာ အစားအသောက်ညီညွတ်မျှတခြင်း မရှိခြင်းပင်ဖြစ်ပါတယ်။
ဒါကြောင့်လည်း အောက်ဖော်ပြပါ အစားအစာများကို စားသောက်ခြင်းက ဆီးချိုရောဂါကို အရှင်းပျောက်ကင်းအောင် မကုသပေးနိုင်ပေမယ့်လည်း ရောဂါဆိုးရွားလာမှုမှ ကာကွယ်ဟန့်တားပေးနိုင်သည့်အတွက် မှတ်သားထားနိုင်ရန် ဝေမျှပေးလိုက်ရပါတယ်။
၁။ သစ်ကြံပိုးခေါက်
သစ်ကြံပိုးခေါက်မှာပါဝင်သည့် အစိတ်အပိုင်းများဟာဆိုရင် ခန္ဓာကိုယ်အတွက် ဂလူးကို့စ်ဖြစ်တည်မှုကို အားပေးပြီး ကိုလက်စထရောကို လျော့ချပေးပါတယ်။ သစ်ကြံပိုးခေါက်အမှုန့်ကို လက်ဖက်ရည်ဇွန်းနှင့် တစ်ဇွန်း မှန်မှန်မှီဝဲပေးခြင်းက သွေးချိုဖြစ်ပွားမှုပမာဏကို လျော့ကျသွားစေနိုင်ပါသည်။
၂။ ကန်စွန်းဥ
ကန်စွန်းဥများသည် ကစီဓာတ်ပါဝင်သော အသီးအနှံတစ်မျိုးဖြစ်ပြီး ဗီတာမင်အေ၊ ဗီတာမင်စီ၊ ပိုတက်စီယမ်နှင့် ဖိုက်ဘာ အစရှိသော သတ္တုဓာတ်အမျိုးမျိုး ပေါင်းစပ်ပါဝင်ပါတယ်။ ထိုဓာတ်ပေါင်းတွေက သွေးချိူပမာဏကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဆီးချိုသမားများသည် အခြား အာလူးများအစား ဂလိုင်စီမစ်ပါဝင်မှုနည်းသည့် ကန်စွန်းဥကို အစားထိုး၍ စားသုံးပေးနိုင်ပါတယ်။
၃။ ပဲသီးများ
ပဲသီးများသည် ဖိုက်ဘာ၊ သတ္တုဓာတ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်စီယမ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်သည့် အသီးအနှံတစ်မျိုးဖြစ်ပါသည်။ ထိုပါဝင်သည့် သတ္တုဓာတ်အားလုံးသည် ဆီးချိုသမားများအတွက် အလွန်အရေးကြီးပါတယ်။ ထို့အပြင် ပဲသီးများသည် အစာစားပြီးသည့်အခါမှာ အစာချေစနစ်ကို နှေးစေသည့်အတွက် ဆီးချိုပမာဏကို ထိန်းနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။
၄။ ငါး
အိုမီဂါ-၃ မြင့်မားစွာပါဝင်သည့် ငါးများသည် ဆီးချိုရောဂါခံစားနေရသူများ နေ့စဉ်ပုံမှန်စားသုံးသင့်သည့် အစားအစာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ငါးများတွင် ပရိုတင်းဓာတ် အမြောက်အများပါဝင်ပြီး အဆီဓာတ်များစွာပါဝင်သည့် အစားများနေရာတွင် အစားထိုး စားသုံးပေးနိုင်ပါသည်။
၅။ ဂျုံ
ဂျုံနှင့်ပြုလုပ်ထားသည့် အစားအစာများတွင် မဂ္ဂနီဆီယမ်၊ ခရိုမီယမ်၊ အိုမှဂါသရီးနှင့် အခြားသော အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဂျုံအစားအစာများက သွေးချိုပမာဏကို ထိန်းညှိပေးပြီး သွေးပေါင်ချိန်တက်မှုနှင့် ကိုလက်စထရောကို လျော့ချပေးမှာဖြစ်ပါတယ်။
၆။ သံလွင်ဆီ
သံလွင်ဆီတွင် နှလုံးရောဂါဖြစ်ပွားမှုကို လျော့ချပေးမည့် ဓာတ်သတ္တုများ မြောက်များစွာပါဝင်နေပြီး သွေးချိုပမာဏကို ထိန်းသိမ်းပေးနိုင်မှာဖြစ်ပါတယ်။ သံလွင်ဆီဟာ ကိုယ်အလေးချိန်ကျဆင်းစေသဖြင့် အဝလွန်နေသည့် ဆီးချိုရောဂါသည်များအတွက် မရှိမဖြစ်လိုအပ်ပါတယ်။
၇။ ဒိန်ချဉ်
ပရိုတင်း၊ ဗီတာမင်ဒီနှင့် ကယ်လ်ဆီယမ်ဓာတ်တို့ ကြွယ်ဝသည့် ဒိန်ချဉ်ကို စားသုံးပေးခြင်းက သွားနှင့် အရိုးကို သန်မာထွားကြိုင်းစေပါတယ်။
အစားအစာကိုသာ ဂရုတစိုက်စားသုံးပေးရုံသာမက လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းကလည်း ဆီးချိုပမာဏကို ထိန်းချုပ်ပေးနိုင်ပြီး ကျန်းမာကြံ့ခိုင်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။
Source - My Food Myanmar
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
စပါပင်များကိုရွှေခရုများကိုက်ဖြတ်တက်၍မည်သို့လုပ်ဆောင်ရမ ည်နည်း
U Win Zaw • ဖြေကြားချက် 0 ခု
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
ဆရာ ခရမ်းခေါင်းအတော်များများမှာ ခရမ်းသီးလေးတွေ ပုတ်ပီးအဖြူရောင် လေးတွေ ကပ်နေလို့ဆရာ ဘာဖြစ်တာလဲ
U Yan • ဖြေကြားချက် 2 ခု
ဆရာတို့ခင်ဗျားပျိုးပင်များနှုပ်ရလွယ်ကူအောင်မနှုပ်ခင်ဘယ်လိုဆောင်ရမလဲဖြေပေးပါဦးဗျ။
U Win Zaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....