အမျိုးသမီးများအတွက် "အခမဲ့" သက်မွေးပညာရပ်သင်တန်းများ စတင်အပ်နှံနိုင်ပါပြီ

05/11/2024 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အခြေခံပညာ အလယ်တန်းနှင့် အထက် သင်ကြားပြီးသော ဝင်ငွေနည်း အမျိုးသမီးများအတွက် အထူးသင့်လျော်သော သက်မွေးပညာ သင်တန်းများကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ 

ဒီသင်တန်းမှ ရရှိတဲ့ ပညာရပ်များဟာ အမျိုးသမီးများရဲ့ ဝင်ငွေကို တိုးပွားစေပြီး မိသားစုစရိတ်ကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးနိုင်မည့်အပြင် ကိုယ်ပိုင် အတတ်ပညာဖြင့် ရပ်တည်နိုင်ရန် လမ်းပြပေးသွားမှာ ဖြစ်ပါတယ်။ 

အမျိုးသမီးများရဲ့ ဝင်ငွေတိုးတက်မှုအတွက် အကောင်းဆုံးအထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ထားပါတယ်။

သင်ကြားမည့်ဘာသာရပ်များ

** မှိုစိုက်ပျိုးရေးနှင့် မှိုစားသောက်ကုန် ထုတ်လုပ်ရေးပညာ

** မြေဆွေးပြုလုပ်ခြင်းနှင့် ပျိုးပင်စိုက်ပျိုးရေးပညာ

** အလှအပနှင့် ဆံသပညာ (Hair and Beauty)

** အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးပညာ (Food and Beverage)

** အိပ်ခန်းဆောင် ထိန်းသိမ်းရေးပညာ (Housekeeping) 

📌သင်တန်းတက်ရောက်ရန် အတွက် သင်တန်း အလိုက် အောက်ပါ ဖောင်များကို ရွေးချယ်ဖြည့်‌စွက်နိုင်ပြီး တစ်ဦးလျှင်  သင်တန်းတစ်ခုသာရွေးချယ်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

📌 မိမိတက်ရောက်လိုတဲ့ သင်တန်းအမျိုးအစားရဲ့ ‌အောက်မှာရှိသောလျှောက်လွှာဖောင်နှစ်မျိုး အနက် တစ်မျိုးကို ရွေးချယ်ဖြေဆိုပြီး လျှောက်ထားရန်ဖြစ်ပါတယ်။

1) Google Formဖြင့် ဖြေဆိုလိုပါက Google Form link ကို နှိပ်၍ မေးမြန်းထားသော အချက်အလက်များကို ဖြေဆိုပြီး Submit နှိပ်ကာ လျှောက်ထားနိုင်ပါတယ်။

2) စာရွက်ဖြင့် ဖြေဆိုလိုပါက PDF fileကို နှိပ်ကာ ဒေါင်းလုပ်ရယူ၍ Print ထုတ်ဖြေဆိုပြီး ဓါတ်ပုံရိုက်ကာ အောက်ဖော်ပြပါ  viberနံပါတ်များသို့ စာရိုက်၍ဖြစ်စေ၊ စာရွက်ပေါ်မှာရေး၍  ဓါတ်ပုံရိုက်ပြီး ဖြစ်စေ ပေးပို့ လျှောက်ထားပေးရပါမယ်။

ဖောင်အဖြေ ပေးပို့ရန် Viber နံပါတ် - +959798897010, +959740915559

ပထမ အသုတ်အတွက် ခေါ်ယူမယ့် သင်တန်းဖောင်များကို ၂၀၂၄ခုနှစ် နို၀င်ဘာလ (၈)ရက် နေ့တွင် ဖောင်ပိတ်မှာ ဖြစ်ပြီး ရွေးချယ်ခံရသူများကို ဖုန်းဖြင့် (သို့မဟုတ်) လူကိုယ်တိုင် အင်တာဗျူးမှာ ဖြစ်ပါတယ်။

👇🏻👇🏻 ဖြည့်စွက်ရန် သင်တန်းဖောင်

📍 မှိုစိုက်ပျိုးရေးနှင့် မှိုစားသောက်ကုန် ထုတ်လုပ်ရေးပညာ

သင်တန်းကာလ - ၃ ရက်

သင်တန်း အချိန် - မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ

သင်ကြားမည့်နေရာ - ရန်ကုန်မြို့

ဖြည့်စွက်ရန် Google Form Link - https://forms.gle/54M5CpiaFmMAEYXM6

 PDF Form Link - https://drive.google.com/file/d/1_slAfvOjKP2Q0HAhy65Of6qHnq7dtJIL/view?usp=drive_link

📍 မြေဆွေးပြုလုပ်ခြင်းနှင့် ပျိုးပင်စိုက်ပျိုးရေးပညာ

သင်တန်းကာလ - ၂ ရက်

သင်တန်း အချိန် - မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ

သင်ကြားမည့်နေရာ - ရန်ကုန်မြို့ 

ဖြည့်စွက်ရန် Google Form Link - https://forms.gle/tu9Uti1CcTRsMmzR6

PDF Form Link -  https://drive.google.com/file/d/1IvOLKMzRdlbsudVfHDO48r03kwjo1uQp/view?usp=drive_link

📍 အလှအပနှင့် ဆံသပညာ (Hair and Beauty)

သင်တန်းကာလ - ၆ ပတ် 

သင်တန်း အချိန် - မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ

သင်ကြားမည့်နေရာ - ရန်ကုန်မြို့

ဖြည့်စွက်ရန် Google Form Link - https://forms.gle/XiScJj48hcAB2o656

 PDF Form Link - https://drive.google.com/file/d/1ryTgufCgsukWFkDGIk581r5JuuS2JMHU/view?usp=drive_link

📍 အစားအစာနှင့် အဖျော်ယမကာ တည်းခင်းခြင်းပညာ (Food and Beverage)

သင်တန်းကာလ - ၇ ရက်

သင်တန်း အချိန် - မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ

သင်ကြားမည့်နေရာ - ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်

ဖြည့်စွက်ရန် Google Form Link - https://forms.gle/Xgmp87jJw1kEqPs2A

 PDF Form Link - https://drive.google.com/file/d/1uloXK1mu7O86TsbOlkM4IHcKyQL3a0dN/view?usp=drive_link

📍 အိပ်ခန်းဆောင် ထိန်းသိမ်းရေးပညာ သင်တန်း (Housekeeping) 

သင်တန်းကာလ - ၇ ရက်

သင်တန်း အချိန် - မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ

သင်ကြားမည့်နေရာ - ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်

ဖြည့်စွက်ရန် Google Form Link - https://forms.gle/2FY9xaZzJMT7Mwjd8

PDF Form Link -  https://drive.google.com/file/d/1D6XP9mQF005Oq_fd7vdx5snWHc2mQw1W/view?usp=drive_link

သင်တန်းနှင့် ပါတ်သက်ပြီး အသေးစိတ် သိရှိလိုပါက

💌  She Works Fb 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫,  Viber နှင့် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင် ☎️ 09798897010၊ 0940915559၊ 09740915553

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်