အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူသည့် ကြက်ဥ ကြက်သားများ ဈေးပိုရရှိ

လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူသည့် ကြက်ဥ ကြက်သားများ ဈေးပိုရရှိ

    သဘာဝအတိုင်း လွှတ်ကွင်းစနစ်ဖြင့် မွေးမြူထုတ်လုပ်သည့် ဒေသကြက်ဥ၊ ကြက်သားများ ဈေးပိုရရှိနေကြောင်း ဒေသကြက်မွေးမြူထုတ်လုပ်နေသူများက ပြောသည်။

သဘာဝအတိုင်း လွှတ်ကွင်းနဲ့မွေးမြူထားတဲ့ ဥစားကြက်ဥတစ်လုံးကို ၃၀၀ ကျပ်အထိ ဈေးနှုန်းပေး ဝယ်ယူနေပါတယ်။ လွှတ်ကွင်းနဲ့မွေးမြူထားတဲ့ ဒေသကြက် အသား၊ ခေါင်း၊ ခြေ၊ ကလီစာမပါ တစ်ပိဿာကို ၁၂၀၀ ကျပ် ဈေးနဲ့ဝယ်ယူဖို့ လာရောက်ကမ်းလှမ်းထား တာလည်း ရှိနေပါတယ်။

ဟု ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ မြန်မာ့အားမာန်ရှင် ဒေသကြက်မွေးမြူထုတ်လုပ်ရေးမှ ဦးဝင်းနိုင်က ပြောသည်။

    လက်ရှိဈေးကွက်တွင် ခြံလှောင်မွေးမြူထားသည့် ကြက်ဥတစ်လုံးလျှင် ကျပ် (၁၀၀) ဝန်းကျင် ဈေးနှုန်းဖြင့် ပုံမှန်ရောင်းဝယ်ဖောက်ကားနေကြသည်။

လွှတ်ကွင်းနဲ့ မွေးမြူလိုက်မယ်ဆိုရင် ကြက်ဥ၊ ကြက်သားဈေး ပိုမြင့်လာစေမှာပါ။ ခြံတည်ထောင်လိုတဲ့သူတွေအတွက် လိုအပ်တဲ့ မွေးမြူရေးနည်းစနစ်လေးတွေလည်း မျှဝေပေးသွားမှာပါ။

ဟု ၎င်းက ဆက်လက်ပြောသည်။

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဘာဆေးသုံးရင်ကောင်းမလည်း

အောင်သန်းဦး • ဖြေကြားချက် 0 ခု

ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..

kyaw min latt • ဖြေကြားချက် 2 ခု

အမေးကဏ္ဌတော့မဟုတ်ပါဘူးကျေးဇူးတင်ကြောင်းလေးပြောခြင်လို့ပါ..သိခြင်တာလေးတွေမေးပြီးပတ်တာအထွက်နုန်းသိသိသာသာတိုးလို့ပါ...မေးသမျှဖြေကြားပေးတဲ့စိုက်ပျိုးရေးအသိပညာရှင်များကိုကျေးဇူးအထူးတင်ပါတယ်ဗျာ....

သန်းထိုက်အောင် • ဖြေကြားချက် 1 ခု

ပဲစင်းငုံကို.အင်းဇိုင်းဆေးပတ်တာနဲ့.ငါးအမိုင်နိုပတ်တာဘယ်ဟာပိုပြီးအဆင်ပြေနိင်လဲဗျ...1မျိုးဆီပတ်တာနဲ့...2မျိုးရောပတ်တာကော​ကောင်းလားဗျ...ပဲစင်းငုံပင်အဓိကလိုအပ်တဲ့အဟာရဘာလဲဗျ...

သန်းထိုက်အောင် • ဖြေကြားချက် 1 ခု

နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ

zin Phyo naung • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။