ဆေးဘက်ဝင် ကြက်သွန်ဖြူ
ကြက်သွန်ဖြူသည် နှင်းပန်းမျိုးရင်း(Liliaceae) ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Allium sativum Linn ဖြစ်သည်။ အခေါ်အဝေါ်များမှာ မြန်မာအမည် -ကြက်သွန်ဖြူ၊ အင်္ဂလိပ် အမည်- Garlic၊ မွန်အမည်- Casaun-Phet-Tine တို့ ဖြစ်သည်။
ပေါက်ရောက်သည့်ဒေသမှာ ရှမ်းပြည်နယ်တွင် အများအပြား စိုက်ပျိုးပေါက်ရောက်သည်။ ပေါက်ရောက်ပုံမှာ စိုက်ပျိုးပင် ဖြစ်သည်။ အသုံးပြုသည ့်အစိတ်အပိုင်းမှာ ဥဖြစ်သည်။
အာနိသင်မှာ မြန်မာဆေးကျမ်းများ အလိုအရ ကြက်သွန်ဖြူသည် အချဉ်မှတပါး အရသာ(၅)မျိုးရှိ၏။ သွေးနှင့် သင့်၏။ ဖျားနာ၊ အရေပြားရောဂါ တို့ကိုပျောက်ကင်းစေနိုင်၏။ ချွေးထွက်ခြင်း၊ သုက်ပွားခြင်းကို ဖြစ်စေ၏။ ဆီးဝမ်းကို ရွှင်စေ၏။ ကာမကို အားပေး၏။ မျက်စိကို အကျိုးပြု၏။ အသက်ကို ရှည်စေ၏။ လေသလိပ်ကို ကြေစေ၍ သွေး၊ သည်းခြေကို တိုးပွားစေနိုင်၏။
အသုံးပြုပုံမှာ-
၁။ ကြက်သွန်ဖြူ ဥတစ်လုံး၏အောက်ပိုင်းကို လှီး၍ ထွက်လာသော အစေးရည် နှင့်ပွေး၊ ဝဲ၊ ယားနာ၊ တင်းတိပ်၊ ဝက်ခြံတို့ကို မကြာခဏ ပွတ်ပေးကပျောက်၏။
၂။ ကြက်သွန်ဖြူကို နေ့စဉ် စားသုံးခြင်းဖြင့် သွေးတိုးရောဂါကို ပျောက်ကင်းစေနိုင်သည်။ ကြက်သွန်ဖြူ ဥတစ်လုံး ဥကြီး ၇လုံးကို နွားနို့ စစ်စစ် ၄၀သားတွင် ထည့်၍ ဆူအောင် ကျိုပြီး ၁၀ မိနစ်ခန့် အအေးခံပါ။ နောက်တစ်ကြိမ် ဆူအောင် ထပ်ထည့်၍ သောက်ပါက သွေးတိုးရောဂါ ပျောက်၏။
၃။ ကြက်သွန်ဖြူကို အရည်ပြု၍ သောက်ခြင်း၊ စားခြင်းဖြင့် ချောင်းဆိုးရောဂါ၊ ဝမ်းဖော၊ ဝမ်းရောင်နှင့် ဝမ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော အနာရောဂါများ ပျောက်၏။
၄။ ကြက်သွန်ဖြူကို နှမ်းဆီတွင် စိမ်၍ ဆား အနည်းငယ် ထည့်ပြီး ထမင်းမစားမီ စားပါက လေရောဂါပျောက်၏။
၅။ ကြက်သွန်ဖြူ ဥ တစ်လုံးကို မီးဖုတ်ကျွေးခြင်းဖြင့် ကလေးများ လေဆန်နာပျောက်၏။
၆။ ကြက်သွန်ဖြူ အရည်ကို ရေအနည်းငယ်နှင့် သကြားရောပြီး လက်ဖက်ရည် ဇွန်း တစ်ဇွန်းခန့် တိုက်ပေးက ကြက်ညှာချောင်းဆိုးရောဂါပျောက်၏။
၇။ ကြက်သွန်ဖြူဆီကို တစ်ကြိမ်လျှင် ၂စက်မျှ တစ်နေ့(၃) ကြိမ်သောက်ခြင်း၊ လည်ပင်းတွင် လိမ်းပေးခြင်းဖြင့် လည်ပင်းကြီးရောဂါပျောက်၏။
၈။ ကြက်သွန်ဖြူရည်ကို ဆားနှင့်ရောသောက်ခြင်း၊ ကြက်သွန်ဖြူကို ကြိတ်၍ နားထင်တွင် လိမ်းပေးခြင်းဖြင့် ခေါင်းကိုက်ပျောက်၏။
၉။ ကြက်သွန်ဖြူသည် ရောဂါပိုးများကို သတ်နိုင်သော စွမ်းရည် သတ္တိရှိသဖြင့် ကြက်သွန်ဖြူကို အဆုတ်ရောဂါ၊ အရိုးထိအောင် စားတတ်သော အနာရောဂါများ ကုသရာတွင်လည်း အသုံးပြုသည်။
၁၀။ အကြောအခြင် ကိုက်ခဲခြင်း အတွက် ကြက်သွန်ဖြူ အရည်နှင့် ပွတ်လိမ်းပေးခြင်းဖြင့်ပျောက်ကင်းစေ၏။
၁၁။ နှမ်းဆီ ငါးကျပ်သားတွင် ကြက်သွန်ဖြူ အနည်းငယ်၊ လေးညှင်း နှစ်ပွင့်ခန့် ထည့်ပြုတ်၍ နားတွင် ပူပူနွေးနွေး ထည့်ပေးခြင်းဖြင့် နားပြည်ယို၊ နားကိုက်၊ နားထိုင်းပျောက်၏။
၁၂။ ကြက်သွန်ဖြူကို ရာသီထိန်ခြင်း၊ အနာဝင်ခြင်းနှင့် ဒူလာရောဂါများ ကုသသောဆေးများတွင်လည်း ထည့်သွင်း အသုံးပြု၏။
၁၃။ ကြက်သွန်ဖြူကို အမှုန့်ပြု၍ ပျားရည်နှင့်စိမ်ပြီး အိပ်ရာဝင်ချိန်တွင် လက်ဖက်ရည်ဇွန်း တဝက်ခန့်ကို ရေတစ်ခွက် နှင့်သောက်ခြင်းဖြင့် အိပ်ပျော် စားဝင် အားအင် ပြည့်စေပါသည်။
ကိုးကား- မြန်မာ့ ဆေးဝါးပင်များ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
အပင်ဖြစ်နှေးနေလို့ပါ
ဦးမိုက် • ဖြေကြားချက် 3 ခု
ငရုပ်သီးမှာပိုးတွေ့လို့ပါ ဘာလုပ်သင့်ပါလဲ
နှင်းစုလှိုင် • ဖြေကြားချက် 2 ခု
စိုက်ပျိုးရေးမှာ အထွက်တိုးစေမယ့် အခြေံနည်းလမ်းတွေကို ဆွေးနွေးပေးပါ
mt • ဖြေကြားချက် 2 ခု
လွတ်ကျောင်းဝက်မွေးမြူနည်းအကြောင်းဆွေးနွေးပေးပါ..မိတ်ဆွေတို့
latdan aung • ဖြေကြားချက် 2 ခု
ဝါပိုးရှိနေလို့
zin Phyo naung • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
More from Green Way
အားလုံး
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026